(၂၀၂၅) ဂျူဗလီနှစ်အတွက် ဗာတီကန်မှ တရား၀င် ‘လိုဂိုတံဆိပ်’ ပြိုင်ပွဲဖိတ်ခေါ်

(၂၀၂၅) ဂျူဗလီနှစ်အတွက် ဗာတီကန်မှ တရား၀င် ‘လိုဂိုတံဆိပ်’ ပြိုင်ပွဲဖိတ်ခေါ်

(၂၀၂၅) ဂျူဗလီနှစ်အတွက် ဗာတီကန်မှ တရား၀င် ‘လိုဂိုတံဆိပ်’ ပြိုင်ပွဲဖိတ်ခေါ်

            ရောမသည် လာမည့် (၂၀၂၅) ခုနှစ်၌ သာသနာတည်သည့် (၂၀၂၅) ခုနှစ် ‘မဟာဂျူဗလီ’ နှစ်ကို ကျင်းပတော့မည်ဖြစ်သည်။ ဂျူဗလီနှစ်၏ဆောင်ပုဒ်မှာ ‘Pilgrims of Hope’ (မျှော်လင့်ခြင်း၏ခရီးသွား) ဖြစ်သည်။ ထိုပွဲတော်ကိုကျင်းပရန် ကြိုတင်ပြင်ဆင်ခြင်းကို အစပြုလိုက်သည်နှင့် အဆိုပါနှစ်ကို လိုရင်း တိုရှင်း ဖြင့်အဓိပ္ပါယ်ပြည့်ပြည့်၀၀ပေးနိုင်သော ‘အမှတ်တံဆိပ်’ အရေးတကြီးလိုအပ်လာပါသည်။ ထိုတံဆိပ်ကိုဖန်တီး၍ ပါ၀င်ယှဉ်ပြိုင်ကြရန်ဖိတ်ခေါ်လိုက်သည်။ ပြိုင်ပွဲကို ဖေဖော်၀ါရီလ (၂၂)၊ အဂ်ါနေ့ကစလိုက်ပြီး၊ (မေလ၊ ၂၀၊ ၂၀၂၂) တွင်နောက်ဆုံးထားပေးပို့ရမည်။  

တံဆိပ်သည်ပွဲကိုဖော်ညွှန်းသောအမှတ်သကေတနှင့်၀ိညာဉ်ရေးအဓိပ္ပါယ်ကိုဖော်ဆောင်ရမည်။

            ပြိုင်ပွဲ၀င်လမ်းညွှန်ချက်၌ ပွဲတော်အတွက် တရား၀င်တံဆိပ်၌ ‘ပွဲတော်ကို ဖော်ညွှန်းသော အမှတ်  သင်္ကေတ နှင့်၀ိညာဉ်ရေးအနှစ်သာရ’ ကိုဖော်ဆောင်ရ မည်။ ဤတံဆိပ်ဖန်တီးအစီအစဉ်ပြိုင်ပွဲ၀င်ခြင်းကို ပြင်ဆင်ခြင်း၏ ပထမဦးဆုံးခြေလှမ်းအဖြစ်စလိုက်သည်။ တံဆိပ်ဖန်တီးရာ၌ အထောက် အကူဖြစ် စေမည့်အ ကြောင်းအရာအချက်အလက်များကို ဤပွဲဖြစ်မြောက်ရေးဆိုင်ရာတာ၀န်ခံအား ဖေဖော်၀ါရီလ (၁၁) ရက်နေ့ကမိန့်ကြားခဲ့သော ရဟန်းမင်းကြီး၏ ဩ၀ါဒထဲ တွင်ပါရှိသွားပါသည်။ အဓိကမှာ ‘မျှော်လင့်ခြင်း ၏ခရီးသွား’ ဘ၀ကို အသားပေးရေးဆွဲရမည်ဖြစ်သည်။ ပွဲတော်၏တံဆိပ်ကို မြင်လိုက် သည်နှင့်ပွဲတော်ကိုကျင်းပရ ခြင်း၏အကြောင်းအရင်း၊ အလွန်အပ်စပ်သောစိတ်ကူးပုံဖော်မှု၊ စကြာ ၀ဋာ တစ်ခုလုံးသို့ပျံ့နှံ့နေသော သာသနာတော်ကြီးကိုပုံဖော်ထားသကဲ့သို့၊ မျက်မှောက်ခေတ် ၌ကျွန်ုပ် တို့ဆာ ငတ်နေ သောတရားကိုလည်းပေးနေသည့်အဓိပ္ပါယ်ဖော်ဆောင်နေရမည်ဖြစ်သည်။ ဤတံဆိပ်သည် (၂၀၂၅) ဂျူဗလီပွဲတော်ကြီးကျင်းပရခြင်း၏ အ စ၊ ပြင်ဆင်ခြင်းလုပ်ငန်းစတင်ခြင်း၊ ဆက်သွယ် လုပ်ကိုင် ခြင်းကိုအစပြုလိုက်သည်ကိုပြသလိုက်ခြင်းဖြစ်သည်။        

