Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
‘ကလေး အလုပ်သမားသည် လူ့အသိုင်းအ၀ိုင်း၏အနာဂတ်ကိုဓားပြတိုက်လိုက်ခြင်းဖြစ်’ ဟု ပုပ်ဖရန်စစ်မိန့်ကြား
‘ကလေး အလုပ်သမားသည် လူ့အသိုင်းအ၀ိုင်း၏အနာဂတ်ကိုဓားပြတိုက်လိုက်ခြင်းဖြစ်’ ဟု ပုပ်ဖရန်စစ်မိန့်ကြား
မိမိတို့၏အကျိုးအမြတ်အတွက် ကလေးလုပ်အားများကိုလုပ်ခနည်းနည်း၊ လုပ်အားများ များယူ၍ အမြတ်ထုတ်နေခြင်း ကိုရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်က ပြီးခဲ့သည့်သောကြာနေ့က စကားလုံးပြင်းပြင်းထန်ထန်မိန့်ကြားလိုက်သည်။
သာသနာတော်ကြီး သည် ကလေးအလုပ်သမားပပျောက်ရေးကိုဆက်လက် ပူးတွဲမြင့်တင်ရေး၊ ကလေးတို့၏ကောင်းကျိုးနှင့်လူသားထုကောင်း ကျိုးအတွက် ဆက်ကပ်လုပ်ဆောင် သွားမည်ဟုထပ်လောင်းမိန့်ကြားခဲ့သည်။
ရဟန်းမင်းကြီး၏မိန့်ကြားချက်၌ ကမ္ဘာတစ်လွှားရှိ ကလေးများအားလုံး၏ ကျန်းမာရေး၊ ပညာရေး၊ အနာဂတ်အခွင့်အ ရေးများအကြောင်းကို နိုင်ငံတကာဆိုင်ရာ အစည်းအဝေးသို့တက်ရောက်လာသောသူများအားမိန့်ကြားခဲ့သည်။ နိုင်ငံတကာ အနေဖြင့် ကလေးများကိုအလုပ်ခိုင်းစေမှုနှင့်ပတ်သက်၍လုံး၀ဖျက်သိမ်းပစ်နိုင်ရေးအားထုတ်ရန်ရဟန်းမင်းကြီးက ‘Eradicating Child Labour, Building a Better Future’ (ကလေးလုပ်သားဖျက်သိမ်း၊ ပိုမိုကောင်းသောအနာဂတ်ကို တည်ဆောက်) ဟုအမည်ပေးထားသည့် အစည်းအဝေး၌တိုက်တွန်းထားသည်။ ဤအစည်းအဝေးကို ကလေးလုပ်သား ပပျောက်ရေးအစည်းအဝေးကြီးကျင်းပပြီး နှစ် (၂၀) အကြာမှာပထမအကြိမ်ကျင်းပခြင်းဖြစ်သည့်အပြင် လက်ရှိ၌ ကလေးသန်းပေါင်း (၁၆၀) ကိုးဗစ်ကပ်ဆိုးကြီးကြောင့် ဒုက္ခများစွာကြုံနေရချိန်နှင့်လည်းတိုက်ဆိုက်နေသည်။ ထို့အတူ အပြည်ပြည်ဆိုင်ရာ ကလေးလုပ်သားပပျောက်ရေးနှစ်နှင့်လည်းတိုက်ဆိုက်နေသည်။ ဤကလေးလုပ်သားပျောက်ရေး သည် ကုလ၏စဉ်ဆက်မပြတ်လုပ်ဆောင်နေခဲ့သောစီမံကိန်းတစ်ခုဖြစ်သည်။
ရဟန်းမင်းကြီးက ‘ကလေးသူငယ်များ၏ အခြေခံအခွင့်အရေးများကို စောင့်ရှောက်ခြင်းသည် လူ့အသိုင်းအ ၀ိုင်း၏ ပစ္စုပ္ပန်နှင့်အနာဂတ်အတွက် အလွန်အခရာကျသည်။ ကလေးများအား ကျွန်ုပ်တို့အလေးထားခြင်းသည် ၄င်း တို့၏မွေးရာပါဂုဏ်သိက္ခာနှင့် အခြေခံအခွင့်အရေးကို လေးစားရရောက်သည်။ ဤသို့ဖြင့် ကျွန်ုပ်တို့ကဲ့သို့စိတ်နေသဘော ထားရှိစေလို၊ ဖြစ်စေလိုပြီး၊ ကျွန်ုပ်တို့တည်ဆောက်လိုသော လူမှုအသိုင်းအ၀ိုင်းကိုလည်းတည်ဆောက်ရာရောက်သည်။ နည်းပညာ၏ပေါက်ကွဲလွင့်စင်လာမှုအလွန်အင်အားပြင်းထန်ပြီး၊ ကမ္ဘာ၏ထောင့် ပေါင်းစုံ၌ ရောက်ရှိနေခြင်း ကြောင့် ကလေးများ၏ကျန်းမာရေး၊ ဆင်ခြင်တွေးခေါ်နိုင်မှု၊ စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးကြီးထွားခြင်းအား