‘စာ’ ဟု အမည်ပေးထားသည့် ‘Laudato Si ’ အားညွှန်းသောမှတ်တမ်းရုပ်ရှင် COP27 ၌ပြသ

‘စာ’ ဟု အမည်ပေးထားသည့် ‘Laudato Si ’ အားညွှန်းသောမှတ်တမ်းရုပ်ရှင် COP27 ၌ပြသ

ပုပ်ရဟန်းမင်းကြီးဖရန်စစ်၏စာချွန်တော်တစ်စောင်ဖြစ်သော ‘Laudato Si’ အားညွှန်းဆို၍ ‘စာ’ ဟုအမည်ပေးထားသော မှတ်တမ်းရုပ်ရှင်ကို နို၀င်ဘာလ (၁၀၊ ၂၀၂၂) ကုလ၏ ရာသီဥတုပြောင်းလဲမှုဆိုင်ရာအစည်းအ‌ဝေး၌ပြသခဲ့သည်။

ထိုအစည်းအ‌ဝေးသည် နို၀င်ဘာ (၆ – ၁၈) အထိ အီဂျစ်နိုင်ငံ၊ Sharm el-Sheikh ၌ကျင်းပခဲ့သည်။ ကုလ၏အဖွဲ့၀င်နိုင်ငံများလာရောက်ကာ ပါရီအစည်းအ‌ဝေးနှင့်သဘောတူညီချက် ဘုံဦးတည်ချက်ကိုရရှိရန်ဆွေးနွေးကြမည်ဖြစ်သည်။ ယခင်နှစ် Glasgow ၌ကျင်းပခဲ့ သည့် (COP 26) ဆွေးနွေးပွဲကိုဆက်လက်ဆွေးနွေးမည်။ ဤတင်ဆက်မှု၌ ရဟန်းမင်းကြီးဖရန်စစ်၏ ကမ္ဘာဂြိုလ်အားစောင့်ရှောက်ရန်တိုက်တွန်းမှုကိုပြန်ဖော်ထုတ်ပြသည်။ တင်ဆက်မှုသည် ရာသီဥတုပြောင်လဲလာမှုနှင့်ဇီ၀မျိုးစိတ်များပျက်စီးမှုကိုလည်းမီးမောင်းထိုးပြထားသည်။

တင်ပြချက်၌ ဆင်းရဲသောနိုင်ငံများသည် ချမ်းသာသောနိုင်ငံများထက် ပြဿနာပေါင်းစုံ၏ရိုက် ခတ်မှုဂယက်ကိုခံရကြောင်း၊ ယုံကြည်ခြင်းနှင့်သိပ္ပံအဘယ်သို့ယှဉ်တွဲနိုင်ရေး၊ သဘာ၀ဘေးဒဏ်ဖြစ်ပွားမှု ကိုကက်သလစ်တစ်ဦး၏ရှုထောင့်မှဆန်းစစ်ရန်တင်ပြထားသည်။ နောက်ကြောင်းအမျိုမျိုးရှိသောလူသား များနှင့်စကားပြောဆိုခြင်းသည် တူညီသောအကြောင်းအရာကိုထွက်ပေါ်လာစေသည်။ ထို့ကြောင့်ကျွန်ုပ်တို့အားလုံးအတူတကွဆွေးနွေးလုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ လက်ရှိ၌ စည်းလုံးညီညွှတ်ခြင်းဟုဆိုရာ၌ မိခင်ကမ္ဘာမြေအားစောင့်ရှောက်ခြင်း၊ ပျောက်ကွယ်စပြုနေသော ဇီ၀မျိုးစိတ်များကိုထိန်းသိမ်းခြင်း၊ ကျွန်ုပ်တို့ကိုယ်ကိုကျွန်ုပ်တို့စောင့်ရှောက်ခြင်း၊ ကျွန်ုပ်တို့၏ကလေးများအားစောင့်ရှောက်ခြင်းဖြစ် ကြောင်းရဟန်းမင်းကြီးကမိန့်ကြားထားသည်။

