၄၉ ကြိမ်မြောက် အီတလီကက်သလစ်ဘာသာဝင်များ၏ ဆိုရှယ်ရက်သတ္တပတ်၌ ပါဝင်သူများထံသို့ ပုပ်ဖရန်စစ် သတင်းစကားပေးပို့

၄၉ ကြိမ်မြောက် အီတလီကက်သလစ်ဘာသာဝင်များ၏ ဆိုရှယ်ရက်သတ္တပတ်၌ ပါဝင်သူများထံသို့ ပုပ်ဖရန်စစ် သတင်းစကားပေးပို့

၄၉ ကြိမ်မြောက် အီတလီကက်သလစ်ဘာသာဝင်များ၏ ဆိုရှယ်ရက်သတ္တပတ်၌ ပါဝင်သူများထံသို့ ပုပ်ဖရန်စစ် သတင်းစကားပေးပို့

ပုပ်ရဟန်းမင်းကြီးဖရန်စစ် အရှင်သူမြတ်သည် အီတလီနိုင်ငံ၊ တာရာတိုမြို့၌ ၄၉ ကြိမ်မြောက် အီတလီကက်သလစ်ဘာသာဝင်များ၏ ဆိုရှယ်ရက်သတ္တပတ်၌ ပါဝင်သူများထံသို့ သတင်းစကား တစ်ခု ပို့ခဲ့သည်။ ၎င်းပွဲ၏ ဆောင်ပုဒ်မှာ "ကျွန်ုပ်တို့ မျှော်လင့်သောကမ္ဘာဂြိုဟ်၊ ပတ်ဝန်းကျင်၊ အလုပ်၊ အနာဂတ်၊ အရာအားလုံးသည် ဆက်စပ်နေသည်" ဟု ဖြစ်သည်။

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က အခြားသူများ၏ အော်ဟစ်သံကို အာရုံထား၍ အစဉ်တစိုက် လှုပ်ရှားတတ်သောသူများ၊ လိုအပ်လျှင် မိမိတို့ လမ်းကြောင်းကိုပြောင်း၍ ပိုမိုကောင်း‌သော ကမ္ဘာကြီးနှင့် လူသားကမ္ဘာ ကောင်းကျိုးအတွက် အခြေအနေ အရပ်ရပ်၌ လိုက်လျောညီထွေဖြစ်အောင်နေတတ်သော လူ့ဘောင်နှင့် ကမ္ဘာလောကကြီးကို မျှော်လင့်လျက်ရှိကြောင်း မိန့်ကြားခဲ့သည်။

ပုပ်ရဟန်းမင်းကြီး အရှင်သူမြတ်သည် အီတလီနိုင်ငံ တောင်ပိုင်းရှိ Taranto ၏ ကမ်းရိုးတန်းမြို့၌ ကြာသပတေးနေ့က စတင်ကျင်းပသည့် ၄၉ ကြိမ်မြောက် အီတလီကက်သလစ်ဘာသာဝင်များ၏ ဆိုရှယ်ရက်သတ္တတပတ် အခမ်းအနားသို့ တက်ရောက်သူများအား မှာကြားရာ၌ ၎င်းအဖွဲ့အစည်း၏ ပုံရိပ်ကို တိုက်တွန်းနှိုးဆော်ခဲ့သည်။ အောက်တိုဘာ ၂၁ မှ ၂၄ အထိ ပွဲ၏အစမှာ "ကျွန်ုပ်တို့ မျှော်လင့်သောကမ္ဘာဂြိုဟ်၊ ပတ်ဝန်းကျင်၊ အလုပ်၊ အနာဂတ်၊ အရာအားလုံးသည် ဆက်စပ်နေသည်"ဟုဆိုသည်

ပုပ်ရဟန်းမင်းကြီး အရှင်သူမြတ်၏ မိန့်ကြားချက်၌ ၎င်းအစည်းအဝေးသည် ကပ်ရောဂါကြောင့် ထွက်ပေါ်လာသည့် ကျန်းမာရေးနှင့်လူမှုရေး အကျပ်အတည်း အခြေအနေများ ဖြစ်ပေါ်ခြင်းကို သတိပြုမိသည်။ “ကျွန်ုပ်တို့သည် ပြတင်းပေါက်နားတွင် ရပ်စောင့်လျက် အနားယူ၍ မရနိုင်ပါ၊ တခြားသူများနှင့် လူ့အဖွဲ့အစည်းအတွက် တာဝန်မယူဘဲလျစ်လျူရှု၍မရ။ ကျွန်ုပ်တို့သည် ဂျုံမုန့်စိမ်းကိုစွန့်ပေး‌သော တဆေးဖြစ်ရန် ခေါ်တော်မူခြင်း ခံကြရ၏။ ”

