‘ငါတို့အိမ်မက်ကြရအောင်’ ဟုအမည်ပေးထားသောရဟန်းမင်းကြီးဖရန်စစ်၏စာအုပ်အုပ်ထွက်ရှိလာ

‘ငါတို့အိမ်မက်ကြရအောင်’ ဟုအမည်ပေးထားသောရဟန်းမင်းကြီးဖရန်စစ်၏စာအုပ်အုပ်ထွက်ရှိလာ

‘ငါတို့အိမ်မက်ကြရအောင်’ ဟုအမည်ပေးထားသောရဟန်းမင်းကြီးဖရန်စစ်၏စာအုပ်အုပ်ထွက်ရှိလာ

ခရစ်စမတ်ကာလရောက်ရှိရန်လည်းကျရောက်ရန်လက်တစ်ကမ်းအလို၌သာရှိတော့သည်။ ရဟန်းမင်းကြီးဖရန်စစ် ၏စာအုပ်အသစ်သည်စာအုပ်အရောင်းဆိုင်၌ရောင်းအားလည်းအလွန်ကောင်းနေသည်။ ဤစာအုပ်ကိုကူးစက်ရောဂါ ကြောင့်တမန်တော်ခရီးများသွားလာခြင်းမှရပ်တန့်ထားခဲ့ရသော ‘Lockdown’ ကာလ၌ရေးသားခဲ့သည်။

ရေးသားခဲ့ရခြင်း မှာဗြိတိန်သတင်းထောက် Austen Ivereigh ၏ခက်ခဲသောမေးခွန်းများကိုပြန်လည်ဖြေကြားခြင်းလည်းဖြစ်သည်။ စာအုပ် ထဲ၌ယခုကြုံတွေ့နေရသောကပ်ရောဂါဆိုးနှင့်ကမ္ဘာနှင့်ချီသောလူသားတို့၏အနာဂါတ်အ‌ရေးစိန်ခေါ်ချက်များပါရှိပါသည်။ စာအုပ်၏အမည်ကိုလည်းစိတ်၀င်စားစရာကောင်းအောင် ‘ကျွန်ုပ်တို့အိပ်မက်မက်ကြစို့’ ဟုပေးထားပါသည်။

ရဟန်းမင်းကြီးဖရန်စစ်၏ရင်တွင်းစကား လက်ရှိကြုံတွေ့နေရသောကပ်ရောဂါဆိုးကြီးကိုထိန်းချုပ်အောင်မြင်နိုင်ရန်မှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါကိုကုသရန် မှာအ‌ရေးကြီးသော်လည်း ဤမျှသာမဖြစ်ရ။ လူသားထုတစ်ရပ်လုံးအတွက်အလွန်အခရာကျသောလူမူစီး ပွားရေးဗိုင်းရပ်စ် ကိုလည်းကုသရန်ကုထုံးများကိုရှာဖွေရမည်ဖြစ်သည်။ စာအုပ်နှင့်ပတ်သက်၍ AUSTEN IVEREIGH ၏သုံး သန့်ရှင်းသော၀ိညာဉ်တော်ဘုရားက အသစ်အဆန်းကိုစဉ်းစားတွေးခေါ်ရန်ပေးလာသောနည်းလမ်းသပ်ချက် ကိုရဟန်းမင်းကြီးသည်အိမ်မက်မက်သည့်နည်းလမ်းကိုအသုံးပြုသည်။ ၄င်းသည်သတိပေးချက်လည်းဖြစ်သည်။

တာ ၀န်တစ်ခုကိုအတည်ပြုခြင်းလည်းဖြစ်နိုင်သည်။ သို့သော်ပြင်ပအရင်းအမြစ်မှမသိလိုက်ဖာသာဖြင့်ရောက်လာ ခြင်းဖြစ် သည်။ ဤနည်းလမ်းသည်လည်းနှလုံးသားကိုထိခတ်ရန်ဘုရားသခင်အသုံးပြုခြင်းဖြစ်သည်။ ‘ကျွန်ုပ်တို့အိမ်မက်မက်ကြစို့’ စာအုပ်ထဲ၌ရဟန်းမင်းကြီးကယနေ့ခေတ်ကမ္ဘာ့ဇာတ်ခုံ၏အခင်းအကျင်းနှင့်ပတ်သက်၍ အကောင်းဘက်နွယ်သောသူ၏ စိတ်ကူးစိတ်သန်းများကိုဟာသနွယ်၍လွှတ်လပ်တည်ကြည်စွာသူ၏စာဖတ်ပရိသတ်များအားမိန့်ကြားထားသည်။ သူ၏ တင်ပြချက်များသည်အလွန်စိတ်၀င်စားဖွယ်ကောင်းသည်။

