နိုင်ဂျီးရီးယား တွင် ကက်သလစ်ခရစ်ယာန် ဘုန်းတော်ကြီးတစ်ပါး ပြန်ပေးဆွဲခံရ

ပြန်ပေးဆွဲခံရသော ဘုန်းတော်ကြီး John Bako Shekwolo ညှင်းပမ်း​နှိပ်​စက်ခြင်းမခံရဘဲ အမြန်ဆုံးပြန်လည် လွတ်မြောက်လာဖို့ ဝိုင်းဝန်းဆုတောင်းပေး

နိုင်ဂျီးရီးယား တွင် ကက်သလစ်ခရစ်ယာန် ဘုန်းတော်ကြီးတစ်ပါး ပြန်ပေးဆွဲခံရ
မတ်လ ၂၈၊ ၂၀၁၉

နိုင်ဂျီးရီးယား နိုင်ငံ အလယ်ပိုင်း ကာဒူနာ (Kaduna) ဒေသ အန်ကူဝါအီ (Ankuwai) ရွာ စိန့်ထ​ရေဇား ကျောင်းထိုင် ဘုန်းတော်ကြီး John Bako Shekwolo ကို ၂၀၁၉ မတ်လ ၂၅ တနင်္လာနေ့က အမည်မသိ လူတချို့မှ သူ၏ နေအိမ် ဘုန်းတော်ကြီးကျောင်း ကို ဖျက်စီးဝင်ရောက် ဖမ်းခေါ်သွားကြောင်း
ကာဒူနာ ဂိုဏ်းချုပ်သာသနာ ပြောရေးဆိုခွင်ရှိသူ မှ ပြန်ပေးဆွဲခံရသော ဘုန်းတော်ကြီး John Bako Shekwolo သတင်းကို အတည်ပြုပေးပြီး ညှင်းပမ်း​နှိပ်​စက်ခြင်းမခံရဘဲ အမြန်ဆုံးပြန်လည် လွတ်မြောက်လာဖို့ ဝိုင်းဝန်းဆုတောင်းပေးကြရန် တိုက်တွန်းတိုးဆော်ထားပါသည်။

နိုင်ဂျီးရီးယား နိုင်ငံ အထူးသဖြင့် ကာဒူနာဒေသ တွင် ပြန်ပေးဆွဲခြင်းသည် ကြီးမား​သောဈေးကွက်တစ်ခုသဖွယ်ဖြစ်လာနေပြီး ယင်းလုပ်ရပ်မျိုးကို ရူတ်​ချ​ကြောင်း နိုင်ဂျီးရီးယား ခရစ်ယာန်များ အဖွဲ့အစည်းမှ ဖော်ပြထားပါသည်။

နိုင်ငံတော် အစိုးရမှ ယင်းကဲ့သို့သော ပြန်ပေးဆွဲ ခံရသော အမူများကို ရပ်တန့်​အာင်၊ လူတို့၏ အသက်အိုးအိမ်စည်းစိမ် ကို ကာကွယ်ပေးနိုင်မူ လုံးဝမရှိကြောင်း၊ အစိုးရအနေနှင့် လုံခြုံးရေးတာဝန်ယူထားသူများ နိုးထပြီး အစိုးရအလုပ်ဖြစ်သော ပြည်သူလူထု လုံခြုံရေးကို လုပ်ဆောင်ကြဖို့လည်း ဖော်ပြထားပါသည်။

https://www.vaticannews.va/en/church/news/2019-03/nigeria-priest-kidnapped-kaduna-state.html

#nigeria, # priest, #kidnapped, #peterkm
Photo credits to Vatican News
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Add new comment

8 + 0 =