‘ကျွန်းနိုင်ငံတစ်ခုလုံးငြိမ်းချမ်းဖို့ဆုတောင်းပေးမည်’ ဟုရဟန်းမင်းကြီးက ဆိုင်းပရပ်စ် သမ္မတကိုအားပေးခဲ့

‘ကျွန်းနိုင်ငံတစ်ခုလုံးငြိမ်းချမ်းဖို့ဆုတောင်းပေးမည်’ ဟုရဟန်းမင်းကြီးက ဆိုင်းပရပ်စ် သမ္မတကိုအားပေးခဲ့

‘ကျွန်းနိုင်ငံတစ်ခုလုံးငြိမ်းချမ်းဖို့ဆုတောင်းပေးမည်’ ဟုရဟန်းမင်းကြီးက ဆိုင်းပရပ်စ် သမ္မတကိုအားပေးခဲ့

 

            ဆိုင်းပရပ်စ်သမ္မတ Nicos Anastasiades က ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်အား Nicosia ရှိသမ္မတအိမ်တော်၀င်း၌ ဆိုင်းပရပ်စ် စစ်ဘင်ခရာအဖွဲ့မှ တီး၀ိုင်းဖြင့် လှိုက်လှဲနွေးထွေးစွာကြိုဆိုခဲ့သည်။

ရဟန်းမင်းကြီးနှင့်သမ္မတသည် ယခင်ဆိုင်းပရပ်စ် ၏ဆရာတော်လည်းဖြစ်ခဲ့ပြီး၊ ဆိုင်းပရပ်စ် ၏ပထမဦးဆုံးသမ္မတလည်းဖြစ်ခဲ့သော Makarios III ၏ရုပ်တုအရောက်၌ အ တူတကွ ရပ်လိုက်ကြပြီးနောက် သမ္မတအိမ်တော်ရှိရာသို့ ဆက်လက်လျှောက်သွားပြီး၊ မိနစ် (၃၀) ခန့်ကြာ သီး သန့်တွေ့ဆုံခဲ့သည်။

 

            ရဟန်းမင်းကြီးက လှိုက်လှဲနွေးထွေးသောကြိုဆိုမူ၊ ကြိုဆိုနှုတ်ခွန်း ဆက်စကားများ အတွက်ကျေးဇူးတင် ကြောင်း၊  နွေးထွေးမှုပြရန်အကောင်းဆုံးနည်းလမ်းကား ညီအစ်ကိုရင်း စိတ်ဓာတ်ရှိခြင်းဖြစ်ပြီး၊ ဤနွေးထွေးမှုသည် နှလုံးသားထဲထိရောက်ရှိသွားကြောင်းမိန့်ကြားခဲ့သည်။

 

 ထို့နောက် လက်ဆောင်များဖလှယ်ကြသည်။ သမ္မတက လက်ဖြင့် ချုပ်လုပ်ထားသော မစ္ဆားပူဇော်ရာ၌ အသုံးပြုသည့်၀တ္ထုပစ္စည်းများနှင့်ရဟန်းမင်းကြီး၏သမိုင်း၀င်ကြွရောက်ခြင်းကိုဂုဏ် ပြုသော အားဖြင့်ထုတ်ဝေသော တံဆိပ်ခေါင်းကိုလက်ဆောင်ပေးခဲ့သည်။ ရဟန်းမင်းကြီးကလည်း သမ္မတအား စိန့် ပေါလ်နှင့်စိန့်ဘာနားဘာစ်တို့၏ တမန်တော်ခရီးကိုပုံဖော်ထုလုပ်ထားသော ဆွဲပြားကို လက်ဆောင် ပေးခဲ့သည်။ အဆိုပါ တမန်တော်နှစ်ပါးသည် ဆိုင်းပရပ်စ်ကျွန်း၌ ဧဝံဂေလိပျံ့ပွား ရန်ကြိုးစားအား ထုတ်ရာ၌ အလွန်အခရာကျသူနှစ်ပါးဖြစ်သည်။ ပုပ်ရဟန်းမင်းကြီးသည် သမ္မတကြီးအားသာမဟုတ်။ သမ္မတအားစကားပြန်ပေးသူအားလည်း လက်ဆောင်ပေး၍အံ့အားသင့်စေခဲ့ပြီး၊ အလွန်ကျေနပ် စေခဲ့သည်။

 

            ဆိုင်းပရပ်စ်သမ္မတက အရပ်ဖက်အာဏာပိုင်များ၊ သံတမန်များရှေ့၌ ရဟန်းမင်းကြီး ဖရန်စစ်သည် ဒုက္ခသည် (၅၀) ဦးကို အီတလီသို့ခေါ်ဆောင်သွားမည် ဖြစ်ကြောင်း အတည်ပြု ပြောကြားလိုက်သည်။ အဘယ်ကြောင့်ဆိုသော် ယခုကဲ့သို့အတည်မပြုမီက ကောလဟာလ အဖြစ်သတ်မှတ်ပြောဆိုခဲ့ကြကြောင်း

