‘ခရစ်ယာန်တိုင်း၏တန်ဖိုး’ အကြောင်းကို ဗုဒ္ဓဟူးနေ ဘုရားဖူးများနှင့်တွေ့ဆုံစဉ်  ပုပ်ဖရန်စစ် ရှင်းပြခဲ့

‘ခရစ်ယာန်တိုင်း၏တန်ဖိုး’ အကြောင်းကို ဗုဒ္ဓဟူးနေ ဘုရားဖူးများနှင့်တွေ့ဆုံစဉ်  ပုပ်ဖရန်စစ် ရှင်းပြခဲ့

‘ခရစ်ယာန်တိုင်း၏တန်ဖိုး’ အကြောင်းကို ဗုဒ္ဓဟူးနေ ဘုရားဖူးများနှင့်တွေ့ဆုံစဉ်  ပုပ်ဖရန်စစ် ရှင်းပြခဲ့

 

            ဗုဒ္ဓဟူးနေ့သည် စိန့်ဂျိုးဇက်နေ့အဖြစ် အမိကက်သလစ်သာသနာတော်ကြီးက သတ် မှတ်ထားပါသည်။ ဗုဒ္ဓ ဟူးနေ့တိုင်း မနက်ပိုင်းအီတလီစံတော်ချိန် (၁၀) နာရီ၌ ပုပ်ရဟန်းမင်းကြီးဖရန်စစ် အရှင်သူမြတ်သည် ကမ္ဘာတစ်၀ှမ်းမှစုရုံးရောက်ရှိနေသော ဘုရားဖူးများအား စိန့်ပီတာရင်ပြင်၌ ရင်းနှီးစွာတွေ့ဆုံလေ့ရှိသည်။ ရာသီဥတုပေါ်မူတည်၍ အချို့သောနေ့များ၌ သူ တော်မြတ်ရဟန်းမင်း ကြီးပေါလ် (၆) ၏ခန်းမထဲ၌တွေ့ဆုံလေ့ရှိသည်။ အကယ်၍ရဟန်းမင်းကြီးသည် အခြားသော အစီအစဉ်ရှိမှသာ ဤအစဉ်အလာကိုဖျက်သိမ်းလေ့ရှိသည်။

 

            ယခုတစ်ပတ် ဗုဒ္ဓဟူးနေက ဘုရားဖူးများနှင့်တွေ့ဆုံစဉ်က ရဟန်းမင်းကြီးသည် စိန့်ဂျိုးဇက် အကြောင်း ထောက်ရှုခဲ့သည်။ ဧဝံဂေလိကျမ်းစာအရ ကယ်တင်ခြင်းသမိုင်း၌ စိန့်ဂျိုးဇက်သည် အလွန်အခရာကျသောအပိုင်းမှပါ၀င်ခဲ့ကြောင်း ဘုရားသခင်၏အလိုတော်ကိုရွက်ဆောင်ရာ၌ အရေးမပါလှသကဲ့သို့ဖြစ်ပေါ်ခံစားရတတ်ကြောင်းကို ဧဝံဂေလိကျမ်းလာ စိန့်ဂျိုးဇက်၏ အသက်တာကိုပမာပြုထားသည်။ စိန့်ဂျိုးဇက်၏ စံထားရသောအသက်တာသည် ပြို ပျက်လွယ် သောကျွန်ုပ်တို့၏ကမ္ဘာကြီး၌ လူတို့၏တန်ဖိုးအဘယ်မျှကြီးကြောင်းကိုရှင်းပြထားသည်။

 

            သံမာတေဦးနှင့်သံလုကာတို့၏ ဧဝံဂေလိကျမ်းလာ ယေဇူးသခင်၏ဆွေစဉ်မျိုးဆက်စာရင်း၌ ယေဇူးသခင် ဂျိုးဇက်၏သားဟုဖော်ပြထားသည်။ သို့သော် လူသွေးသားဖြင့်ရထား သောသား မဟုတ်ကြောင်းကိုလည်းရှင်းလင်းစွာ ဖော်ပြထားသည်။ မှန်ပါသည်။ ဂျိုးဇက်အနေဖြင့် ယေဇူးသခင်၏ဖခင်အရင်းသဖွယ်ပေးဆက်အနစ်နာခံစောင့်ရှောက် ခဲ့သည်။

