‘တက်ကြွလွန်းသောနှောက်ယှက်ခြင်း’ ကိုတွန်းလှန်ရန် ရဟန်းမင်းကြီးဖရန်စစ်သတိပေး

‘တက်ကြွလွန်းသောနှောက်ယှက်ခြင်း’ ကိုတွန်းလှန်ရန် ရဟန်းမင်းကြီးဖရန်စစ်သတိပေး

‘တက်ကြွလွန်းသောနှောက်ယှက်ခြင်း’ ကိုတွန်းလှန်ရန် ရဟန်းမင်းကြီးဖရန်စစ်သတိပေး

            တက်ကြွခြင်းသည် ကောင်းပါသည်။ သို့သော် မည်သည့်အရာမဆို တန်ဆေး၊ လွန်ဘေးဖြစ်တတ်ပါသည်။ ဘေးမသင့်ရောက်စေသောတက်ကြွမှုမျိုးကို ရဟန်းမင်းကြီးက စီးပွားရေးလုပ်ငန်းရှင်များအားလမ်းညွှန်ထားသည်။ ရဟန်းမင်းကြီးဖရန်စစ်သည် မတ်လ (၁၄) ရက်နေ့က အီတလီလူမျိုး စီးပွားရေးလုပ်ငန်း ရှင်များနှင့်ဗာတီကန်တွင်တွေ့ဆုံခဲ့သည်။ ထိုတွေ့ဆုံခြင်း၌ ရဟန်းမင်းကြီးက ဆရာတော်တစ်ပါး၏အကြံပြုတင်ပြချက်အဖြစ်သဘောထား၍ သူ့အားအကြံပေး ခွင့်ပြုပါဟုခွင့်ပန်၍ အကြံပြုလိုက်သည်မှာ ‘သင်တို့သည် စီးပွားရေးနယ်ပယ်ထဲမှ ၀ိညာဉ်တစ်လုံးဖြစ်လိုပါက သင်တို့၏၀ိညာဉ်ကိုမမေ့လျော့ပါနှင့်။ ထို ၀ိညာဉ်သည် ဘုရားသခင်ဆီမှကျွန်ုပ်တို့ထံရောက်လာခြင်းဖြစ်သည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် တက်ကြွလွန်းသောနှောက်ယှက်မှုကို ရှောင်ရှား၍ ထောက်ရှုဆင်ခြင်ရန် ပိုင်းခြားတတ်ရန်အချိန်များပေး၍ကာကွယ်ရမည်ကြောင်းဖြင့် အကျိုးအမြတ်မရှိသော်လည်း စီးပွားရေးနယ်ပယ်၌ လူမှုရေးတာ၀န်ခံတတ်မှုတိုးမြှင့်လုပ် ဆောင်ရမည့်အကြောင်းကိုမိန့်ကြားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ဘာသာရေးနယ်ပယ်၌သာမဟုတ်။ စီးပွားရေးနယ်ပယ်၌လည်း အမှန်အမှား၊ ကောင်းခြင်း ဆိုးခြင်းများကိုပြန်လည်သုံးသပ်ရန်လိုအပ်သည်။ ဤအဖွဲ့၏အမည်ကား“Soul for Social Responsibility in Corporate Values” (စီးပွားရေးစံတန်ဖိုး၌ လူမှုရေးတာ၀န်ခံသော၀ိညာဉ်) ဖြစ်သည်။ တစ်ခါတစ်ရံ၌ တက်ကြွလွန်းခြင်းသည် အတွင်းပိုင်းအသက်တာ (ဆင်ခြင်တုံတရား) များကိုဖျက်ဆီးရာရောက်သည်။ ဤသို့ဆိုရာ၌ ဘာသာရေးကိုဆိုလိုသည်မဟုတ်။ လူသားတစ်ဦး၏အတွင်းပိုင်းဆိုင် ရာကိုဆိုလိုသည်။ လူတစ်ဦး၏အတွင်းပိုင်းသည် ဘာသာရေးရူထောင့်၌သော် လည်းကောင်း၊ လူမူရေးရူထောင့်၌သော်လည်းကောင်း အရေးပါသည်။ ထို့ကြောင့် ပင် ဤအဖွဲ့အစည်းသည်လည်း တင်ပြမှုများဖြင့်လုပ်ဆောင်ပါက အလွန်အသုံး တည့်သည်။ သို့သော် လိုအပ်ချက်သည် တစ်ဦးနှင့်တစ်ဦးမတူသောကြောင့် တစ်ဦး စီနှင့်သာဆိုင်ပေမည်။ အကယ်၍သူသည် အပြင်ပိုင်း၌ပို၍နိုးကြားတက်ကြွလို လျှင် အတွင်းပိုင်း၌ ကောင်းသောအရာများ၊ အလှအပများ၊ အမှန်တရားများဖြင့်တက် ကြွရှင်သန်အားကောင်းနေရမည်ဟုမိန့်ကြားခဲ့သည်။ 

အာဗီအေဘာာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

 

Add new comment

12 + 1 =