(၂၀၂၃) ခုနှစ်တွင်ကျင်းပမည့် ကမ္ဘာ့လူငယ်ပွဲတော်၌ပါ၀င်ကြရန် အမေရိကန်ဆရာတော်ကြီးများဖိတ်ကြား

(၂၀၂၃) ခုနှစ်တွင်ကျင်းပမည့် ကမ္ဘာ့လူငယ်ပွဲတော်၌ပါ၀င်ကြရန် အမေရိကန်ဆရာတော်ကြီးများဖိတ်ကြား

(၂၀၂၃) ခုနှစ်တွင်ကျင်းပမည့် ကမ္ဘာ့လူငယ်ပွဲတော်၌ပါ၀င်ကြရန် အမေရိကန်ဆရာတော်ကြီးများဖိတ်ကြား

အမေရိကန် ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ ချုပ်၏လက်အောက်ရှိ သာမန်ဘာသာတူများ၊ လက်ထပ် ထိမ်းမြှားခြင်း၊ မိသားစုနှင့်လူငယ်ဆိုင်ရာဆိုင်ရာကော်မရှင်၏ နာယကဖြစ်သော ဂိုဏ်းချုပ်ဆရာတော် Salvatore J. Cordileone နှင့်ကမ္ဘာ့လူငယ်ပွဲတော်ဖြစ်မြောက်ရေးကော်မတီ၏တာ၀န်ခံ ဆရာတော် Edward J. Burns တို့ကကြေညာ ချက်တစ်စောင်ထုတ်ပြန်ပြီး၊ (၂၀၂၃) ခုနှစ်၌ကမ္ဘာ့လူငယ်များနေ့ကျင်းပမည့်သတင်းကောင်း နှင့်အမေရိကန်မှကက်သလစ်လူငယ်မြောက်မြားစွာ တစ်နည်းမဟုတ်တစ်နည်းဖြင့်ပါ၀င်ကြမည်ကိုမျှော်လင့်၍ပီတိဖြစ်ရကြောင်း၊ လူငယ် များအနေဖြင့် အိမ်ရှင်နိုင်ငံ လစ္စဘွန်ထိသွားရောက်၍ကိုယ်တိုင်ကိုယ်ကျပါ၀င်ကြမည်လော။ သို့မဟုတ် လိုင်းများမှ တိုက်ရိုက်ထုတ်လွှင့်မှုမှပါ၀င်မည်လော။ သို့မဟုတ် မိမိတို့၏သာသနာအတွင်းမှကြီးမှူးကျင်းပသောကမ္ဘာ့လူငယ်များ နေ့အခမ်းအနားအစီအစဉ်များ၌ပါ၀င်မည်လော။ ရွေးချယ်ခွင့်များစွားရှိနေကြောင်း၊ မည်သို့ပင်ဆိုစေ လူငယ်များအား ဤထူးခြားသော သာသနာ၏ လှုပ်ရှားမှု၌ပါ၀င်ကြရန် ဖိတ်ခေါ်လိုကြောင်းပြောကြားထားသည်။

ရဟန်းမင်းကြီးကိုယ်တိုင်ဦးဆောင်ပူဇော်မည့် ကမ္ဘာ့လူငယ်များနေ့မစ္ဆားတရားပူဇော်ခြင်းကို ဩဂုတ်လ (၆) ရက်နေ့၊ ယေဇူးသခင်အဆင်းသဏ္ဍာန်ပြောင်းလဲသည့်နေ့တွင်ကျင်းပမည်ဖြစ်ရာ ဘုရားသခင်မြှော်မြင်တော်မူချက် ပင်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ယေဇူးသခင်နှင့်အတူမြင့်မားသောတောင်ပေါ်သို့တက်သွားသော ပေတရု၊ ယာကုပ်၊ ယောဟန်တို့တွေ့ကြုံခဲ့ရသောအဖြစ်အပျက်သည် အလွန်တရာအချက်အချာကျလှသည်။ ကမ္ဘာ့လူငယ်များ နေ့သည်လည်း လူငယ်များအပေါ်သို့ဤသို့သော အကျိုးသက်ရောက်မူမျိုးရှိလိမ့်မည်ဟုလည်းမျှော်လင့်ကြောင်း၊ လူ ငယ်တို့သည် ဤပွဲတော်ကို မည်သည့်နေရာ၊ မည်သို့သွားရောက်ကျင်းပကြမည်မှာအရေးမကြီးလှပေ။ သို့သော် မိမိ တို့၏ယုံကြည်ခြင်းအသက်တာပြောင်းလဲရေးကိုဦးထိပ်ထားပါ၀င်ဆင်နွဲရန်သာဖြစ်သည်။

