(၂၀၂၇) ကမ္ဘာ့လူငယ်များနေ့နှင့်အတူကိုးရီးယားယဉ်ကျေးမှုကိုထိတွေ့ခံစားရန်ကိုးရီးယားဆရာတော်ဖိတ်ခေါ်လိုက်

(၂၀၂၇) ကမ္ဘာ့လူငယ်များနေ့နှင့်အတူကိုးရီးယားယဉ်ကျေးမှုကိုထိတွေ့ခံစားရန်ကိုးရီးယားဆရာတော်ဖိတ်ခေါ်လိုက်

ဩဂုတ်လ (၁ မှ ၆) ရက်နေ့အထိ ပေါ်တူဂီနိုင်ငံ၊ လစ်ဘွန်း၌ကျင်းပသော ကမ္ဘာ့လူငယ်များနေ့၏ ပိတ်ပွဲနေ့၌ ရဟန်းမင်းကြီးဖရန်စစ်မှ လာမည့်တစ်ကြိမ်၌ကမ္ဘာ့လူငယ်များနေ့ကိုလက်ခံကျင်းပမည့်အိမ်ရှင်နိုင်ငံမှာ တောင်ကိုးရီးယားမြို့တော်၊ ဆိုးလ်ဖြစ်ကြောင်း ကြေညာခဲ့သည်။

ဆိုးလ်ဂိုဏ်းချုပ်သာသနာ၏သာ သနာပိုင်ဆရာတော် Peter Chung Soon-taek ကလည်း ထိုသတင်းအတွက်၀မ်းသာကြိုဆိုကြောင်းဗာတီကန်သတင်းသို့ဖြေကြားခဲ့သည်။

ဆရာတော်အနေဖြင့် ကမ္ဘာ့လူငယ်များနေ့အား နိုင်ငံသားအားလုံးအ တွက်အခွင့်အရေးကောင်းကြီးတစ်ခုအဖြစ်မြင်ကြောင်း၊ ဘာသာစကားနှင့်ယဉ်ကျေးမှုသည်အနည်းငယ်ကွဲ လွဲ၍ခက်ခဲကောင်းခက်ခဲပေမည်။ သခင်၌၊ ယုံကြည်ခြင်း၌၊ ဆေးကြောခြင်း၌အားလုံသည်ဘုရားသခင်၏ လူမျိုးတော်အတူတူပင်ဖြစ်ကြကြောင်း၊ ကိုးရီးယားနိုင်ငံအနေဖြင့် ကမ္ဘာ့လူငယ်များနေ့သို့ရောက်ရှိလာကြမည့်လူငယ်များအား ကိုးရီးယားလူမျိုး၏ယဉ်ကျေးမှုကိုမတူညီသောအထိအတွေ့များကိုပေးရင်း ခရစ္စတူးသခင်၌တစ်စည်းတစ်လုံးတည်းရှိကြောင်းခံစားမိစေမည်ဖြစ်ကြောင်းဖြေကြားခဲ့သည်။

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

http://bitly.ws/RopT

Add new comment

11 + 1 =