ကပ်ရောဂါသည် ကျွန်ုပ်တို့အားလုံးကို အရာရာလွှမ်းမိုးနိုင်စွမ်းရှိသည်ဟု မှားယွင်းသော အယူအဆကို ချိုးဖျက်၍ ကျွန်ုပ်တို့ပိုင်ဆိုင်သည့် နယ်မြေနှင့် ကျွန်ုပ်တို့နေထိုင်ရာ ပတ်ဝန်းကျင်ကိုနင်းချေပစ်နိုင်သည်။ ဤကိစ္စနှင့် ပတ်သက်၍ ပုပ်ရဟန်းမင်းကြီးသည် သဘာဝပတ်ဝန်းကျင်နှင့်ဆိုင်သော ပြောင်းလဲခြင်း၊ အဖွဲ့အစည်းပြောင်းလဲခြင်း၏ ရဲရင့်ခြင်းအတွက် တောင်းဆိုခဲ့သည်။ လူမှုရေး ရက်သတ္တတပတ်တွင် ပါ၀င်သူများအား သန့်ရှင်းသော ဝိညာဉ်တော်အတွက် လမ်းဖွင့်ပေးလျက် ဆင်းရဲသားများ၊ နောက်ဆုံးသောသူများ၊ စိတ်ပျက်အားငယ်နေသူများ၊ ညစ်ညမ်းမှုများအကြား၌ ရှင်သန်နေကြရသော မိသားစုများ၊ ခေါင်းပုံဖြတ်ခံရသူများ၊ မီးရှို့ဖျက်စီးခံရသောနေရာများ၊ အကျင့်ပျက်ခြစားမှုကြောင့် ပျက်စီးခြင်းခံရသူများနှင့် အောက်ခြေအဆင့်တွင် နေထိုင်နေရသူများ၏ အော်ဟစ်သံကို နားစွင့်ရန် ဖိတ်ခေါ်ခဲ့သည်။ ဤကိစ္စနှင့် ပတ်သက်၍ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်သည် အီတလီကက်သလစ်ဘာသာဝင်များအား မျှော်လင့်ခြင်း၏ လမ်းမပေါ်ရှိ “လမ်းအမှတ်အသားများ” သုံးခုအကြောင်းကို မြွက်ကြားခဲ့သည်။