မှတ်တမ်းရှပ်ရှင်မပြသမီ အီဂျစ်နိုင်ငံအတွက် ပုပ်ရဟန်းမင်းကြီးကိုယ်စားလှယ် ဂိုဏ်းချုပ်ဆရာ တော် Nicolas Henry Marie Denis Thévenin က ဖရန်စ္စကင်အသင်း၏ ကိုယ်စားလှယ် Fra. Angel Cortez, OFM နှင့်လည်းကောင်း၊ အစည်းအ‌ဝေးတက်ရောက်လာသော အခြားကက်သလစ်အသင်း အဖွဲ့၏ကိုယ်စားလှယ်များနှင့်စကားပြောခဲ့သည်။ ယခုမှတ်တမ်းရုပ်ရှင်သည် ဤအစည်းအ‌ဝေးသို့တက်ရောက်လာကြသောကိုယ်စားလှယ်များအား လောင်စာများမှထုတ်လိုက်သောစွန့်ပစ်ပစ္စည်းများကိုလျော့ ချရန်တာ၀န်ခံမှုကိုတောင်းဆိုနေသည်ကိုသိရှိသွားမည်ဖြစ်ကြောင်းဂိုဏ်ချုပ်ဆရာတော်ကပြောကြားခဲ့ သည်။

ပုပ်ရဟန်းမင်းကြီးသည် သဘာ၀ပတ်၀န်းကျင်ကပ်ဆိုက်မှုအား ကမ္ဘာပေါ်ရှိလူတိုင်းနှင့်ဆိုင်ကြောင်းသိရှိနား လည်စေရန် (၂၀၁၅) ခုနှစ်တွင်ရေးသားခဲ့သည်။ ဤစာချွန်တော်ပုံနှိပ်ထုတ်‌ဝေလိုက်သော် လည်း စာချွန်တော်၏တိုက်တွန်နိုးဆော်ချက်များကိုအလေးထားဟန်မပြန်နိုင်ငံလေးနိုင်ငံဖြစ်သည့် Senegal, the Amazon, India, and Hawai နိုင်ငံတို့အားဖိတ်ကြား၍ ဌာနေဆင်းရဲချို့တဲ့သောပြည်သူများ၊ လူငယ်များထံမှဖြေရှင်းသည့်နည်းလမ်းများကိုတင်ပြစေခဲ့သည်။ Laudato Si’ အဖွဲ့၏တာ၀န်ရှိသူ Lorna Gold က သင်တို့ကြားသိမြင်တွေ့ပြီးလျှင် မျက်နှာလွှဲ၍မရကြောင်းပြောကြားခဲ့သည်။

ဤမှတ်တမ်းရုပ်ရှင်ကို အော်စကာဆုရခဲ့သူမှစီစဉ်ရိုက်ကူးခဲ့ပြီး လူမှုကွန်ရက်ပေါ်၌ အောက်တို ဘာလ (၄) ရက်နေ့ စိန့်ဖရန်စစ်အာစီးစီ၏ပွဲနေ့၌တရား၀င်တင်ပေးခဲ့သည်။

ရဟန်းမင်းကြီးအနေဖြင့်လည်း သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းရေးသဘောတူညီချက်ထဲသို့ခြေစုံပစ်၀င်လိုက်သည့်နေ့လည်းဖြစ် သည်။ ဤမှတ်တမ်းရုပ်ရှင်၏အကျိုးဆက်ကြောင့် ဆင်းရဲနွမ်းပါးသူများ၊ ဌာနေပြည်သူများ၊ လူငယ်များ၊ တိရစ္ဆာန်တို့၏အသံများကို မှတ်တမ်းရုပ်ရှင်ကြည့်ရှုသူများထံသို့ရောက်ရှိသွားပေမည်။ ယခုအစည်းအ‌ဝေးသည် တက်ရောက်လာသောနိုင်ငံများ၏အစိုးရအား သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းရေးသည် သဘာ၀ဘေးဒဏ်ဖြစ်ပွားမှုကိုဟန့်တားနိုင်ရန်နှင့်လက်တွဲချိပ်ဆက်လုပ်ဆောင်ရန်အဘယ်မျှအရေးတ ကြီးလိုအပ်ကြောင်းတပ်လှန့်ပေးလိမ့်မည်ဖြစ်သည်။

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3EVyheK

Add new comment

10 + 10 =