‘ဘုရားအမှုတော်အတွက် အသက်တာဆက်ကပ်ခြင်း သည် ယနေ့ကမ္ဘာအတွက် ‘ဧဝံဂေလိ’ သတင်း ကောင်းဖြစ် ကြောင်းရဟန်းမင်းကြီးဖရန်စစ်မိန့်ကြား

‘ဘုရားအမှုတော်အတွက် အသက်တာဆက်ကပ်ခြင်း သည် ယနေ့ကမ္ဘာအတွက် ‘ဧဝံဂေလိ’ သတင်း ကောင်းဖြစ် ကြောင်းရဟန်းမင်းကြီးဖရန်စစ်မိန့်ကြား

‘ဘုရားအမှုတော်အတွက် အသက်တာဆက်ကပ်ခြင်း သည် ယနေ့ကမ္ဘာအတွက် ‘ဧဝံဂေလိ’ သတင်း ကောင်းဖြစ် ကြောင်းရဟန်းမင်းကြီးဖရန်စစ်မိန့်ကြား

 

            ‘ကျွန်ုပ်တို့လုပ်ဆောင်သမျှသည် ဧဝံဂေလိတရားတော်အတွက်ဖြစ်သည်။ ထိုဧဝံဂေလိတရား ကိုအစေခံ ရန်အတွက် ဘ၀ကိုဆက်ကပ်ထားသည်။ ဤသို့အားဖြင့် သင်တို့၏ရုပ်လုံးကြွသော အသက်တာသည် ယနေ့ ကမ္ဘာ ကြီး အ တွက် ဧဝံဂေလိသတင်းဖြစ်ပေမည်’ ဟုရဟန်းမင်းကြီးဖရန်စစ်သည် သုံးပါးသစ္စာ ရှင်အသင်း နှင့် တမန်တော်အသက်တာကိုရှင်သန်ကြသော သူတော်စင်အပါး (၆၀) တို့အား ၄င်းတို့၏ အစည်းအ‌ဝေးကြီး အဆုံးသတ်၌ မိန့်ကြားခဲ့ သည်။ ဆက်ကပ် သောအသက် တာကိုခံယူထား သူတို့၏အနား ဂတ်ကို ယုံကြည် သောသူတို့၏အနီးအပါး၌ရှိကြောင်းကို လည်းထုတ်ဖော်မိန့်ကြားခဲ့သည်။

ဘုရားသခင်၏ကောင်းမြတ်ခြင်းမှရသောလက်‌ဆောင်မွန်၊

            ဆက်ကပ်သူတော်စင်များ၏အသက်တာနှင့်စပ်လျင်း၍ စိန့်ဂျွန်ပေါလ် (၂) မှ (၁၉၉၄) ခုနှစ်၌ ဆီးနော့ခေါ် ယူကျင်းပသောအချိန်ကား သာသနာတော်ကြီးအတွက် အလွန်ခက်ခဲနေသောကာလတစ်ဖြစ်နေခဲ့သည်။ သာသ နာ တော်ကြီး၏အားထုတ်မှူမှန်သမျှ အကောင်းမြင်၍ပူးပေါင်းပါ၀င်မူအားရလှသောအချိန်အခါမဟုတ်ခဲ့။ ခေါ် တော် မူ ခြင်းမှာလည်း အတော်လျော့နည်းကျဆင်းနေခဲ့သည်။ ထိုအခြေအနေသည် လက်ရှိ၌ လည်းရင် ဆိုင်ကြုံ တွေ့နေရ သည်။ သို့သော် စိတ်ဓာတ်မကျခဲ့ပေ။ အောင်မြင်ရမည်၊ ဤအောင်မြင်မူသည် ဆက်လက် ၍အောင် မြင်ရမည်ဟု အ သက်တာဆက်ကပ်ထားသောသူတို့ကို ယုံ ကြည်အားထားခဲ့သည်။ ဤသို့မျှော်လင့်ထား ခဲ့ခြင်း မှာ ရဟန်းမင်းကြီးစိန့် ဂွန်ပေါလ် (၂) သည် မိမိတို့တော်တတ်၍ရခြင်းမဟုတ်။ ဘုရားသခင်၏ ကောင်းမြတ် ခြင်း သက်သက် မှရသောကောင်း ကြီးကိုယုံကြည်ခြင်းကြောင့်ဖြစ်သည်။ သုံးပါးသစ္စာရှင် သူတော်စင်အသင်းများ၊ အဖွဲ့အ စည်းများ နှင့်သာသနာများ အား ရဟန်းမင်းကြီးကအားပေးအားမြောက်ပြုခဲ့သည်။ လွတ်လပ်ပြီး၊ အခမဲ့ရရှိ သောလက် ဆောင်ကိုမပျောက်အ ပျက်အောင်ထိန်းသိမ်းရင်း အနာဂတ်ကို ယုံကြည်စွာ မျှော် ကြည့်ရမည်။ အကယ် ၍ မိမိတို့၏အသင်း၊ အဖွဲ့အစည်းအား ဘုရားသခင်ပြုခဲ့သော ကောင်း ကြီးများ ကိုမေ့လျော့သွားပါက သမိုင်း၊ သို့မ ဟုတ် အသင်း ၏သမိုင်းကိုမေ့ပျောက်သွား ပါက အားယုတ် စိတ်ဓာတ်ကျဆင်းလာမည်။ ထိုအခါ အခြား သူတို့ အား အသက်ကိုမပေးနိုင်တော့ပေ။         

