နိုင်ဂျီးတီးယား နိုင်ငံတွင် ပြန်ပေးဆွဲခံရသော ကက်သလစ်ဘုန်းတော်ကြီး ပြန်လည်လွတ်မြောက်လာ

နိုင်ဂျီးတီးယား နိုင်ငံတွင် ပြန်ပေးဆွဲခံရသော ကက်သလစ်ဘုန်းတော်ကြီး ပြန်လည်လွတ်မြောက်လာ

နိုင်ဂျီးတီးယား နိုင်ငံတွင် ပြန်ပေးဆွဲခံရသော ကက်သလစ်ဘုန်းတော်ကြီး ပြန်လည်လွတ်မြောက်လာ
ဇွန်လ ၁၉၊ ၂၀၁၉

ဘုန်းတော်ကြီး Isaac Agubi သည် နိုင်ဂျီးတီးယား နိုင်ငံတောင်ပိုင် Edo ပြည်နယ် Ikpeshi မြို့ရှိ သန့်ရှင်းသော နာမတော် ဘုရားကျောင်း သာသနာနယ်တွင် တာဝန်ထမ်းဆောင်နေသော ဘုန်းတော်ကြီးတစ်ပါးဖြစ်ပါသည်။ ပြီးခဲ့သော တနင်္ဂနွေနေ့က မေစ္ဆားတရားပူဇော်အပြီး အပြန်လမ်းတွင် တောတွင်း ဓားပြ အဖွဲ့မှ ပြန်ပေးဆွဲဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါသည်။

ဒေသခံ အမဲလိုက်သမားများမှ ဓားပြအဖွဲ့ပုန်းအောင်းနေသောနေရာကို သိရှိခဲ့ပြီး အစိုးရရဲတပ်ဖွဲ့ဝင်များကို အင်္ဂါနေ့က လမ်းပြခေါ်ဆောင်ပေးခဲ့ပါသည်။ ဓားပြ အဖွဲ့နှင့် ရဲတပ်ဖွဲ့တို့ အပြန်အလှန် ပြစ်ခတ်မှူ့တွင် ဓားပြတစ်ယောက် ဒဏ်ရာရရှိ အဖမ်းခံရပြီး၊ ဘုန်းတော်ကြီးအားပစ်ထားခဲ့ကာ ထွက်ပြေးသွားကြပါသည်။ ယင်း ဓားပြအဖွဲ့သည် Fulani နွားကျောင်းသား အဖွဲ့များ နှင့် ဆက်စပ်နေကြောင်း Fides နှင့် ပြည်တွင်းသတင်းဌာနတို့မှ ဖော်ပြခဲ့ကြပါသည်။

Fulani ၉၀ ရာခိုင်နှုန်းသည် မွတ်စလင်းများဖြစ်ကြပြီး တောင်အာဖရိက Sahel ဒေသ တွင် အကြမ်းဖက်မှူ့များကို ပိုမိုဆိုးဝါးစေသည့်​အမူ့များ နှင့် ဆက်နွယ်နေကြကြောင်း၊ နိုင်ဂျီးတီးယား မြောက်ပိုင်းတွင် ပြီးခဲ့သော အပတ်က လူ ၁၅၀ အနည်းဆုံးအသတ်ခံရပြီး ၉ ဦးပြန်ပေး ဆွဲခံထားရကြောင်း နှင့် Sokoto ပြည်နယ်တွင် ပြီးခဲ့သော စနေနေ့က Fulani အဖွဲ့၏ လက်ချက်ဖြင့် လူ ၂၅ ဦးသေဆုံးခဲ့ရကြောင်းလည်း ဖော်ပြထားပါသည်။ Ondo ပြည်နယ်တွင်လည်း အမျိုးသမီး နှင့် သူမ၏ လင်ပါသားငယ်တို့ မေစ္ဆားတရားနာရန် အသွားတွင် ပြန်ပေးဆွဲခံရကြောင်း၊ ယင်းမလုံးခြုံသော အခြေအနေများကြောင့် လူအများစုမှာ အမြဲစိုးရိမ်နေကြရကြောင်း၊ Benin မြို့ ဆရာတော် Augustine Akubeze မှလည်း အရင်က မကြုံဖူးသော စိုးရိမ်မှူမျိုးများကြုံတွေ့နေရကြောင်း၊ ပြစ်မူကြူးလွန်သူတွေဟာ အပြစ်ဒဏ်လွတ်ခံရခြင်း၊ ဒဏ်ခတ်မခံရခြင်းတွေကြောင့် နိုင်ငံအနှံအကြမ်းဖက်မူ့များ တိုးပွားလာနေခြင်းဖြစ်ကြောင်းကိုလည်း ထောက်ပြပြောဆိုခဲ့ပါသည်။

https://www.vaticannews.va/en/church/news/2019-06/nigeria-abducted-catholic-priest-freed-fulani.html

#priest, #kidnapped, #nigeria, #peterkm,
Photo credits to vatican news
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Add new comment

7 + 11 =