ရဟန်းမင်းကြီးသည်လက်ရှိကမ္ဘာ့အရေးနှင့်ပတ်သက်လာလျှင် လူတို့ကိုထင်လင်းစွာရှင်း ပြပေးနိုင်သောအကောင်းဆုံးသူဖြစ်သည်။ ဤစာအုပ်၏အပိုင်းများစွာ၌ ရဟန်းမင်းကြီးသည်အခြေခံကျလှသည့်နည်းလမ်းသစ်ဖြင့်သူ့ကိုယ်သူဖော်ပြထား သည်။ ပမာပြရလျှင်ရဟန်းမင်းကြီးသည် ခေါင်းဆောင်ကဣ၊ အမျိုးသမီးကဣကိုအဘယ်သို့ချဉ်းကပ်သည်၊ လက်ရှိကပ် ရောဂါဆိုးကြီးနှင့်ပတ်သက်၍သူအဘယ်သို့ထင်မြင်ခံယူသည်၊ သာသနာနှင့်အသင်းအဖွဲ့အတွင်းကွဲပြားမူများကိုသူ၏အ မြင်များကိုရှင်းပြထားသည်။ သူ၏ရှင်းပြချက်တွင် အများနှင့်မတူသောရဟန်းမင်းကြီး၏ပုံရိပ်ကိုဖော်ပြနေသောစာ ကြောင်းပါသည်ဟုသတင်းထောက်ကခံစားရသည်။

ရဟန်းမင်းကြီးသည်ဖရန်စစ်သည် ရဟန်းမင်းကြီးအဖြစ်အရွေးမခံရမီသူ၏နိုင်ငံ၌အမူထမ်းနေစဉ်၌ သူမြင်တွေ့ခဲ့ သောလူအုပ်ကြီးသည် ယေဇူးသခင်၏နောက်လိုက်နေခဲ့သည်ဟုဖြစ်သည်။ ဤစာပိုဒ်သည်ရဟန်းမင်းကြီးဖရန်စစ်အ ကြောင်းကိုထဲထဲ၀င်၀င်ရှင်းပြသောစာကြောင်းဖြစ်ခဲ့သည်။

‘ကျွန်ုပ်တို့အိမ်မက်မက်ကြစို့’ ဟုဖိတ်ခေါ်ချက်သည် တိကျ ပြတ်သားရန်လိုအပ်သောလက်ရှိကာလအတွက်ရဟန်းမင်းကြီးနှင့်လူသားစုတစ်ရပ်လုံးအတွက် အလွန်အင်အားကြီးမား သောလက်စွဲစာအုပ်ဖြစ်ပေမည်။ အခက်အခဲနှင့်အနှောက်အယှက်ရှိသည်ကိုပြညွှန်နေသောမြေပုံလည်းဖြစ်သည်။ ဤအ ခက်အခဲများ၊ အနှောက်အယှက်များသည်လက်ရှိကြုံတွေ့နေရသောအကြပ်အတည်းကိုလွှတ်မြောက်ရန်ပို၍ခက်ခဲစေအ ကြပ်တွေ့စေမည်ဖြစ်သည်။ ဤစာအုပ်သည် လက်ရှိအခက်အခဲအကြပ်အတည်းကိုအခွင့်အရေးကောင်းအဖြစ်အသွင် ပြောင်းလဲပြီး၊ ကမ္ဘာကြီးအားပိုမိုကောင်းမွန်အောင်ဖန်တီးပေးသောလမ်းညွှန်ဖြစ်လာပေမည်ဟုသုံးသပ်ထားသည်။

 

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/39mbqte

Add new comment

9 + 6 =