ဆန်းစစ်ခြင်းနှင့်အတူကွဖော်ပြုလျှောက်လှမ်းခြင်း

            ၄င်းတို့၏ပေးဆက်မှုကို ‘ဆန်းစစ်မှုနှင့်အတူလျှောက်လှမ်းခြင်း’ ဟုချုံငုံပြောဆိုနိုင်သည်။ ရှုပ်ထွေး သော အခြေအနေ၌ဆန်းစစ်မှုကိုလေးလေးနက်နက်နှင့်စိတ်ရှည်စွာလုပ်ဆောင်ရသည်။ ဤသို့လုပ်ဆောင်ရန်မှာ အခက် အရပ်ကို ယုံကြည်ခြင်းနှင့်ဆုတောင်းခြင်းသာလျှင်ရမည်ဖြစ်သည်။ ၄င်းတို့အနေဖြင့် မကြာမီ ကတည် ထောင် သော အဖွဲ့အ စည်းများအား လက်တွဲခေါ်ရမည်ဖြစ်သည်။ ထိုသို့ပြုလုပ်ရာ၌လည်း တစ်ခါတစ်ရံ မိမိတို့ ဂုဏ်ကို သာဖော်သကဲ့သို့ဖြစ် သွားနိုင်သည်။ အကောင်းဆုံးဆင်ခြင်သုံးသပ်ခြင်းကား မိမိတို့ဘ၀ကို ဆက်ကပ် ထားသော သူများအနေဖြင့် ဘုရားသ ခင်၏သန့်ရှင်းသော လူမျိုးတော်နှင့်အခြား သူများအားလုံး၏ ကောင်းကျိုး ကို ဆောင်ရွက် ရန်ဖြစ်ရမည်။ ‘ဆက်ကပ် အပ်နှံသည့်အသက်တာ’ သည် သာသနာတော်ကြီးအတွင်း၌ မွေးဖွား ကြီး ပြင်းပြီး၊ ဧဝံဂေလိတရား တော်၏အသီး များသည် ဘုရားသခင်၏ လူမျိုးတော်နှင့် ရင်းနှီးပေါင်း သင်းခြင်း ၌ သီး လာမည်ဖြစ်သည်။ ရဟန်းမင်းကြီးသည် ဆက်ကပ်အပ်နှံခြင်းအ သက်တာကိုခံယူ ထားကြသော အသင်း အဖွဲ့များ၊ ဒေသန္တရသာသနာများအနေဖြင့် ဆန်းစစ်မှုနှင့်အတူတွဲလျှောက်လှမ်းရန်မှာ အချို့ အချက် အလက် များကို သတိရှိရမည်။       

အသင်းအဖွဲ့တည်ထောင်သူများသည် မတော်ဩဇာအလွဲသုံးမှုများရှိတတ်သည်။

            အသင်းအဖွဲ့ကိုတည်ထောင်သူများ မတော်ဩဇာအလွဲသုံးခြင်းမပြုနိုင်ရန် သတိကြီးစွာထားစောင့်ကြပ်ရ မည်။ အဘယ်ကြောင့်ဆိုသော် မိမိဂုဏ်ဖော်လွန်းရာမျိုးဖြစ်သွားတတ်သည်။ အမှန်မှာ ၄င်းတို့သည် မိမိတို့ အ သင်း တည်ထောင်ရခြင်း၏ကျင့်စဉ်ကိုမလွဲမတိမ်းစေရန်စောင့်ကြပ်ရမည်ဖြစ်သည်။ ထိုသို့ပြုမူခြင်းအားဖြင့် ၄င်း တို့ သည် သာသနာတော်ကြီးပင် ၄င်းတို့၏လက်အောက်၌ရှိသယောင်လုပ်ဆောင်တတ်သည်။ ထို့အတူ ဆက် ကပ်ခြင်း အသက် တာကိုခံယူလို၍ပြင်ဆင်နေသောသူတို့အား ၀ိညာဉ်ရေးလမ်း ညွှန်မှုနှင့်ကျင့်စဉ် များကိုကူညီ ဖေးမ လမ်းပြရာ၌ အလွန်သတိရှိရမည်။ ၄င်းတို့အပေါ် လုပ်ကိုင်ခွင့်အာဏာကိုအဘယ်သို့အသုံးပြုသနည်း။ အမိန့် ကို ဖော်ဆောင်ရန် အချိန်ကာလသတ်မှတ်ချက်၊ အကျိုးရှိသက်ရောက်မူရလာဘ်နှင့်အသင်းအဖွဲ့အတွင် ဩဇာ အလွဲသုံးခြင်းတို့ကိုသတိ ကြီးစွာထားလုပ်မည်။

            ဆက်ကပ်အပ်နှံရှင်သန်မည့် အသင်းအဖွဲ့အသစ်များကို အတည်ပြုနိုင်ရန်မှာ မိမိတို့၏သာသနာပိုင်ဆရာ တော်နှင့်ဦး စွာလက်တွဲလုပ်ဆောင်ရမည်။ အဘယ်ကြောင့်ဆိုသော် ၄င်းတို့အနေဖြင့် မလိုလားအပ်သော အပို အ သာ များကို ဖယ်ရှားပစ်နိုင်ခြင်း၊ အစေခံရန်ထက် ဘ၀လုံခြုံမူတစ်ခုအတွက် စိတ်၀င်စားသူများ တူရာ စု၍နေ ထိုင် သည် သို့နှယ်စုပေါင်းနေထိုင်ရန် သက်န်းဆင်မြန်းထားသည်သို့သာဖြစ်ပေမည်ဟုမိန့်ကြားခဲ့သည်။      

 

RVA ဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3J9O7T2

Add new comment

12 + 8 =