ပထမတစ်ခုမှာ မိမိတို့၏ဇာတိနိုင်ငံကို စွန့်ခွာကြရသည့် လူငယ်များ၊ အလုပ်လက်မဲ့ သို့မဟုတ်ခေါင်းပုံဖြတ်ခံရသည့် လူငယ်များကဲ့သို့ စိတ်ပျက်အားငယ်နေသောသူများ ဖြတ်သွားကြသည့် လမ်းကြောင်းများကို သတိထားဖို့လိုပါသည်။ ကပ်ရောဂါကြောင့် အလုပ်လက်မဲ့ဖြစ်သွားကြသော အမျိုသမီးများ (သို့) မိခင်ဘဝနှင့်အသက်မွေးဝမ်းကျောင်းအကြား ရွေးချယ်မှုတစ်ရပ်လုပ်ရန် အတင်းအဓမ္မ ခိုင်းစေခံရသော အမျိုးသမီးများ၊ အခွင့်အလမ်းမရှိသော အလုပ်သမားများ၊ လက်ခံကြိုဆိုခြင်းနှင့်ပေါင်းစည်းခြင်းမရှိသော ဆင်းရဲသားများနှင့် ကြိုဆိုလက်ခံခြင်းမခံရသူများ ပူးပေါင်းပါဝင်ခြင်းအတွက် ဖိတ်ခေါ်ခြင်းမခံရသော ရွှေ့ပြောင်းအလုပ်သမားများ၊ အထီးကျန်၍နေသော အစွန့်ပစ်ခံ သက်ကြီးရွယ်အိုများ၊ အတိုးချစားမှု ခံနေရသော မိသားစုဝင်များ၊ လောင်းကစားမှုနှင့် အဂတိလိုက်စားခြင်းခံရသော မိသားစုများ၊ မာဖီးယားဂိုဏ်းများ၏ အလွဲသုံးစားမှုကို ခံနေရသော စီးပွါးရေး လုပ်ငန်းရှင်များ သို့မဟုတ် မီးကြောင့်ပျက်စီးသော အသိုင်းအဝိုင်း များစွာရှိသည်။ သို့တည်းမဟုတ် မျက်ကန်းပမာ ဖြစ်နေကြသော သူများ၊ အရွယ်ရောက် လူကြီးများနှင့် ကလေးသူငယ်များ၊ မလုံခြုံသော အခြေအနေများတွင် ခက်ခဲကြမ်းတမ်း၍ လူမဆန်သည့် လုပ်ရပ်များကို လုပ်ဆောင်ရန် အတင်းအဓမ္မခိုင်းစေခြင်းခံရသော အလုပ်သမားများ၊ မလုံခြုံသည့် အခြေအနေများစွာကြားက ရှင်သန်နေရသူ များစွာလည်းရှိသည်။ ထိုကဲ့သို့ ရက်ရက်စက်စက် ပြုမူဆက်ဆံခြင်းခံရပြီး ရှင်ပြန်ထမြောက်ခြင်းကို စောင့်ဆိုင်းနေကြသော ကျွန်ုပ်တို့၏ ညီအစ်ကို၊ မောင်နှမများကို ကျွန်ုပ်တို့ လျစ်လျူရှု၍ မရနိုင်ကြောင်း ပုပ်ရဟန်းမင်းကြီး အရှင်သူမြတ်က မိန့်ကြားခဲ့သည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် ထိုသူတို့အားလုံး၏ တရားဝင်မျှော်လင့်ချက်များကို အကောင်အထည်ဖော်နိုင်ရန် မည်သူတစ်ဦးတစ်ယောက်ကိုမှ ချန်လှပ်ထားခြင်း မရှိရလေအောင် သန့်ရှင်းသော ဝိညာဉ်တော်သည် လူအားလုံးအား လှုံ့ဆော်‌မည့်အကြောင်း ဆုတောင်းခဲ့သည်။

ပုပ်ရဟန်းမင်းကြီး ကမ်းလှမ်းသော ဒုတိယ “လမ်းအမှတ်အသား” သည် “ကားရပ်မနားရ” ဟူသောဆိုင်းဘုတ်ဖြစ်ပြီး၊ မောပန်း၍ အခက်အခဲများ ရင်ဆိုင်နေရစဉ်တွင် လိုရာဖြစ်စေတော့ ဟူသောပုံစံဖြင့် အရှုံးပေးနုတ်ထွက်ခြင်းသည် ဧဝံဂေလိကျမ်း၏ အလင်းကို မှေးမှိန်စေကြောင်း ထောက်ပြသည်။ ဆန့်ကျင်ဘက်အနေနှင့် ကျွန်ုပ်တို့အား ရပ်တန့်ရန် မည်သည့်အခါမျှ တွန်းအားမပေး ဘုရားသခင်၏ ချစ်ခြင်းမေတ္တာတော်သည် ငြိမ်သက်လျက်မရှိချေ။ မျှော်လင့်ချက်သည် အမြဲတမ်း ရွေ့လျားလျက်ရှိကြောင်း အလေးအနက် ပြောကြားရာ၌ "ကျွန်ုပ်တို့သည် ဘုရားကျောင်း အနောက်ခန်း၌သာ မနေဘဲ အပြင်ဘက်သို့ ထွက်ကြပါစို့။ အဖွဲ့အစည်းအား ခွဲခြားစေ၍ အခြားသူများအတွက် တံခါးပိတ်လျက်ရှိသော အထက်တန်းဟန်ပန် လေလန်ရှိသော အုပ်စုကို ဖွဲ့စည်းခြင်း ရပ်တန့်ကြပါစို့၊ ဟူ၍ မိန့်ကြားခဲ့သည်။

