၅၇ ကြိမ်မြောက် ခေါ်တော်မူခြင်းအတွက် ဆုတောင်းရန်နေ့ကို ကက်သလစ်အသင်းတော်ကျင်းပ

၅၇ ကြိမ်မြောက် ခေါ်တော်မူခြင်းအတွက် ဆုတောင်းရန်နေ့ကို ကက်သလစ်အသင်းတော်ကျင်းပ

၅၇ ကြိမ်မြောက် ခေါ်တော်မူခြင်းအတွက် ဆုတောင်းရန်နေ့ကို ကက်သလစ်အသင်းတော်ကျင်းပ

အမိကက်သလစ် အသင်းတော်ကြီးဟာ ဒီနှစ်မှာ ၅၇ ကြိမ်မြောက် ခေါ်တော်မူခြင်းအတွက် ဆုတောင်းရာ နေ့အဖြစ် မေလ ၃ ရက်နေ့ကိုကျင်းပ မှာမို့ သာသနာ အသီးသီးမှာခေါ်တော်မူခြင်းနဲ့ပတ်သက်တဲ့ အစီအစဉ်တွေ အမျိုးမျိုး ကို လုပ်ဆောင်နေကြပါတယ်။

ပါစကားကာလ စတုတ္ထ တနင်္ဂနွေနေ့ဟာ ဆိုရင် ကောင်းသောသိုးထိန်း ပွဲ​နေ့လည်းဖြစ်ပြီး ၅၇ ကြိမ်မြောက် ခေါ်တော်မူခြင်းအတွက်ဆုတောင်းရန်နေ့လည်းဖြစ်ပါတယ်။ ဒီနေ့ရက်တွေမှာရဟန်းဘဝ၊ သစ္စာသုံးပါးခံသူတော်စင်ဘ၀နဲ့ ဆက်ကပ်သူများပြားလာရေးအတွက် အစီအစဉ်အမျိုးမျိုးဖြင့် ပြုလုပ်ကြဘို့နဲ့ ဒီ ဘ၀ လျှောက်လှမ်းနေသူ ကြိုးစားနေသူများအတွက် အထူးဆုတောင်းပေးကြ ဘို့ ကက်သလစ်များအားလုံးဟာ ဖိတ်ခေါ်ခြင်းခံကြရပါတယ်။ ဒီအစီအစဉ်ဟာဆိုရင် ၁၉၆၃ ခုနှစ်မှာ Pope St.Paul VI က စတင် မိတ်ဆက်ပေးခဲ့တာပါ။

ဒီနေ့ထူးရက်မြတ်နှင့်ပတ်သက်ပြီးတော့လည်း မတ်လ ၈ ရက်နေ့က ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်က ခေါ်တော်မူခြင်းနှင့်ပတ်သက်သည့် အဓိက အချက်များဖြင့် စာစောင်ရေးသားထုတ်ဝေခဲ့ပ​ြီးဖြစ်သလို ၄င်းအချက်အလက်များကို ရဟန်းများအတွက် ယခင်နှစ်က ထုတ်ဝေခဲ့သည့်စာစောင်တဃင်လည်း ထဲ့သွင်းသားခဲ့ကြောင်း

ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးကာအလယ်မှာ ကမ္ဘာတဝှမ်းရှိကက်သလစ် သာသနာစီရင်စု အသီးသီးကတော့ အသစ်သောနည်းလမ်းများဖြင့် ဒီနေ့ကို ကျင်းပနေကြတာဖြစ်ပါကြောင်း
Vatican သတင်းအရ သိရှိရပါတယ်။

By Sr.Lucia Thandar Aung,SJA
စစ္စတာရ်လူစီယားသန္တာအောင်

https://bit.ly/2KV8Fl6
 

Add new comment

6 + 7 =