သမ္မတက ရဟန်းမင်းကြီး၏ပြတ်သား သောဆုံးဖြတ်ချက်သည် ဥရောပသမဂ္ဂ၏ ရွေ့ပြောင်း တို့နှင့်ဆိုင်သောမူ၀ါဒကို ပြန်လည်သုံးသပ်ရန်လက်တို့လိုက်သကဲ့ သို့ဖြစ်စေကြောင်း၊ ဤသို့ဖြင့် ဤ၀န်ထုတ်ကြီးကို တစ်နိုင်ငံတည်းဖြင့် ခါးစည်းခံစေခြင်းမဟုတ်ဘဲ မျှမျှတတခံယူ ခြင်း ဖြင့်၀န်ပေါ့အောင်ကူညီဖြေရှင်းရန်အသိရှိစေမည်ဖြစ်ကြောင်း၊ ရွေ့ပြောင်းများသည်လည်း ဥရောပအဖွဲ့၀င်နိုင်ငံများသို့ သွားရောက်နေထိုင်ရန်အခွင့် အလမ်းပိုများမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ရဟန်းမင်းကြီးကလည်း ဆိုင်းပရပ်စ်သည် ပြည်တွင်းအကြပ်အတည်းများရှိ နေသည့်ကြားမှ ရွေ့ပြောင်းများကို စိတ်သဘောထားကြီးစွာလက်ခံသောကြောင့် ဥရော ပအဖွဲ့၀င်နိုင်ငံများအတွက်စံထားလေးစားရသောနိုင်ငံဖြစ်ကြောင်း၊ သက်၀င်ယုံကြည်မှုမတူ၊ ယဉ်ကျေးမှုမတူ‌သော ရွေ့ ပြောင်းများကိုလက်ခံထားရသည်မှာမလွယ်ကူကြောင်း၊ သို့သော် ဆိုင်းပရပ်စ်နိုင်ငံ၏အလင်းသည် အလွန်ကွဲပြား ကြောင်း၊ ထို့အတူ ဆိုင်းပရပ်စ်နိုင်ငံရေး၏ ငြင်းခုန်မှုကိစ္စကိုလည်းရဟန်းမင်းကြီးကမိန့်ကြားခဲ့သည်။ အဘယ်ကြောင့်ဆို သော် ဆိုင်းပရပ်စ် မြောက်ပိုင်းသည် (၁၉၇၄) ခုနှစ်ကတည်းက တူရကီတို့၏နယ်ချဲ့ခြင်းကိုခံခဲ့ရပြီး၊ ဒေသအတွင်းနေ ထိုင်ကြသူများလည်း တူရကီအနွယ်၀င်များကြီးစိုးနေသောဒေသဖြစ်၍ ကိုယ်ပိုင်အုပ်ချုပ်ရေးရနယ် မြေဟုကြွေးကြော်နေ ကြသည်။ ထိုဒေသ၌ ဘိုးဘွားခေတ်ကနေလာခဲ့သော ခရစ်ယာန်များအား ဒေသအတွင်းမှ နှင်ထုတ်‌နေကြသည်။ ဤကျွန်းနိုင်ငံ၏အကြီးမားဆုံးသော ဝေဒနာမှာ ဆယ်စုနှစ် အနည်းငယ်ကစခဲ့သော မိမိတို့၏ဇာတိမြေသို့မပြန်နိုင်၊ မိမိတို့ ဘာသာတရား၏ အဆောက်အဦးထဲသို့ မ၀င်ရောက်နိုင်ခြင်းဖြစ်သည်။ ထို့ကြောင့် ကျွန်းစုနိုင်ငံတစ်ခုလုံး၏ ငြိမ်းချမ်းရေး အတွက်ဆုတောင်းပေး မည်ဖြစ်ကြောင်းမိန့်ကြားခဲ့သည်။

 

ဥရောပတိုက်၌ ငြိမ်းချမ်းရေးတည်ဆောက်ရန်မှာ နိုင်ငံရေး ခေါင်းဆောင်များ၏တာ၀န်သာမဟုတ်။ လူတိုင်းအပေါ်ကျရောက်နေသောတာ၀န်ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးသည် ပုဂ္ဂိုလ်ကြီးများကသာ ရယူပေးနိုင်သည်မဟုတ်၊ သာမန်အမျိုးသမီး၊ အမျိုးသားများလည်းရယူပေးနိုင်ကြောင်း၊ ဥရောပ တိုက်အနေဖြင့် ကြေအေးသင့်မြတ်ခြင်းနှင့်စည်းလုံးခြင်းကိုပြန်လည်တည်ဆောက်ရန်လိုအပ်ကြောင်း၊ ဤသို့ပြုလုပ်ရန် မှာလည်း သတ္တိနှင့်တက်ကြွရန်လိုအပ်ကြောင်း၊ သို့မှသာရှေ့သို့တိုး သွားနိုင်မည်ဖြစ် ကြောင်းမိန့်ကြားခဲ့သည်။

 

ထို့နောက် ရဟန်းမင်းကြီးသည် ဖရန်စ္စကင်ကျောင်းသို့ကြွသွားခဲ့သည်။ ထိုကျောင်းသည်လည်း ကုလထိန်းချုပ်ထားသော စစ်မဲ့ဇုံအတွင်း၌ရှိသည်။       

 

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

Photo courtesy of CBCP News/Google Images

https://bit.ly/3IejRWD

Add new comment

4 + 0 =