၂၀၅၀ တွင် ဗာတီကန်၌ ကာ ဗွန်ဒိုင်အောက်ဆိုက်ထုတ်လွှတ်မှု သုညအထိရောက်စေမည်ဟု ပုပ်ဖရန်စစ်ကတိပြု

၂၀၅၀ တွင် ဗာတီကန်၌ ကာ ဗွန်ဒိုင်အောက်ဆိုက်ထုတ်လွှတ်မှု သုညအထိရောက်စေမည်ဟု ပုပ်ဖရန်စစ်ကတိပြု

ပြီးခဲ့သော ရက်သတ္တပတ်က UN ၏ အထွေထွေ အတွင်း ရေးမှူးဖြစ်သူ Antonio Guterres သည် လာမည့်နှစ်သုံးဆယ်အတွင်း ၃၄.၇ ဒီဂရီ ဖာရင်ဟိုက်အထိ ကျော်လွန်မြင့်တက်လာနိုင်သည့် ကမ္ဘာ့အပူချိန်ကို ကာကွယ်ရန်အ တွက် အသစ်သောဆောင်ရွက်မှုများကို လုပ်ဆောင်ရန် ကမ္ဘာ့ခေါင်း ဆောင်(၇၇)ဦးကို ဖိတ် ကြားခဲ့ပြီး ရာသီဥတုနှင့် ပတ် သက်သည့် ထိပ်သီးအစည်း အဝေးကို ကျင်းပခဲ့သည်။ ထိုအစည်းအဝေးတွင် ပုပ်ရဟန်း မင်းကြီး ဖရန်စစ်အရှင်သူမြတ်လည်း ပါ၀င်ခဲ့သည်။

ထိုအစည်းအဝေးတွင် ရဟန်းမင်း ကြီးအရှင်သူမြတ်မှ “၂၀၅၀ မတိုင်မှီတွင် ဗာတီကန်နိုင်ငံ၌ ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လွှတ်မှု သုညအထိ ရောက်စေရမည်ဟူသောအ ချက်နှင့် လူပေါင်း သန်း(၇၀) နီးပါး ပညာသင်ယူလျှက်ရှိကြသော ကမ္ဘာတစ်ဝှမ်းမှကက်သ လစ်ကျောင်းနှင့် ကက်သ လစ်တက္က သိုလ်များတွင် သဘာ၀ ပတ်၀န်းကျင်နှင့်ပတ်သက်ပြီး သင်ကြားခြင်းကို မြှင့်တင်ပေးမည်ဟူသော” ကတိနှစ်ခုကို ပေးခဲ့သည်။

ဘာသာပြန်-Bro.Patrick Aye Shine Aung

Photo courtesy of: NPR

https://bit.ly/2Wrh99 

 

Add new comment

1 + 0 =