‘ကိုဗစ်ကာကွယ်ဆေးထိုးနှံခြင်းသည် ချစ်ခြင်းမေတ္တာလုပ်ရပ်ဖြစ်သည်’ ဟုရဟန်းမင်းကြီးဖရန်စစ်မိန့်ကြား

‘ကိုဗစ်ကာကွယ်ဆေးထိုးနှံခြင်းသည် ချစ်ခြင်းမေတ္တာလုပ်ရပ်ဖြစ်သည်’ ဟုရဟန်းမင်းကြီးဖရန်စစ်မိန့်ကြား

‘ကိုဗစ်ကာကွယ်ဆေးထိုးနှံခြင်းသည် ချစ်ခြင်းမေတ္တာလုပ်ရပ်ဖြစ်သည်’ ဟုရဟန်းမင်းကြီးဖရန်စစ်မိန့်ကြား

ဘုရားသခင်၏ကျေးဇူးတော်အတွက် ကျေးဇူးတင်ပါသည်။ ထို့အတူ လူအမြောက်များ၏စုပေါင်းအားကြောင့် ယခုအခါ ကိုဗစ် (၁၉) ကိုကာကွယ်နိုင်သော ကာကွယ်ဆေးရရှိပြီဖြစ်သည်။ ရဟန်းမင်းကြီးသည် ကိုဗစ်ကာကွယ်ဆေးထိုးနှံရန်အားပေး တိုက်တွန်းလိုက်သည်။ ရဟန်းမင်းကြီးနှင့်အတူ အမေရိကန်ပြည်ထောင်စု၊ အမေရိကားတောင်ပိုင်းနှင့်ဗဟိုမှကာဒီနယ် (၆) ပါး နှင့်ဂိုဏ်းချုပ်ဆရာတော်များလည်း ရဟန်းမင်းကြီးနှင့်အတူထောက်ခံခဲ့ကြသည်။ ရဟန်းမင်းကြီးဖရန်စစ်၏ ‘ချစ်ခြင်းမေတ္တာ အမှု’ ဟု ခေါင်းစဉ်တပ်ထားသောသတင်းစကားတိုလေး၌ ‘ကိုဗစ်ကာကွယ်ဆေးထိုးနှံခြင်းသည် အချင်းချင်းကိုစာနာဂရုစိုက် သည့် ချစ်ခြင်းမေတ္တာအမှုဖြစ်သည်။ အထူးသဖြင့်အလွန်ချို့တဲ့နွမ်းပါးသူများအတွက်ဖြစ်ပါသည်။ လူတိုင်းသည် မိမိတို့တတ်နိုင် အသေးအဖွဲကိစ္စများကိုလုပ်ဆောင်ကြရန်ဘုရားသခင်ထံဆုတောင်းပါသည်’ ဟုမိန့်ကြားထားသည်။ ကိုဗစ်ကာကွယ်ဆေးနှင့် စပ်လျဉ်း၍ ‘သင့်အပေါ်မူတည်သည်’ ဟုဆိုကာလှုပ်ရှားမှုပြုလုပ်နေကြသည်။ ဤလှုပ်ရှားမှုကိုကိုဗစ်ကောင်စီမှကြီးမှူးပြုလုပ် သည်။ ဤအဖွဲ့အစည်းသည် အစိုးရအဖွဲ့အစည်းမဟုတ်။ လူမှုရေးအခက်အခဲပြဿနာများကို မည်သည့်အကျိုးအမြတ်မျှမယူ ဘဲဝိုင်း၀န်းကူညီပေးနေသောလူမှုအသင်းအဖွဲ့တစ်ဖွဲ့ဖြစ်သည်။ ဤအဖွဲ့သည် ဒုတိယကမ္ဘာစစ်ကာလကစတင်ဖွဲ့စည်းတည် ထောင်ခဲ့သည်။ ဤအဖွဲ့ အနေဖြင့် ကာကွယ်ဆေးထိုးနှံခြင်းသည် အရေးကြီးကြောင်း၊ ဤလှုပ်ရှားမှု၌ အထင်ကရပုဂ္ဂိုလ်များ ဖြစ်သော အမေရိကန်သမ္မတဟောင်းများပင်ပါသည်။
Ref:Rome Reports
ဘာသာပြန်: ဖာသာရ်ကလေးမင့်အားတယ်
#rvamyanmar #rvapastoralcare #PopeFrancis #RVANews #covid #love

Add new comment

7 + 11 =