နိုလ်​ဘယ်ဆုရှင် စတေဖန် ဝါတာလ် ဟဲလ် Stefan Walter Hell ကို ရဟန်းမင်းကြီး ရုံးတော် သိပ္ပံဆိုင်ရာ လေ့လာရေးအဖွဲ့ဝင်အဖြစ် ခန့်အပ်

နိုလ်​ဘယ်ဆုရှင် စတေဖန် ဝါတာလ် ဟဲလ် Stefan Walter Hell

နိုလ်​ဘယ်ဆုရှင် စတေဖန် ဝါတာလ် ဟဲလ် Stefan Walter Hell ကို ရဟန်းမင်းကြီး ရုံးတော် သိပ္ပံဆိုင်ရာ လေ့လာရေးအဖွဲ့ဝင်အဖြစ် ခန့်အပ်
ဇူလိုင် ၂၃၊ ၂၀၁၉

ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်မှ နိုလ်​ဘယ်ဆုရှင် စတေဖန် ဝါတာလ် ဟဲလ် Stefan Walter Hell ကို ရဟန်းမင်းကြီး ရုံးတော် သိပ္ပံဆိုင်ရာ လေ့လာရေးအဖွဲ့ဝင်အဖြစ် ဇူလိုင်လ ၂၂ ရက် တနင်္လာန့က ခန့်အပ်ခဲ့ပါသည်။

သူအား ပုပ်ရဟန်းမင်းကြီးမှ ယင်းကဲ့သို့ ဂုဏ်သိက္ခာ ကြီးမားသော ရဟန်းမင်းကြီး ရုံးတော် သိပ္ပံဆိုင်ရာ လေ့လာရေးအဖွဲ့ဝင်အဖြစ် ခန့်အပ်ခြင်းကို ကြားသိရချိန်တွင် အံ့သြဝမ်းသာခဲ့ရကြောင်း နှင့် ယခုလက်ရှိ ကြုံတွေ့နေရသော စိန်ခေါ်မှူများအတွက် သူ့အနေနှင့် သူလုပ်ရမည့်အခန်းကဏ္ဍအတွက် ပေးဆပ်မူ့များ လုပ်ကိုင်ပေးနိုင်မည်ဟုမျှော်​လင့်ကြောင်း ပြောကြားခဲ့ပါသည်။

စတေဖန် ဝါတာလ် ဟဲလ် Stefan Walter Hell ကို ၁၉၆၂ ခု ဒီဇင်္ဘာ ၂၃ ရက်နေ့တွင် ရိုမေးနီးယား နိုင်ငံ၌ မွေးဖွားခဲ့ပါသည်။ အဏုကြည့်မှန်များကို ကြည်လင်ပြတ်သားမှူပိုမို တိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့မှူ့ကြောင့် ဓာတုဗေဒပညာရပ်ဖြင့် နိုလ်ဘယ်ဆုကို ၂၀၁၄ ခုနှစ်က ရရှိခဲ့သူဖြစ်ပါသည်။

လက်ရှိတွင် ဂျာမနီနိုင်ငံ ဂူတင်ဂန် Göttingen ရှိ Max Planck သိပ္ပံဆိုင်ရာ လေ့လာမှူ့​ကျောင်း နှင့် ဟိုင်ဒူဘတ်ခ်ရှိ Heidelberg ရှိ Max Planck ဆေးပညာဆိုင်ရာလေ့လာရှာဖွေရေးကျောင်း နှစ်ခုတွင် တာဝန်ခံအကြီးအကဲ ဒါရိုက်တာအဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်ပါသည်။
By Kyi Maung
Photo credit to Vatican News

https://bit.ly/2JVzo08

Add new comment

1 + 19 =