နိုင်ဂျီးရီးယား နိုင်ငံမှ ဘုန်းတော်ကြီးတစ်ပါး သတ်ဖြတ်မီးရှို့ခံရခြင်း

ဘုန်းတော်ကြီး ဒေဗစ်တန်ကို

နိုင်ဂျီးရီးယား နိုင်ငံမှ ဘုန်းတော်ကြီးတစ်ပါး သတ်ဖြတ်မီးရှို့ခံရခြင်း
သြဂုတ်လ ၃၁၊ ၂၀၁၉

နိုင်ဂျီးရီးယား နိုင်ငံ ဂျာလင်းဂိုသာသနာ မှ ဘုန်းတော်ကြီး ဒေဗစ်တန်ကို သည် သြဂုတ်လ ၂၉ ရက်နေက နိုင်ဂျီးရီးယား နှင့် ကင်မရွန်း နစ် နိုင်ငံ နယ်စပ်အနီး ခရီးသွားနေစဉ် တိုက်ခိုက် သတ်ဖြတ်ခံရပြီး ဘုန်တော်ကြီး အလောင်းကို မီးရှိုဖျက်စီးခဲ့ကြပါသည်။

ဘုန်းတော်ကြီး ဒေဗစ်တန်ကို သည် သြဂုတ်လ ၂၉ ရက်နေက တစ် နှင့် ဂျာကုန် လူမျိုးစုများအကြားဖြစ်ပေါ်နေသော ပြသနာကို နိုင်ငံသားဘုန်းတော်ကြီးများ နှင့် ငြိမ်းချမ်းရေး အစည်းအဝေပြုလုပ် ဆွေးနွေးရန် သွားရောက်စဉ် အသတ်ခံခဲ့ရခြင်းဖြစ်ပါသည်။

ငါတို့တွေ အခုဖြစ်ပျက်နေတဲ့ လူမျိုးစုပြသနာများအတွက် ငြိမ်းချမ်းရေးရရှိဖို့ ဟောပြောနေကြတယ်၊ ဖြစ်နိုင်သောနည်လမ်းတွေ သုံးပြီး စားပွဲမှာ ဆွေးနွေတိုင်ပင်ကြဖို့ကြိုးစားနေချိန်မှာ ဒီလိုအဖြစ်အပျက် သတင်းကြားကြာခြင်း အတွက် အံသြဝမ်းနည်းရကြောင်း၊ သာသနာမှလည်း ဘုန်တော်ကြီးအတွက် ဝမ်းနည်းပူဆွေးကြရကြောင်း၊ ဘုန်းတော်ကြီး သတ်ခံရသည် အပေါ် ငြိမ်းချမ်းသော နည်းလမ်းများ ဖြင့်သာတုန့်ပြန်ကြဖို့ ဂျာလင်းဂိုသာသနာပိုင်ဆရာတော် ချာစ် ဟန်မာဝါ မှ ပြည်တွင်းသတင်းမီဒီယာသို့ပြောကြားခဲ့ပါသည်။
ဆက်လက်ပြီး ဆရာတော်ကြီးမှ ဘုန်းတော်ကြီးအတွက် သင်လျှော်သော ဈားပနအခန်းအနားပြုလုပ်ရန် နှင့် ပိုမိုဆိုးဝါးသည် အခြေအနေများသာဖြစ်ပေါ်စေမည့် လက်တုန်ပြန်ခြင်းမျိုး၊ မည်သူကိုယ်မျှ လက်စာခြေ တုန်ပြန်ခြင်းများ ပြုလုပ်သွားမည်မဟုတ်ကြောင်း၊ ဆရာတော်ကြီးမှပြေားကြားခဲ့ပါသည်။

တစ်ပ် ပြည်သူစစ်များမှ သတ်ဖြတ်သွားခြင်းဖြစ်ကြောင်း တာရာဘာ ဒေသ အကြီးအကဲ ရှီဘန် တီကာရီမှ ပြေားကြားခဲ့ပါသည်။
By Kyi Maung
Credit to CBCP News
https://bit.ly/2jR1Ebj

Add new comment

11 + 1 =