 

            မာတေဦး၏ဧဝံဂေလိကျမ်းစာ၌ ဂျိုးဇက်သည် အပယ်ခံသဘောမျိုးပုံဖော်ထားသော်လည်း အမှန်မှာ ဂျိုးဇက် ၏ ကဏ္ဍသည်  ဘုရားသခင်၏ကယ်တင်ခြင်း လုပ်ငန်းစဉ်ပြီး မြောက်အောင်မြင် စေရန်အတွက် အဓိကကျလှသည်။ သူ၏ ပုံရိပ်ကိုထောက်ရှု၍ ကျွန်ုပ်တို့လည်းသင်ယူရမည်မှာ ဂျိုးဇက်ကဲ့သို့ပင် ကယ်တင်ခြင်း ဧဝံဂေလိတရားတော် ပျံ့ပွား ရန်အတွက် ကျွန်ုပ်တို့အားလုံးလည်း မိမိတို့ဖြည့်ဆည်း လုပ်ဆောင်ရမည့်အပိုင်းကို အဘယ်မျှကြီးကြီးသေးသေး ကြိုးစားလုပ်ဆောင်ရမည်ဖြစ်သည်။

 

            လုကားကမူ ဂျိုးဇက်အား ယေဇူးနှင့်မယ်တော်အား ကာကွယ်ပေးသူအဖြစ်ပုံဖော်ထားသည်။ ပေးအပ်ခံထားရ သောအမှုတော်မြတ်ကို မလွန်ဆန်အကောင်းဆုံးဖြည့်ဆည်းခဲ့သည်။  ယေဇူးသခင်နှင့် မယ်တော်ကို ကာကွယ်စောင့် ရှောက်ရသူဖြစ်သောကြောင့် သူသည် တစ်ကမ္ဘာလုံးနှင့်ဆိုင်သော အမိသာသနာတော်ကြီးကိုလည်း စောင့်ရှောက်ရ သောတာ၀န်ကိုထမ်းဆောင်လိုက်ရသည်။ အဘယ်ကြောင့်ဆိုသော် အမိသာသနာတော်ကြီးသည် ယေဇူးသခင်၏ နက်နဲရာခန္ဓာတော်ကြီးဖြစ်သည်။

 

            ဂျိုးဇက်၏ ဆွေစဉ်မျိုးဆက်စာရင်းသည် ကျွန်ုပ်တို့၏ သွေးရင်းညီအစ်ကိုများ နှယ်လူသား ချင်းပတ်သက် ဆက်နွယ်မှုကိုပြ မကြာမကြာပြန်လည်အမှတ်ရစေသည်။ ထိုပတ် သက်ဆက်နွယ်မှုကိုအားကောင်းစေရန်မှာ ကရုဏာရေးလုပ်ငန်းများဖြင့် အကာအကွယ်မဲ့နေသော ကျွန်ုပ်တို့၏ညီအစ်ကိုမောင်နှမများအားကူညီစောင့်ရှောက်ပေးရ မည်ဖြစ်သည်။ ထို့ကြောင့် ဂျိုးဇက်၏ဆုတောင်းခြင်းကိုအားကိုးအားထားပြုကြစို့။ သူ၏နှိမ့်ချခြင်းနှင့်ဘုရားသခင်၏ ကယ်တင်ခြင်းနှင့်ဆိုင်သောအကြံအစည်တော်ကို မြေ၀ယ်မကျနာခံတတ်မှုကိုလည်းပုံတုယူကြပါစို့’ ဟုတိုက်တွန်းခဲ့ ပါသည်။

 

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

Photo courtesy of NCR

https://bit.ly/3p0GjK6

Add new comment

18 + 2 =