၂၀၂၃ လစ္စဘွန်း ကမ္ဘာ့လူငယ်များနေ့ လိုဂိုတံဆိပ် ရွေးချယ်ပြီး

၂၀၂၃ လစ္စဘွန်း ကမ္ဘာ့လူငယ်များနေ့ လိုဂိုတံဆိပ် ရွေးချယ်ပြီး

၂၀၂၃ လစ္စဘွန်း ကမ္ဘာ့လူငယ်များနေ့ လိုဂိုတံဆိပ် ရွေးချယ်ပြီး

၂၀၂၃ ခုနှစ်မှာ ကမ္ဘာ့လူငယ်များနေ့ကို ပေါ်တီဂယ် နိုင်ငံ၊ လစ္စဘွန်းမှာ တခမ်းတနားကျင်းပသွားမှာဖြစ်ပါတယ်။ ယခုအခါ အထက်ပါပွဲတော်အတွက် အင်တာနက်ဝဘ်ဆိုက်ကို ဖန်တီးလိုက်ပြီဖြစ်ကာ ၎င်းအတွက် လိုဂို ကိုလည်းဖော်ပြလိုက်ပ​ြီဖြစ်ပါတယ်။

ကမ္ဘာတဝှမ်းမှ ကက်သလစ်လူငယ်များစွာတက်ရောက်စုစည်းကြတဲ့ ဒီလူငယ်ပွဲတော်အတွက် အသုံးပြု မည့် လိုဂို အမှတ်တံဆိပ်အား နိုင်ငံပေါင်း ၃၀ မှ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး လူဝတ်ကြောင်၊ မိသားစု ၊ ဘဝသက်တာဆိုင်ရာ ဗာတီကန်ရုံးတော်မှ စီစဉ်ခဲ့ကြောင်း

ရွေးချယ်ခံရတဲ့ လိုဂိုကတော့ လစ္စဘွန်း ဆက်သွယ်ရေး အေဂျင်စီ တစ်ခုမှ ၂၄ နှစ်အရွယ်လူငယ် အမျိုးသမီးလေး ဖြစ်တဲ့ Beatriz Roque Antunes ရေးဆွဲတဲ့ လိုဂိုဖြစ်ကာ ခရစ္စတူးတိုင်ရှေ့တွင် ကညာစင်မယ်တော်ပုံ ပါရှိသည့်ပုံဖြစ်ကြောင်း

ကမ္ဘာ့လူငယ်များနေ့ အတွက် ရှင်လုကား ဧဝံဂေလိကျမ်းထဲမှ ဧလိဇဘက်ထံမယ်တော်အလည်အပတ်ကြွရောက်ခြင်းအကြောင်းမှာ ပုပ်ဖရန်စစ်ရွေးချယ်ထားသောဆောင်ပုဒ် ဖြစ်ကာ အထက်ပါ လိုဂို ဟာ ဆောင်ပုဒ်နှင့်ကိုက်ညီတဲ့ လိုဂိုဖြစ်တယ်လို့ဆိုပါတယ်။

၂၀၁၉ ခုနှစ် ပဏားမားနိုင်ငံမှာကျင်းပတဲ့ ကမ္ဘာ့လူငယ်ပွဲတော် အပိတ်နေ့ မစ္ဆားအပြီးမှာ နောက်တကြိမ် ကျင်းပမည့်နေရာဟာ ပေါ်တူဂယ် နိုင်ငံဖြစ်တယ်လို့ အရှင်သူမြတ် ပုပ်ဖရန်စစ်က ကြေငြာခဲ့ပါတယ်။

လစ္စဘွန်း ကမ္ဘာ့လူငယ်ပွဲတော်ဟာ အမှန်မှာတော့ ၂၀၂၂ ခုနှစ် သြဂုတ်လမှာ စီစဉ်ထားပေမဲ့ ကမ္ဘာ့ကပ်ဘေး ကိုဗစ်ကြောင့် ၂၀၂၃ ခုနှစ် သြဂုတ်လကို ပြောင်းရွှေ့သတ်မှတ်လိုက်သလို၊ ရောမမြို့တော်မှာ ကျင်းပမဲ့ ကမ္ဘာမိသားစုများတွေ့ဆုံပွဲကိုလည်း ၂၀၂၁ ဂျွန် မှ ၂၀၂၂ သို့ပြောင်းရွှေ့သတ်မှတ်ခဲ့တာဖြစ်ပါတယ်။

ဘာသာပြန်-စစ္စတာရ်လူစီယားသန္တာအောင်၊SJA

Photo courtesy of: Beatriz Roque Antunez

https://bit.ly/2H0gyHV

Add new comment

3 + 6 =