‘ခရစ်ယာန်တရားသည် သဘောတရားသက်သက်မဟုတ်။ ကျင့်စဉ်ဖြစ်သည်’ ဟုရဟန်းမင်းကြီး ဖရန်စစ်မိန့်ကြား

‘ခရစ်ယာန်တရားသည် သဘောတရားသက်သက်မဟုတ်။ ကျင့်စဉ်ဖြစ်သည်’ ဟုရဟန်းမင်းကြီး ဖရန်စစ်မိန့်ကြား

‘ခရစ်ယာန်တရားသည် သဘောတရားသက်သက်မဟုတ်။ ကျင့်စဉ်ဖြစ်သည်’ ဟုရဟန်းမင်းကြီး ဖရန်စစ်မိန့်ကြား

 

           ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်သည် ဗုဒ္ဓဟူးနေ့၌ ဩ၀ါဒပေးမည့်ပလ္လင်သို့မကြွသွားမှီ သူ၏စီးတော်ယာဉ်ဖြင့် စိန့်ပီတာရင် ပြင်၌စုရုံးရောက်ရှိနေသော ဘုရားဖူးများအား လိုက်လံနှုတ်ဆက် ကောင်းကြီးပေးလေ့ရှိသည်။ ယခုတစ်ပတ် ဗုဒ္ဓဟူးနေ့ က ရဟန်းမင်းကြီးက သူ၏ပတ်စဉ်သွန်သင်ချက်၌ သမ္မာကျမ်းလာ Eleazar အကြောင်းကိုထောက်ရူခဲ့သည်။ သူသည် ရှေး ဟောင်းအယူအဆလွှဲများ အတိုင်းမလိုက်။ ယုံကြည်ခြင်းအသက်တာကိုစံထားလောက်စွာ အသက်တာကြီးရင့်သည်အ ထိကျင့်ကြံရှင်သန်ခဲ့သူဖြစ်သည်။

            ခရစ်ယာန်တရားသည်လည်း ယုံကြည်ခြင်းအချုပ်ကိုသာရွတ်ဆိုရုံမျှမဟုတ်။ ဆင်ခြင်ရမည်။ ခံစားရမည်။ လုပ် ဆောင်ရမည်။ သင်၏လက်ဖြင့်လုပ်ကိုင်ရမည်။ အတွေးအခေါ်ကား လက်တွေ့မကျဘဲ အယူအဆကောင်းများဖြင့်သာ လူအထင်ကြီးအောင်ဟန်ဆောင်နေကြသည်။ အမှန်တကယ် ထုတ်ဖော်ပြသရမည့်တရားတော်ကား စိတ်နှလုံးထဲ၌သာ နစ်မြှုပ်ဖုံးကွယ်နေမည်။ အပြင်ပန်း၌မှု သင့်စိတ်ကြိုက်လုပ်ချင်ရာလုပ်။ စိတ်ထဲ၌ယုံကြည်နေရုံသည် ခရစ်ယာန်၏အ သက်တာမဟုတ်ပေ။ လူ့အသိုင်းအ၀ိုင်းအတွင်း၌ သက်ကြီးရွယ်အိုများရှိနေခြင်းသည်စံယူရလောက်သည်။ မျိုးဆက် သစ်လူငယ်များအတွက် နာမှုနာကောင်းဖြစ်စေရန်ကျင့်ကြံရှင်သန်ပြရမည်။ ကျွန်ုပ်တို့သက်ကြီးများ အတွက် ဖြည့်ဆည်း ပြီးစီးရန်အရေးကြီးသောတာ၀န်များရှိသည်။ ယုံကြည်ခြင်းကိုပြန်လည်ဂုဏ်ပြုရန်၊ ယုံကြည်ခြင်းကိုသိသာမြင်သာအောင် ကျင့်ကြံရှင်သန်ရမည်ဖြစ်သည်။ မျိုးဆက်သစ်လူငယ်များသည် သက်ကြီး၀ါကြီးများကိုကြည့်နေကြသည်။ ကျွန်ုပ်တို့၏ ရှင်သန်နေသောယုံကြည်ခြင်းသည် ၄င်းတို့၏အသက်တာအတွက် လှပသောလမ်းကြောင်းကိုဖွင့်ပေးသည်။ သို့သော် ဟန်ဆောင်မှုသည် ပို၍ကြီးလေးသောဘေးကိုသင့်ရောက်စေတတ်သည်။ ရဟန်းမင်းကြီးက ယမန်နေ့၌ဘုရားဖူးများရှိ ရာသို့ကြွရောက်၍နှုတ်မဆက်နိုင်သည်မှာ သူ၏ဒူးအလွန်နာကြင်သောကြောင့်ဖြစ်ကြောင်း၊ နှစ်ပတ်အကြာ၌ ပုံမှန်အ တိုင်းပြန်လည်လှုပ်ရှားနိုင်လိမ့်မည်ဟုမျှော်လင့်ကြောင်းဖြင့် တောင်းပန်စကားမိန့်ကြားခဲ့သည်။ ဤဝေဒနာသည် တဒဂ်အရာများဖြစ်သည်။ မကြာမီကျော်လွှားသွားပြီး၊ နောက်တစ်ကြိမ်တွေ့ဆုံချိန်၌ သင်တို့အလယ်သို့ ကျွန်ုပ်ကြွလာနိုင်ရန် မျှော်လင့်ကြပါစို့ဟုဆိုသည်။

ရဟန်းမင်းကြီးသည် ယမန်နေ့ဘုရားဖူးများနှင့်တွေ့ဆုံချိန်တစ်လျှောက်လုံးတွင် သူ့အားလာရောက် နှုတ်ဆက်သူများ၊ ကောင်းကြီးလာခံသောဘုရားဖူးများအားထိုင်၍သာ နှုတ်ဆက်ခဲ့သည်။ 

 

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3yn8Lfu

Add new comment

1 + 0 =