‘ကိုယ်တော်မြတ်ရဲ့တမန်တော်’ အမျိုးသမီးငယ်လေး Ajna George အကြောင်း မှတ်တမ်းဗွီဒီယိုစတင်ရိုက်ကူး

‘ကိုယ်တော်မြတ်ရဲ့တမန်တော်’ အမျိုးသမီးငယ်လေး Ajna George အကြောင်း မှတ်တမ်းဗွီဒီယိုစတင်ရိုက်ကူး

‘ကိုယ်တော်မြတ်ရဲ့တမန်တော်’ အမျိုးသမီးငယ်လေး Ajna George အကြောင်း မှတ်တမ်းဗွီဒီယိုစတင်ရိုက်ကူး

 

            အိန္ဒိယနိုင်ငံ၏တောင်ပိုင်းရှိ Kerala ပြည်နယ်မှ Verapoly ကက်သလစ်စ်ဂိုဏ်းချုပ်သာသနာက ကိုယ်တော် မြတ်အားအလွန်ချစ်မြတ်နိုးပြီး၊ ယုံကြည်သဒ္ဓါပွားသော အမျိုးသမီးငယ်လေး Ajna George အကြောင်းကိုဗွီဒီယို မှတ်တမ်းစတင်ရိုက်ကူးနေပြီဖြစ်သည်။ သူ့အား ‘Apostle of the Eucharist’ (ကိုယ်တော်မြတ်၏တမန်တော်) ဟုချစ်စနိုးဖြင့်ခေါ်ကြသည်။ ဤသို့ဗွီဒီယိုမှတ်တမ်းရိုက်ကူးရခြင်းမှာ သာသနာအတွက် သူ၏ပေးဆပ်မှုကိုမှတ်တမ်း တင်ဂုဏ်ပြုလို၍လည်းဖြစ်သည်။    

            သူသည် ‘Jesus Youth’ (ယေဇူးသခင်၏လူငယ်) အဖွဲ့၀င်တစ်ဦးလည်းဖြစ်သည်။ လက်ထောက် ပရောဖက် ဆာလည်းဖြစ်သည်။ ကင်ဆာ်ရောဂါဖြင့် ဇန္န၀ါရီလ (၂၁) ရက်နေ့က Kochi ၌ကွယ်လွန် သွားခဲ့သည်။ ကွယ်လွန်ချိန်၌ အသက် (၂၇) သာရှိသေးသည်။ Ajna အားရဟန္တာ တင်မြောက်နိုင် ရေးအတွက်လည်း သာသနာပိုင်ဆရာတော်နှင့်သာသ နာအတွင်းမှဘာသာ ရေးအဖွဲ့အစည်းများ ကလည်းစိတ်အားတက်ကြွနေကြသည်။ သို့သော် ဘာသာတူတစ်ဦးအား ရဟ န္တာအဖြစ် တင်မြောက် နိုင်ရန်မှာ ပျံလွန်ပြီး အနည်းဆုံး (၅) နှစ်‌စောင့်ဆိုင်းရသည်။ ထိုနောက်မှသာ အဆိုတင်သွင်းနိုင် သည်။

 

Ajna ၏၀ိညာဉ်ရေးလမ်းညွှန်ဘုန်းတော်ကြီးဖြစ်သော Jean Felix Kattassery ကလည်း Ajna သည် ကင် ဆာဝေဒနာထိုမျှပြင်းထန်စွာနာကျင်ခံစားနေရသော်လည်း ကိုယ်တော်မြတ်ကိုချစ်ပြီး၊ ကိုယ်တော်မြတ်ကိုပင်ယူရန် ဆန္ဒပြင်းပြလှသည့်အကြောင်းကိုထုတ်ဖော်ပြောလာသည်။ Ajna သည် ယေဇူးသခင်၏ဒုက္ခလမ်းစဉ်သည် ကယ်တင် ခြင်းကိုရသည့်အကြောင်းကို သူ၏ဘ၀ဖြင့်သက်သေပြသွားခဲ့သည်သည်။ Ajna ဘ၀သည် သူတော်မြတ် ကာရ်လိုအကူးတစ်ကဲ့သို့ပင် ကိုယ်တော်မြတ်စက္ကရာမင်တူးကိုအလွန်ယုံကြည်သဒ္ဓါပွားသူဖြစ်သည်။ Ajna သည်ငယ်စဉ်ကပင် ကိုယ် တော်မြတ်ကိုအလွန် ယုံကြည်အားကိုးသူဖြစ်သည်။ သူ၏နာကြင်မှုများအားလုံးကို ကိုယ်တော်မြတ် ပင့်ယူခြင်း၊ ဖူးခြင်း ဖြင့်ခံထမ်းကျော်ဖြတ်သည်။ ဘုရားသခင်၏ဘုန်းတော်ဂုဏ်တော်အတွက် ပူဇော်ပေးခဲ့သည်။ Ajna သည်သူ၏နောက် ဆုံးအချိန်၌လည်း ကိုယ်တော်မြတ်ကိုပင့်ယူပြီးနောက် ပြုံးရွှင်စွာဖြင့်ဆုံးပါးသွားခဲ့သည်။      

        

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3DAb1Au

Add new comment

4 + 6 =