(၂၀၂၇) ကမ္ဘာ့လူငယ်များနေ့ကို အိမ်ရှင်အဖြစ်လက္ခံကျင်းပမည့်နိုင်ငံကား ကိုကြေငြာလိုက်ပြီ

(၂၀၂၇) ကမ္ဘာ့လူငယ်များနေ့ကို အိမ်ရှင်အဖြစ်လက္ခံကျင်းပမည့်နိုင်ငံကား ကိုကြေငြာလိုက်ပြီ

ရဟန်းမင်းကြီဖရန်စစ်သည် ဩဂုတ်လ (၂) ရက်နေ့ကပေါ်တူဂီနိုင်ငံ၊ လစ်ဘွန်းသို့ရောက်ရှိနေခဲ့သည်။ လစ်ဘွန်း၌ကမ္ဘာ့နိုင်ငံအသီးသီးမှလူငယ်များ (၃၇) ကြိမ်မြောက်ကမ္ဘာ့လူငယ်များနေ့ကိုကျင်းပရန် ရောက်ရှိနေခဲ့ကြသည်။

ကမ္ဘာ့လူငယ်များနေ့ကို ဩဂုတ်လ (၁ မှ ၆) အထိကျင်းပလာခဲ့ရာ ယနေ့သည်နေက်ဆုံးနေ့ဖြစ်ပါသည်။ အစဉ်အလာအရ နှစ်စဉ်ကမ္ဘာ့လူငယ်များနေ့၏နောက်ဆုံးနေ့၌လာမည့်တစ်ကြိမ်၌အိမ် ရှင်အဖြစ်လက္ခံမည့်အိမ်ရှင်နိုင်ငံကိုတရား၀င်ကြေညာလေ့ရှိသည်။ ထို့အတူ ယနေ့လည်းရဟန်းမင်းကြီးဖရန် သည် လာမည့်တစ်ကြိမ်် (၂၀၂၇) တွင်ကျင်းပမည့်ကမ္ဘာ့လူငယ်များနေ့ကိုအိမ်ရှင်အဖြစ်လက္ခံကျင်းပမည့်နိုင်ငံမှာ ‘တောင်ကိုးရီးယား’ ဖြစ်ကြောင်းကြေညာခဲ့သည်။ လာမည့်ကမ္ဘာ့လူငယ်များနေ့ကို (၄) နှစ်အကြာအတွင်ကျင်းပမည်ဖြစ်သည်။

ရဟန်းမင်းကြီးသည် ကမ္ဘာ့လူငယ်များနေ့မတိုင်မီ (၂၀၂၅) ၌ကျင်းပမည့် ရောမသာသနာ တည်ခြင်း (၂၀၂၅) နှစ်ပြည့်ဂျူဗလီပွဲဖြစ်၍ ရောမသို့ဦးစွာလာရောက်ရန်လူငယ်ထုအားဖိတ်ကြားခဲ့သည်။ ရဟန်းမင်း ကြီးဖရန်စစ်သည် ရဟန်းမင်းကြီးအမှုတော်ကိုထမ်းဆောင်ပြီး နောက်တစ်နှစ် (၂၀၂၄) ၌တောင်ကိုးရီးယားနိုင်ငံသို့သမိုင်း၀င်တမန်တော်ခရီးစတင်ကြွရောက်ခဲ့သည်။

တောင်ကိုးရီးယားနိုင်ငံသည် ယုံကြည်ခြင်း၌လွန် စွာခိုင်မာထက်သန်သောသမိုင်းကောင်းရှိခဲ့သည်။ နိုင်ငံသို့ကက်သလစ်သာသနာတော်ရောက်ရှိလာခဲ့ပုံမှာ ဘာသာမှစတင်သယ်ဆောင်မျိုးကြဲခဲ့ခြင်းဖြစ်သည်။

ရဟန်းမင်းကြီးဖရန်စစ်သည် ယခုနှစ် မေလ (၂၄) နေ့ စိန့်ပီတာရင်ပြင်၌ ကမ္ဘာတစ်၀ှမ်းမှဘုရားဖူးများနှင့်တွေ့ဆုံနေကျဗုဒ္ဓဟူးနေ့၌ တောင်ကိုးရီးယားနိုင်ငံ၏ဓမ္မအာဇာနည်တစ်ပါးဖြစ်သော စိန့် Andrew Kim Tae-gon (၁၈၂၁-၁၈၄၆) အကြောင်းကိုမိန့်ကြားခဲ့သည်။ ဤဓမ္မအာဇာနည်သည် ပထမဦးဆုံးသောဒေသခံဓမ္မအာဇာနည်ဖြစ်သည်။

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်
http://bitly.ws/QSPj

Add new comment

8 + 1 =