Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
ခြေလျင်ဘုရားဖူးခရီးကိုပြုလုပ်ခဲ့သော မသန်စွမ်းစပိန်လူငယ်လေးအား ပုပ်ဖရန်စစ်အားပေး
ခြေလျင်ဘုရားဖူးခရီးကိုပြုလုပ်ခဲ့သော မသန်စွမ်းစပိန်လူငယ်လေးအား ပုပ်ဖရန်စစ်အားပေး
စပိန်နိုင်ငံမှ အာရုံကြောမှတ်ဥာဏ်ဆိုင်ရာ ချို့ယွင်းနေသော မသန်စွမ်းလူငယ်လေး တစ်ယောက်၏ ခြေလျင်ဘုရားဖူးခရီးကြမ်းကို ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က အားပေးစကားရေးသားပေးပို့တော်မူလိုက်သည်။
Alvaro Calvente အမည်ရှိသော လူငယ်လေးသည် အသက် ၁၅ နှစ်ရှိပြီဖြစ်ပြီး သူ၏ဖခင်၊ သူငယ်ချင်းတို့နှင့်အတူ စန်တီယေဂိုမြို့သို့ ဘုရားဖူးခရီးကို စတင်ခဲ့ကြသည်။ သူတို့သည် ဇူလိုင်လ ၁၃ရက်နေ့တွင် ပန်းတိုင်ဖြစ်သော စန်တီယေဂိုသို့ ရောက်ရှိပြီးလမ်းတစ်လျှောက်တွင် သူတို့၏ခရီးစဥ်အား ဆိုရှယ်မီဒီယာတွင် ထုတ်လွင့်ပေးခဲ့ကြသည်။ခရီးစဥ်အဆုံးတွင် Alvaro ၏ဖခင်က ပုပ်ရဟန်းမင်းကြီးကို စာရေးသားခဲ့ပြီး သူ့သား၏အကြောင်းနှင် လမ်းခရီးမှ အဖြစ်အပျက်များကို လျှောက်ထားခဲ့သည်။
ဇူလိုင်လ၂၀ရက်တွင် ပုပ်ရဟန်းမင်းကြီးက ပြန်စာကို ရေးသားပေးပို့တော်မူခဲ့သည်။ထိုစာတွင် Alvaro ၏ဇွဲနှင့်သတ္တိအတွက် ကျေးဇူးတင်ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ကပ်ဆိုးကာလတွင် လူသားတို့အား စိတ်ဓါတ်မကျရန်နှင့် ဘုရားဖူးခရီးကိုစတင်ကြရန် လှုံ့ဆော်ပေးသည့်အတွက် ကျေးဇူးတင်ပါကြောင်းရေးသားခဲ့သည်။
ထို့အပြင် ပုပ်ရဟန်းမင်းကြီးက “ဘုရားရှင်သည် သင်တို့ကိုစောင့်ရှောကိပါစေ။ မြင့်မြတ်သော ကာမဲလ်တောင်မယ်တော်သခင်မသည် သင်တို့ကို ထွေးပိုက်တော်မူပါစေ။ဆုတောင်းဖို့မမေ့ကြပါနှင့်။ ကျွန်ုပ် အတွက် လည်း ဆုတောင်းပေးကြပါ” ဟု ဆက်လက်ရေးသားခဲ့သည်။
Alvaro သည် မောင်နှမဆယ်ယောက်အနက် ခုနစ်ယောက်မြောက်သားရတနာဖြစ်သည်။ သူတို့၏ ဘုရားဖူးခရီးမှာ ၆၂မိုင် ရှည်လျားပြီး စန်တီယေဂိုရှိစိန့်ဂျိမ်းစ်၏အုတ်ဂူတော်တွင် အဆုံးသတ် သည်။ ထိုခရီးကို ”စိန့်ဂျိမ်း၏လမ်းခရီး”ဟုလည်း ခေါ်တွင်ကြသည်ဟုသိရသည်။
Add new comment