ငြိမ်းချမ်းရေး နှင့် လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ခဲ့ကြသော D-Day စစ်သားများကို ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ် ကျေးဇူးတင်

၇၅ နှစ်မြောက် D-Day အမှတ်တရနေ့

ငြိမ်းချမ်းရေး နှင့် လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ခဲ့ကြသော D-Day စစ်သားများကို ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ် ကျေးဇူးတင်
ဇွန်လ ၆၊ ၂၀၁၉

၇၅ နှစ်မြောက် D-Day အမှတ်တရနေ့အဖြစ် ဒုတိယကမ္ဘာ စစ်ပွဲ အတွင်း ဥရောပသို့ မဟာမိတ်တပ်များ ဝင်ရောက်ခဲ့သော နေ့ကို ကမ္ဘာတစ်ဝှမ်းမှ နိုင်ငံခေါင်းဆောင်းများ စစ်မှူ့ထမ်းဟောင်းအဖွဲ့ဝင်များမှ အမှတ်တရ အောက်မေ့ဖွယ်ရနေ့အဖြစ် ကျင်းပနေကြပါသည်။

ယင်းအမှတ်တရနေ့အတွက် ငြိမ်းချမ်းရေး နှင့် လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ခဲ့ကြသော D-Day မဟာမိတ် စစ်သားများကို ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ် ကျေးဇူးတင်ကြောင်းဖော်ပြခဲ့ပါသည်။

ဒုတိယကမ္ဘာစစ်က တိုက်ပွဲဝင်ခဲ့သော မဟာမိတ် စစ်သည်များ အတွက် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ် ပေးပို့သော ကျေးဇူတင်လွှာကို ပြင်သစ်နိုင်ငံ Bayeux-Lisieux မှ ဆရာတော် Jean-Claude Boulanger မှ မေစ္ဆားတရား တော်မြတ်တွင်ဖတ်ကြားခဲ့ပါသည်။

၁၉၄၄ ခုနှစ် ဇွန်လ ၆ ရက် နော်မန်ဒီကမ်းခြေ နှင့် ဥရောပကို မဟာမိတ်တို့ ဝင်ရောက်ခဲ့သည့်နေ့ ရက်စက်ကြမ်းကြုတ်သော နာဇီစနစ်ဆိုး ကို အဆုံးအဖြတ်ပေးသော ယင်းတိုက်ပွဲသည် ဒုတိယကမ္ဘာစစ်ကို အဆုံးသတ်ဖို့ လမ်းဖွင့်ပေးခဲ့သော အရာဖြစ်ခဲ့သောလည်း ယင်းစစ်ဒဏ်ကြောင့် ဥရောပ နှင့် တကမ္ဘာလုံး အထိနာခဲ့ကြရပါသည်။

ငြိမ်းချမ်းရေး နှင့် လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ခဲ့ကြသော D-Day မဟာမိတ် စစ်သားများကို ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ် ကျေးဇူးတင်ကြောင်းဖော်ပြခဲ့ပြီး ဒုတိယကမ္ဘာစစ်ကြောင့် သန်းပေါင်းများစွာ သေကြေပျက်စီးခဲ့ကြရသောသူများ နှင့် တိုက်ပွဲတွင်ကျဆုံးသွားခဲ့ကြသော စစ်သားများအတွက် ဆုတောင်းပေးကြောင်း ကိုလည်းထည့်သွင်းဖော်ပြထားပါသည်။

ရှေးလူကြီးများ သားစဉ်မြေးဆက်ပေးခဲ့သော ကိုယ်ကျင့်တရားပိုင်ဆိုင်ရာကြွယ်ဝသော အမွေအနှစ်များကို ရိုသေလေးစားခြင်း၊ ကျွနု​ပ်တို့အားလုံးတာဝန်ယူထိမ်းသိမ်းရမည့် သဘာဝပတ်ဝန်းကျင်ကို ရိုသေလေးစားခြင်း၊ အများကောင်းကြိုးကာကွယ်ခြင်းနှင့် တရားဥပဒေကို ရိုသေလေးစားလိုက်နာခြင်း၊ မည်သည့်​ဒေသ၊ မည်သူမည်ဝါပဲဖြစ်ဖြစ် လူတိုင်းအပေါ် ငြိမ်းချမ်းခြင်းကို အခြေခံပြီး ရိုသေလေးစားခြင်း ကို နောက်မျိုးဆက်သစ်များ ဒီကနေ့ ၇၅ နှစ်မြောက် D-Day အမှတ်တရနေ့မှ နောင်အစဉ်အဆက်သတိတရ ရှိနေစေလိုကြောင်းကိုလည်း ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှက်သူမြတ် ပေးပိုသော ကျေးဇူးတင်လွှာတွင် ဖော်ပြထားပါသည်။

https://www.vaticannews.va/en/pope/news/2019-06/pope-francis-gratitude-for-allied-soldiers-courage-d-day.html

#d-day, #wwii, #peace, #peterkm,
Photo credits to Vatican News
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Add new comment

5 + 14 =