ခရစ်ယာန်များသည် မကောင်းမှုကို ရှုတ်ချရုံမျှမက ကယ်တင်ခြင်းလုပ်ငန်းစဉ်နှင့် သက်ဆိုင်သော လူမှုကွန်ရက်များ ဖွဲ့စည်းရန်အတွက် မိမိ၌တာဝန်ရှိကြောင်း လက်ခံယူရန် ကန့်သတ်တိုင်းတာခြင်း လမ်းထက်ဝက်မျှနှင့် မရပ်နားသင့်ကြောင်း မြွက်ကြားခဲ့သည်။ “ပိုမိုကောင်းမွန်သော ကမ္ဘာကြီးနှင့် အရည်အသွေးမြင့်မားသော လူနေမှုဘ၀ကို ချန်ဟမပေးနိုင်သည့် နည်းပညာနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုသည် တိုးတက်မှုဟု မယူဆနိုင်ပါ။ ထိုမျှမက ကျွန်ုပ်တို့သည် ကောင်းသောမျိုးစေ့ကို ကြဲရန် မကြောက်ရွံ့ကြောင်း မိန့်ကြားခဲ့သည်။

ပုပ်ရဟန်းမင်းကြီးက တတိယမြောက် "လမ်းအမှတ်အသား" မှာ "လှည့်ရမည့် တာဝန်ဝတ္တရား"ဖြစ်သည်ဟာဆိုသ ်။ “မျှော်လင့်ခြင်းသည် ကျွန်ုပ်တို့၏ ပြဿနာကို ဖြေရှင်းနိုင်ရန် အမြဲတမ်းတစ်စုံတစ်ရာ လုပ်နိုင်ကြောင်း” မိန့်ကြားခဲ့သည်။ လိုအပ်နေသော အရာသည် သဘာဝပတ်ဝန်းကျင်နှင့်ဆိုင်ရာ အပင်နှင့် သတ္တဝါတို့၏ ဆက်နွယ်မှု၊ လူသားတို့နှင့် ဆက်နွယ်မှု သာမကနှလုံးသား၏ ဆက်နွယ်မှုကိုပါ ထိရှစေသောပြောင်းလဲခြင်းတစ်ခု လိုအပ်လျက်ရှိသည်။ လှည့်ရမည့် မှတ်တိုင်သည် အသိစိတ်များကို ပုံဖော်ပြီးမှသာ ရောက်လာမည်ဖြစ်ပြီး ထိုဩတ္တပ္ပစိတ်သည် အာမခံပြီးသားသူများကို ကာကွယ်ရန် လွယ်ကူသည့် အဖြေကိုမရှာဘဲ ကျွန်ုပ်တို့၏ ယုံကြည်ချက်တွေကို မည်သို့ဖွဲ့စည်းသင့်ကြောင်း သိမှသာ ဖြစ်လာမည်ဖြစ်ကြောင်း မိန့်ကြားခဲ့သည်။

၎င်းသည် ကျွန်ုပ်တို့ မျှော်လင့်သော ကမ္ဘာဂြိုဟ်ကို ဖန်တီးဖို့ရန် အကူအညီပေးလိမ့်မယ်။ ၎င်းဂြိုလ်တု၌ တွေ့ဆုံဆွေးနွေးရေး ယဉ်ကျေးမှုနှင့် ငြိမ်းချမ်းရေးတို့သည် နေ့သစ်ကို ယူဆောင်လာပေး၍၊ အလုပ်သည် လူ့ ဂုဏ်သိက္ခာကိုကာကွယ်ပေးသည်သာမက၊ ဖန်ဆင်းခြင်းကိုအကာအကွယ်ပေး၍ ယဉ်ကျေးမှုအရ ခြားနားနေသော ကမ္ဘာကြီးအား စုဝေးဆုံစည်းစေကာ လူ့ဘုံကောင်းကျိုးအတွက် ထည့်သွင်းစဉ်းစားခြင်းအားဖြင့် ဖွဲ့စည်းထားကြောင်း မိန့်ကြားခဲ့သည်။

ဘာသာပြန်-စစ္စတာရ်လူစီကျဲန်၊ SJA

Photo courtesy of Vatican Radio Archives

https://bit.ly/3bam45U

Add new comment

6 + 13 =