(၂၀၂၄) ခုနှစ်အား ဆုတောင်းခြင်းနှစ်အဖြစ် ကြေညာမည်

(၂၀၂၄) ခုနှစ်အား ဆုတောင်းခြင်းနှစ်အဖြစ် ကြေညာမည်

ရဟန်းမင်းကြီးဖရန်စစ်သည် လာမည့် (၂၀၂၄) အား (၂၀၂၅) အတွက်ပြင်ဆင်သည့်အနေဖြင့် ‘ဆုတောင်းခြင်းနှစ်’ အဖြစ်သတ်မှတ်ကြေညာမည်ဖြစ်သည်။

(၂၀၂၅) သည် ရောမသာသနာ၏ ဂျူဗလီပွဲတော်ကိုခြိမ့်ခြိမ့်သဲဆင်နွှဲမည်ဖြစ်ပါသည်။ ရောမသာသနာသည် ကမ္ဘာပေါ်ရှိကက်သလစ်သာသနာ တော်ကြီး၏မိခင်သာသနာ၊ ချက်မြှုပ်သာသနာဖြစ်သည်။ ဤဆုတောင်းခြင်းနှစ်၌ ဘာသာတူများအားလုံးသည် ယေဇူးခရစ္စတူးသခင်၏နှလုံးတော်အတိုင်း ရိုးသားသောစိတ်ထားများမွေးမြူနိုင်ရန်ဆုတောင်းစေလိုခြင်းဖြစ်သည်။

ရဟန်းမင်းကြီးဖရန်စစ်သည် ဤကြေညာချက်ကို နို၀င်ဘာလ (၁၁) ရက်နေ့၊ ဘုရားဖူးဗိမာန် တော်များအားကြီးကြပ်အုပ်ချုပ်ရသည့် တာ၀န်ခံဘုန်းတော်ကြီးများနှင့်တွေ့ဆုံစဉ်မိန့်ကြားခဲ့ခြင်းဖြစ်သည်။

ဤဆုတောင်းခြင်းတစ်နှစ်ပတ်လုံးကိုအဘယ်သို့လုပ်ဆောင်ရမည်ကို လမ်းညွှန်သောလက်စွဲကိုပုံနှိပ်ထုတ်‌ေ၀မည်ဖြစ်သည်။ ဤသို့အားဖြင့် တစ်နှစ်ပတ်လုံးဆုတောင်းခြင်းကိုဗဟိုပြု၍ရှင်သန်ဖြတ် သန်းရင်းဂျူဗလီပွဲကို အသင့်ပြင်ဆင်ထားပြီး အနစ်သာရရှိစွာကျင်းပနိုင်မည်ဖြစ်သည်။

ရဟန်းမင်းကြီးဖရန် စစ်က နေ့စဉ်ပျော်ရွှင်ပြီး ရက်ရောစွာဆက်ကပ်အပ်နှံသောအမျိုးသား၊ အမျိုးသမီးများဖြစ်ကြရန် နေ့စဉ်ဆန်း စစ်၊ ဆန်းသစ်ရန် ဘာသာတူများအားတိုက်တွန်းနှိုးဆော်ထားပါသည်။

ကျွန်ုပ်တို့၏စိတ်နှလုံးသားမှလာသော ဆုတောင်းမေတ္တာသည် ကြက်တူရွေးရွတ်သကဲ့သို့မဟုတ်။ အဘယ်ကြောင့်ဆိုသော် နှလုံးသားမှလာသောကြောင့်ဖြစ်ပါသည်။ ထို့ကြောင့် စိတ်နှလုံးသားထဲမှလာသောစကားလုံးများဖြင့် ဆုတောင်းခြင်းကိုပြုနိုင်ကြပါစေဟုဆိုသည်။

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

https://bitly.ws/33pCR

Add new comment

10 + 1 =