ခြိမ်းခြောက်နေ သည်။ ကလေးတို့၏ ကလေးအခွင့်အရေးပြည့်ပြည့်၀၀ ခံစားကြီးထွားဖြတ်သန်းရသောအခွင့်အရေးနှင့်ပညာများကိုဆုံး ရှုံးနေကြရသည်။ တစ်ပူပေါ်နှစ်ပူဆင့်ဟူသည့်အတိုင်း ကိုးဗစ်ကပ်ဆိုးကြီးကလည်း ထပ်၍၀န်ထုပ်ကိုပိုမိုလေးလံစေပါ သည်။ ကလေးများသည် အခြားသူများ၏အကျိုးအမြတ်အတွက် အသုံးချခံနေကြရသည်။ ကလေးလုပ်သားဟုပြော ရာ၌ အိမ်မှုကိစ္စများကူလုပ်ခြင်းနှင့်မရောနှောစေလိုပါသည်။ မိဘများ၏အိမ်မှုကိစ္စများကိုမူ ကလေးများသည် နိုင်သလောက်ကူလုပ်ပေးရမည်။ ကလေးလုပ်သားဟုဆိုရာ၌တခြားဆီဖြစ်ပါသည်။ လုပ်ခနဲနဲပေး၍လုပ်အားကိုအသုံးချကာ ကမ္ဘာ့စျေးကွက်ထိတိုင် အကျိုးအမြတ်များပေါ်သည့်အသုံးချထုတ်လုပ်သည်လုပ်ငန်းများ၌လုပ်ခြင်းကိုဆိုလိုသည်။ က လေးလုပ်သားဟုဆိုရာ၌ ကလေးဘ၀၏ပညာရေးလည်းဆုံးရှုံးပြီး၊ ကျန်းမာရေး၊ ပညာရေး၊ ဘက်စုံဖွံ့ဖြိုးမှုများမရ။ ပိုဆိုးသည်မှာ ကစားချိန်၊ စိတ်ကူးကောင်းများမွေးဖွားချိန်မရ။ အလုပ်သာထောင့်စေ့နေအောင် ဇယ်ဆက်သကဲ့သို့လုပ်ရသည်။ အထက်က ဆိုခဲ့သောအခွင့်အရေးများအားလုံးဆုံးရှုံးခြင်းသည် ကလေးတို့၏အနာဂတ်ကိုအကြမ်းဖက်လုယူ လိုက်သကဲ့သို့ဖြစ်သည်။ ထို့အတူ လူမှုအသိုင်းအ၀ိုင်းအားလည်း နိုင်ငံသားကောင်းကိုဆုံးရှုံးစေသည်။ ဤသို့လုပ်ခြင်း သည် လူ့အခွင့်အရေးကိုချိုးဖောက်ခြင်းဖြစ်သည်။
ကလေးလုပ်သားဟုပြောဆိုလာလျှင် ခေတ်ကာလ၏စီးပွားရေးစနစ်ကိုအပြစ်ဖို့ကြသည်။ အမှန်မှာ ဆင်းရဲ ချွတ်ခြုံကျနေသည်။ အလုပ်လက်မဲ့ဖြစ်နေကြသည်။ ထိုအခြေအနေများကြောင့် မိသားစုစား၀တ်နေရေးအဆင်မပြေရာ မှနောက်ဆုံး၌ ကလေးလုပ်အားကိုအသုံးချလာရခြင်းဖြစ်သည်။ ကလေးလုပ်သားပပျောက်ရန်အမှန်တကယ်လုပ် ဆောင်လိုပါက တစ်တစ်ဖွဲ့တည်း၊ တစ်ဖက်တည်းပြုလုပ်၍မရ။ စုပေါင်းလက်တွဲလုပ်ဆောင်၍ ဆင်းရဲနွမ်းပါးမှုကိုတိုက် ဖျက်ရမည်။ စွဲနေသောမျက်မှောက်ခေတ်၏စီးပွားရေးစနစ်ကိုပြုပြင်ရမည်။ အဘယ်ကြောင့်ဆိုသော် မျက်မှောက် ခေတ်စီးပွားရေးစနစ်မှာ လူနည်းစုများကသာချမ်းသာသည့်စနစ်ဖြစ်သည်။
ထို့ကြောင့် နိုင်ငံ၏စီးပွားရေးလုပ်ငန်းရှင်များအားရဟန်းမင်းကြီးမေတ္တာရပ်ခံသည်မှာ သင့်တင့်မျှတသောလုပ်ခဖြင့် စား၀တ်နေရေးပြေလည်စေနိုင်သောအလုပ်များကိုထွင်ပေးရန်၊ ဤသို့ဖြင့် မိသားစုများအနေဖြင့် အရွယ်မရောက် သေးသောမိမိတို့၏ကလေးများကို အလုပ်လုပ်ခိုင်းခြင်းမှ ရှောင်ရှားနိုင်ပေမည်။ ထို့အတူ အရည်အသွေးပြည့်မှီသောအခမဲ့ပညာကိုဖန်တီးပေးရန်၊ အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုကိုဖန်တီးပေးရန်ကိုလည်းပူးပေါင်းလုပ်ဆောင်ရန်မေတ္တာရပ်ခံခဲ့သည်။
ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်
Add new comment