 

ပြိုင်ပွဲ၀င်များလိုက်နာရမည့်သတ်မှတ်ချက်များ

            ပြိုင်ပွဲဝင်သူများအနေဖြင့် ပွဲတော်ကျင်းပရေးကောင်စီ၏လမ်းညွှန်ချက်ကိုလိုက်နာရမည်။ သို့မှသာ ထည့်သွင်းစဉ်းစားခံရမည်။ အသေးစိပ်လမ်းညွှန်ချက်ကို မှု ဂျူဗလီဖြစ်မြောက်ရေးကောင်စီ၏ ၀က်ဘ် ဆိုက်တွင်ဖော်ပြသွားမည်။ မဟာဂျူဗလီ (၂၀၀၀) ၏တံဆိပ်ပြိုင်ပွဲ၌ ပထမဆုဆွတ်ခူးခဲ့သူမှာ အသက် (၂၂) သာရှိ သေးသော အနုပညာကျောင်းတက်ရောက်နေသော အမျိုးသမီးငယ်လေးဖြစ်ကြောင်း ကြေညာချက်ထဲ၌ အမှတ်ရထည့်သွင်းဖော်ပြထားသည်။ သမိုင်းတစ်ခုကို ရေးထိုးနိုင်ခဲ့သည်။ 

 

ဂျူဗလီနှစ်

            ဂျူဗလီနှစ်သည် သန့်ရှင်းသောနှစ်၊ သို့မဟုတ် ဂျူဗလီ (ပျော်ရွှင်ရသော၊ ကျေးဇူးဆပ်တင်သော) နှစ် ဖြစ်သည်။ ဂျူဗလီနှစ်သည် အစဉ်အလာအရ ကက်သ လစ်သာသနာတော်ကြီး၌ အလွန်ကြီး ကျယ်ခမ်း နားစွာ၀တ်ပြုဆုတောင်း၍ကျင်းပလေ့ရှိသည်။ အပြစ်များကိုခွင့်လွတ်သည့်နှစ်၊ အပြစ်များ အတွက် အပြစ်ဒဏ်ခံယူ သည့်နှစ်၊ အဆင်မပြေသော အဖွဲ့နှစ်ဖွဲ့ကြား၌ ပြန်လည်ကြေအေးသောနှစ်၊ ပြောင်းလဲသောနှစ်၊ အေးအတူပူအမျှဝေမျှခံစားသောနှစ်ဖြစ်သည်။ တစ်နည်းဆိုရ သော် ဂျူဗလီနှစ်သည် ယေဇူး သခင်လူသားထုအား အသက်နှင့်ကျေးဇူးတော် ဆောင်ယူလာပေးသောနှစ်ဖြစ်သည်။ သန့်ရှင်း သော နှစ်ဟုသတ်မှတ်ရခြင်းမှာ သန့် ရှင်းသောအမှုဖြင့်အစပြု၍ ထိုအမှုဖြင့် အဆုံးသတ် သော ကြောင့် သာ မဟုတ်။ ဤအမှုကိုလုပ်ဆောင်ရခြင်း၏ရည်ရွယ်ချက်မှာလည်း သန့်ရှင်းသောအသက်တာကိုရ ယူပိုင် ဆိုင်ရန်အတွက် အားပေးတိုက်တွန်းနေခြင်းကြောင့်လည်းဖြစ်သည်။

            ဂျူဗလီပွဲတော်သည် (၂၅) နှစ်ကာလကျော်လွန်သွားလျှင် ‘သာမန်’ ပြန်ဖြစ်သွားသည်။ သို့သော် အချို့သော ထူးခြားသောအခြေအ‌နေများ၌ ဂျူဗလီပွဲအ ဖြစ်ကြေညာကာ ကျင်းပနိုင်သည်။ သာသ နာတော်ကြီးအတွင်း၌ နောက်ဆုံးဂျူဗလီပွဲတော်ကျင်းပခဲ့သောနှစ်မှာ (၂၀၀၀) ခုနှစ်ဖြစ်သည်။ ထိုမဟာဂျူဗလီပွဲတော် ကြီးသည် သာသနာတော်ကြီးအား ‘တတိယရာစု’ ထဲသို့တွဲခေါ်၀င် ရောက်စေခဲ့သည့် ဂျူဗလီနှစ်လည်းဖြစ်ခဲ့သည်။ ထိုဂျူဗလီပွဲကျင်းပအပြီး၊ (၂၀၁၅) ခုနှစ်၌ ရဟန်း မင်းကြီးဖရန်စစ်က ‘ထူးခြားသောသနားခြင်းကရုဏာနှစ်’ အဖြစ်ကြေညာကျင်းပခဲ့သည်။ ယခုလာမည့် (၂၀၂၅) ခုနှစ်ဂျူဗလီပွဲတော်မှာမူ (၂၀၀၀) ခုနှစ်ကကြား (၂၅) ခြား၍ကျင်းပသောပွဲဖြစ်ပါသည်။        

 

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/36pLX2z

Add new comment

2 + 14 =