နိုင်ငံဆူပူထကြွအောင်လှုံ့ဆော်မူနှင့် တရားစွဲဆိုခံထားရသော ဆရာတော်ကြီးများ၊ ဘုန်းတော်ကြီးများအတွက် ဆုတောင်းပေးကြဖို့ ဖိလစ်ပိုင် ဆရာတော်ကြီးများ တောင်းဆိုခြင်း

ဖိလစ်ပိုင်နိုင်ငံ ဆရာတော်ကြီးများ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဆရာတော်ကြိး

နိုင်ငံဆူပူထကြွအောင်လှုံ့ဆော်မူနှင့် တရားစွဲဆိုခံထားရသော ဆရာတော်ကြီးများ၊ ဘုန်းတော်ကြီးများအတွက် ဆုတောင်းပေးကြဖို့ ဖိလစ်ပိုင် ဆရာတော်ကြီးများ တောင်းဆိုခြင်း
သြဂုတ်လ ၅၊ ၂၀၁၉

ဖိလစ်ပိုင်နိုင်ငံတွင် မူးယစ်ဆေးဝါး ပြသနာကို နိုင်ငံတော်အစိုးရ၏ ဖြေရှင်းမူ့နည်းလမ်း (လူအသက်ကို လက်လွတ်စပယ် သတ်ဖြတ်နေမူ့) နှင့် ပတ်သက်၍ သဘေားထားမတိုက်ဆိုင်သည် အခြေအနေများကြောင့် ကက်သလစ်အသင်းတော် နှင့် နိုင်ငံတော် အစိုးရအကြားတွင် တင်းမာမူ့များ ရှိနေပါသည်။

ဖိလစ်ပိုင်နိုင်ငံ နိုင်ငံတော် ရဲဌာနချုပ်မှ ကက်သလစ်ဆရာတော်ကြီး ၄ ပါး၊ ဘုန်းတော်ကြီး ၃ ပါး၊ ကိုရင်တစ်ပါး၊ နိုင်ငံတော် ဒုသမ္မတ နှင့် အတိုက်ခံပါတီဝင် ၃၅ ယောက်တို့အား အသရေဖျက်မူ့၊ နိုင်ငံဆူပူထကြွအောင်လှုံ့ဆော်မူ၊ တရားစီရင်ရေးကို နှောက်ယှက်မူ့ စသည့် စွဲချက်များ ဖြင့် တရားစွဲဆိုထားကြောင်း၊ ပြစ်မူ့ထင်ရှားပါက ထောင်ကျခံရမည်ဖြစ်ကြောင်းလည်း ဖော်ကြထားပါသည်။ 

 နိုင်ငံဆူပူထကြွအောင်လှုံ့ဆော်မူနှင့် အခြားသော စွဲးဆိုချက်များ ဖြင့် တရားစွဲးခံထားရသော ဆရာတော်ကြီးများမှာ
- Bishop Honesto Ongtioco (Cubao Diocese)
- Bishop Pablo Virgilio David (Kalookan Diocese)
- Retired Bishop Teodoro Bacani Jr. (Novaliches Diocese)
- Archbishop Socrates Villegas (Lingayen-Dagupan Diocese)
ယင်းကဲ့သို့ စွဲဆိုခံထားရမူအပေါ် လုံးဝနားမလည်နိုင်အောင်ဖြစ်ရကြောင်း ဂိုဏ်ချုပ်ဆရာတော် ကြီး Valles မှ ဆုတောင်ပေးကြဖိုတောင်းဆိုခြင်းတွင်ထည့်သွင်းဖော်ပြထားပါသည်။

သိုသော်လည်း ဥပဒေလုပ်ရိုးလုပ်စဉ်များမှာ စတင်မူ့မပြုလုပ်ရသေကြောင်း၊ သိုသော်လည်း ကျမ်းသစ္စာကျိန်ဆိုမူ့ပြုလုပ်ရတောင်ဆိုခံထားရကြောင်း ဆရာတော်ကြီးများအနေနှင့် ခက်ခဲသော အခြေအနေများနှင့် ရင်ဆိုင်နေရကြောင်း၊ တရားဥပဒေရေးရာဌာနမှ တရာစွဲးဆိုချက်များကို စုံစမ်းစစ်ဆေးရန် ထုတ်ပြန်ထားပြီးဖြစ်ကြောင်းကိုလည်းဖော်ပြထားပါသည်။

ဖိလစ်ပိုင်နိုင်ငံ ဆရာတော်ကြီးများ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဆရာတော်ကြိးမှ အတူတကွ စည်းလုံးခြင်း၌ ဆုတောင်းပေးကြဖို့၊ ဘုန်းတော်ကြီးများ၊ သူတော်စင်ဂိုဏ်းဝင်များ၊ ယုံကြည်သူဘာသာဝင်အပေါင်း အတူတကွဆုတောင်းခြင်း၌ ပါဝင်ကြဖို့ကိုလည်း ဖိတ်ခေါ်ထားပါသည်။

မနီလာမြို့ဂိုဏ်ချုပ်ဆရာတော် ရဟန်းမင်းအမတ် ကာဒီနယ် တာ့ကလေ မှလည်း ညှင်းပန်းနှိပ်စက်ခံနေရသော ဆရာတော်ကြီးများ၊ ဘုန်းတော်ကြီးများ၊ အတွက် နှင့် နိုင်ငံကောင်းကျိုးအတွက် ဆုတောင်းပေးကြဖို့ကိုလည်း တနင်္ဂနွေနေ့ မေစ္ဆားတရား ဟေားကြားခြင်းတွင် တောင်းဆိုခဲ့ပါသည်။

UCANEWS/CBCPNEWS တို့မှ သတင်းကို Vatican News မှ ကောက်နုပ်ဖော်ပြပါသည်။

By Kyi Maung
Photo credit to Vatican News, UCANEWS/CBCPNEWS

https://bit.ly/2GOLCHb

Add new comment

3 + 11 =