ငြိမ်းချမ်းရေးဖော်ဆောင်ဖို့ တို့အားလုံး မှာတာဝန်ရှိတယ်

ဘာသာတရားဝတ်ပြုရာနေရာတွေကိုပြစ်မှတ်ထားတိုက်ခိုက်မူ

ငြိမ်းချမ်းရေးဖော်ဆောင်ဖို့ တို့အားလုံး မှာတာဝန်ရှိတယ်
သြဂုတ်လ ၂၃၊ ၂၀၁၉

ကုလသမ္မဂ မှ သြဂုတ်လ ၂၂ ရက်နေ့ကို ဘာသာတရား နှင့်ကိုယ်းကွယ်ယုံကြည်မူ့အပေါ် အကြမ်းဖက်တိုက်ခိုက် မူ့များကို ဖယ်ရှားရေး နေ့အဖြစ် တကမ္ဘာလုံး အတိုင်းအတာ သတ်မှတ်ပြီး ဘာသာရေးအဖွဲ့အစည်းများအပေါ်ညှင့်ပန်း နှိတ်စက် မူများ အဆုံးသတ်ဖို့တိုက်တွန်းရင်း သတ်မှတ်ကျင်းပခဲ့ပါသည်။

ဘာသာတရား နှင့်ကိုယ်းကွယ်ယုံကြည်မူ့အပေါ် အကြမ်းဖက်တိုက်ခိုက် မူ့များကိုကြောင့် ခံစားနေရသော ဒုက္ခရောက်ကြရသူများကို မပြောင်းလည်သော ကူညီမူမျိုးဖြင့် ကူညီပေးသွားရန် ဒီနေ ကျွန်ုပ်တို့အခိုင်အမာ အတည်ပြုလိုက်ပါတယ်။ ကျွနုပ်တို့ တပ်နိုင်သမျှ အစွမ်းအစအားလုံးနှင့် ယင်းကဲ့သိုသော အကြမ်းဖက်မူ့များကို ခုခံသွာမည်ဖြစ်ပြီး ပြုလုပ်သူအပြစ်ရှိသူများကိုလည်း တာဝန်ယူမူ တာဝန်ခံမူ့ရှိရမည် ဟု ကုလသမ္မဂ အထွေထွေအတွင်းရေမူးချုပ် အန်တိုးနီယို ဂူတဲရက်စ် မှ ယင်းအခန်းအနားတွင်ပြောကြားခဲ့ပါသည်။

ဂျူးတွေဟာ သူတို့ရဲ့ တရားဇရတ်တွေမှာ အသတ်ခံရတယ်၊ မွတ်ဆလင် တွေဗလီတွေမှာ အသတ်ခံရတယ်၊ ခရစ်ယာန်တွေ ဘုရားကျောင်းတွေမှာ အသတ်ခံရတယ် ဒီအဖြစ်အပျက်တွေ ကမ္ဘာအနှံအပြားမှာ ဖြစ်ပျက်နေတယ်၊ ဘာသာတရားဝတ်ပြုရာနေရာတွေကိုပြစ်မှတ်ထားတိုက်ခိုက်မူတွေ ပိုမိုများပြာလာနေတယ်၊ ဆီးရီးယား နှင့်အာဖရိက အလယ်ပိုင်းတွေမှာ ကိုးကွယ်ယုံကြည်မူ့အပေါ် အခြေခံပြီး တိုက်ခိုက်ခံနေရတယ်၊
ကမ္ဘာဘာသာတရားကြီးများ က စိတ်ရှည်ခြင်း သည်းခံခြင်းများ နှင့်အတူတကွ နေထိုင်ကြတယ် ထို့အတူ တချိန်တည်းမှာပဲ အမှားတွေ၊ အမုန်းတရာတွေ၊ ကြောက်ရွံမူတွေပြန့်နှံအောင် လုပ်ဆောင်နေမူ များ၊ ဘာသာတရားကို အခြေခံပြီး မှာယွင်းသော အယူအဆများကို လူအများဒုက္ခရောက်အောင်လုပ်ဆောင်နေမူ့များကို ဆန့်ကျင်ရမယ် ဟန့်တားရမည်။ မတူကွဲးပြားမူ့မှာ ပြည့်ဝသော အင်းအားတွေကို ဖော်ထုတ်ရမယ်။

ဘာသာတရား၊ ကိုးကွယ်ယုံကြည်မူ့ကြောင့် ညှင်းပန် နှိပ်စက်ခံနေရမူ့များကို အကောင်းဆုံးဆန့်ကျင်သော နည်းလမ်း ကတော့ တို့အတူတကွ ကောင်းမွန်မူ့များအတွက် တပေါင်း တစည်းတည်း တောင်းဆိုခြင်း၊ မကောင်းမူ့၊ အမုန်းတရားကို ငြိမ်းချမ်းခြင်း သတင်းစကားတို့ဖြင့် လူ့အခွင်းများကို ကာကွယ်ခြင်း၊ မတူကွဲးပြားမူ့ကို ကောင်းမွန်သောစိတ်ထားဖြင့်လက်ခံခြင်းတို့၌ ပြန်လည်တွန်းလှန်ခြင်းဖြစ်တယ်။ ငြိမ်းချမ်းရေးဖော်ဆောင်ဖို့ တို့အားလုံး မှာတာဝန်ရှိတယ် ဟု ကုလသမ္မဂ အထွေထွေအတွင်းရေမူးချုပ် အန်တိုးနီယို ဂူတဲရက်စ် မှ ယင်းအခန်းအနားတွင်ပြောကြားခဲ့ပါသည်။
By Kyi Maung
Photo credits to Vatican News

https://bit.ly/30FLcuA

Add new comment

17 + 0 =