ရိုမေးနီးယား တွင် ရောက်ရှိနေသော ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ် အသင်းတော် မှားခဲ့သော အရာများအတွက်တောင်းပန်

သိုးထိန်းခရီစဉ် နောက်ဆုံးနေ့ Blaj မြို့အရပ်ဒေသ ရောမလူမျိုးအများစုနေထိုင်ရာ၌ ရောမ အဖွဲ့အစည်းနှင့်တွေ့ဆုံခြင်း

ရိုမေးနီးယား တွင် ရောက်ရှိနေသော ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ် အသင်းတော် မှားခဲ့သော အရာများအတွက်တောင်းပန်
ဇွန်လ ၂၊ ၂၀၁၉

အရေးမပါဟုဖယ်ရှားခံရသူများ၊ ချိုးနှိမ်ခံရသူများ၊ တချို့နိုင်ငံများအပေါ် အသင်းတော်ရဲ့အမှားများအတွက် အသင်းတော်ကိုယ်စား ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ် ရိုးမေးနီးယား သိုးထိန်းခရီစဉ် နောက်ဆုံးနေ့ Blaj မြို့အရပ်ဒေသ ရောမလူမျိုးအများစုနေထိုင်ရာ၌ ရောမ အဖွဲ့အစည်းနှင့်တွေ့ဆုံခြင်းတွင်တောင်းပန်ခဲ့ပါသည်။
ခရစ်ယာန်တို့၏ ဂုဏ်သိက္ခာ တစ်ခုဖြစ်သော လူတိုင်းအတွက်နေရာရှိနေခြင်း နှင့် တွေ့ဆုံပြောဆိုခြင်း ကို အခြေခံပြီး သင်တို့ခံစားခဲ့ရသည့် မတူမတန် ဆက်ဆံခံခဲ့ရမူ့များ၊ လူနည်းစုအပေါ် သီးခြား ခွဲခြားဆက်ဆံခံရမူ့များ၊ အတွက်ကြောင့် ကျွနု​ပ်စိတ်နှလုံး လေးလံစွာခံစားရပါကြောင်း၊

အမှားနှင့်မကင်းကြသော ခရစ်ယာန်များ၊ ကက်သလစ်ပါအပါအဝင် သင်တို့အပေါ်ပြုမူခဲ့ကြသော အတိတ်အမှားများအတွက် ခွင့်လွတ်ကြဖို့ ကျွန်ုပ်တောင်းပန်ပါသည်။ ဘုရားသခင် နှင့် အသင်းတော်၏ နာမတော်၌ သင်တို့ထံမှ ခွင့်လွတ်ခြင်းကို တောင်းပန်ပါသည်။ ခွင့်လွတ်ပေးကြပါ။

သင်တို့ရဲ့သီးခြားဖြစ်တည်မူ့၊ သင်တို့၏ တန်ဖိုး၊ သင်တို့ကို ကာကွယ်ပေးဖို့ မျက်ကွယ်ပြုမိခဲ့ခြင်းများ အတိတ်သမိုင်းတွင်များစွာရှိနေခဲ့ပါသည်၊ အာဗေလ ကဲ့သို့ နူးညံ့သိမ်မွေ့ရမည့်အစား ကာဣန ကဲ့သို့ ရက်စက်ကြမ်းတမ်းစွာ ဆက်ဆံခဲ့မူ့များအတွက် ခွင့်လွတ်ပေးကြပါ။ လူအဖွဲ့အစည်းမှာ တစ်ယောက်ယောက် ကိုနောက်ချန်ထားခဲ့ရင် အဲ့ဒီအဖွဲ့အစည်း ရှေ့မရောက်နိုင်ပါ၊ ထိုအတွက်ကြောင့် မတူခွဲခြားဆက်ဆံမူများ၊ မနာလိုမုန်းထားမှူများ၊ မှားယွှင်းသော ထင်မြင်ယူဆမူ့များကို ရှုံ့ချပါသည်။ တပါးသူကိုယ် လူသားတစ်​ယောက်​ကဲ့သို့ကြင်နာသောစိတ်ဖြင့်မမြင်နိုင်ပဲ မှာယွှင်းသော ထင်မြင်ယူဆမူ့ဖြင့် ဆုံးဖြတ်ကြခြင်းသည် ခရစ်ယာန်ဟုမခေါ်ဆိုထိုက်၊ လူဟူ၍ပင်မခေါ်ဆိုထိုက်ကြောင်း ပြောကြားလိုပါသည်။

စိတ်နှလုံးကောင်းရှိသူအပေါင်းတို့ မနာလို မုန်းထားသော အလေ့အထထက် ချစ်ခြင်းမေတ္တာ ပြည့်ဝသော အလေ့အထကို ရွေးချယ်ကြပါ။ အမုန်းပွားခြင်းကို ချစ်ခြင်းမေတ္တာ ဖြင့်ကျော်လွှားကြပါ၊ အတင်းအဓမ္မ တောင်ဆိုခြင်းမျိုးမဟုတ် ငြိမ်းချမ်းသော သခင်ခရစ်တော်၏ လမ်းစဉ်ကိုသာရွေးချယ်ကြဖို့တိုက်တွန်းပါသည်။

ယင်းတွေ့ဆုံခြင်းတွင် နိုင်ငံတကာမှ လာရောက်ကြသူများကိုလည်း မိမိတို့သမိုင်း၊ ယဉ်ကျေးမှု များကို မကြောက်မရွံ့ ဖော်ထုတ်ကြဖို့။ သူတစ်ပါးယဉ်​​ကျေးမှု မှ ကောင်းသည့်အရာများကို သင်တို့သင်ယူသကဲ့သို့ သင်တို့၏ ကောင်းမွန်သော ယဉ်​ကျေးမှု များကို ဝေမျှကြဖို့လည်း တိုက်တွန်းလိုပါသည်။

https://www.vaticannews.va/en/pope/news/2019-06/pope-romania-forgiveness-roma-community.html

#pope, #romania, #visit, #peterkm,
Photo credits to Vatican News
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Add new comment

4 + 0 =