ကမ္ဘာ့လူငယ်များနေ့ကို ပထမဦးဆုံးအဖြစ် (၁၉၈၅) ခုနှစ်၊ ရဟန်းမင်းကြီးစိန့်ဂျွန်ပေါလ် (၂) မှသတ်မှတ်၍စ တင်ကျင်းပခဲ့သည်။ ကျင်းပရခြင်း၏အဓိကရည်ရွယ်ချက်မှာ လူငယ်များအချင်းချင်းရင်းနှီးကျွမ်း၀င်မူရှိစေရန်၊ လူ ငယ်အဖြစ်သတ်မှတ်ထားသော အသက်အရွယ်မှာ (၁၆) နှစ်မှသည် (၃၅) နှစ်အထိဖြစ်သည်။ ကမ္ဘာ့တိုက်အသီးသီးမှ ပါ၀င်နိုင်သည်။ ပထမဦးဆုံး ကမ္ဘာ့လူငယ်နေ့ကို (၁၉၈၆) ခုနှစ်၊ ရောမ၌ကျင်းပခဲ့သည်။ ထိုနှစ်မှစ၍ (၂) နှစ် (သို့) (၃) နှစ်တစ်ကြိမ်အဖြစ် ကမ္ဘာ့နိုင်ငံများ၌သတ်မှတ်ကျင်းပလာခဲ့သည်။ သို့သော် သာသနာအဆင့်အနေဖြင့် လူငယ်များနေ့ ကိုမူ နှစ်စဉ်ကမ္ဘာ့သာသနာတိုင်း၌ကျင်းပကြပါသည်။

ကမ္ဘာ့လူငယ်များနေ့ကို ကိုးဗစ်ကပ်ရောဂါဆိုးမဖြစ်ပွားမည် (၂၀၁၉) ခုနှစ်တွင် ပနားမားနိုင်ငံ၌ နောက်ဆုံး ကျင်းပခဲ့သည်။ ပနားမားနိုင်ငံ၌ကျင်းပအပြီး နောက်တစ်ကြိမ်အိမ်ရှင်အဖြစ်သတ်မှတ်ဆုံးဖြတ်ခဲ့သောနိုင်ငံမှာ ပေါ်တူ ဂီနိုင်ငံ၊ လစ္စဘွန်မြို့၌ကျင်းပရန်ဖြစ်သည်။ အမှန်ဆိုသော် (၂၀၂၂) ခုနှစ်၌ကျင်းပရန်ဆုံးဖြတ်ခဲ့သည်။ သို့သော် ကိုးဗစ် ကူးစက်မြန်ရောဂါကြောင့်တစ်နှစ်ရွေ့ဆိုင်းခဲ့သည်။ ကမ္ဘာ့လူငယ်များပွဲနေ့၏ဆောင်ပုဒ်မှာ ‘မာရိယာသည်ထ၍ တောင်ကုန်းအရပ်ရှိ ယုဒမြို့တစ်မြို့သို့အလျင်အမြန်သွားလေ၏’ ဖြစ်သည်။ (သံလုကာ ၁း၃၉) အမိမယ်တော်သည် သိကြားတမန်ချုပ်ဂါဘရီအဲလ်အား ‘အလိုတော်အတိုင်းဖြစ်ပါစေ’ ဟုပြန်လည်ဖြေကြားပြီးနောက် သူ ၏အစ်မအဲ လစ်ဇဘက်ထံသို့ရေးကြီးသုတ်ပြာသွားခဲ့သည်ကို ပြန်လည်မြင်ယောင်စေရန်ဖြစ်သည်။ အမေရိကန်ကက်သလစ်ဆ ရာတော်ကြီးများအနေဖြင့် နိုင်ငံအတွင်း၌သာ ကမ္ဘာ့လူငယ်များနေ့အခမ်းအနားကိုပြင်ဆင်ကျင်းပလိုသော သာသနာ များအတွက်လိုအပ်သောလမ်းညွှန်ချက်အသေးစိပ်ကို အင်တာနက်မှပေးသွားမည်ဖြစ်သည်။

အမေရိကန်ပြည်ထောင်စုရှိ ကက်သလစ်သာသနာများ၌ ယခုနှစ်လူငယ်များနေ့ကို ‘ခရစ္စတူးဘုရင်’ ပွဲနေ့၌ ကျင်းပမည်ဖြစ်ရာထူးခြားပါသည်။ ထိုနေ့သည် နို၀င်ဘာ (၂၁) ရက်နေ့တွင်ကျရောက်သည်။ နှစ်စဉ် ‘မေတ္တာပန်းပွဲ တနဂ်နွေနေ့’ ၌ ကျင်းပခဲ့သည်။ ရဟန်းမင်းကြီးဖရန်စစ်သည် စက်တင်ဘာလ (၂၇) ရက်နေ့က နှစ်စဉ်လူငယ်များ နေ့ကိုကျင်းပရန်ဆောင်ပုဒ်ကို တမန်တော်၀တ္ထူ (၂၆း၁၆) မှ ‘မတ်တပ်ရပ်လော့။ သင့်ကို ငါ၏အမူတော်ဆောင်အ ဖြစ်ရွေးကောက်ရန် သင့်အားငါထင်ရှားပြခြင်းဖြစ်၏’ ဟူသည့်ကျမ်းချက်ကိုရွေးချယ်ပေးခဲ့သည်။ ဤကျမ်းချက်သည် ရဟန်းမင်းကြီးဖရန်စစ်၏ (၂၀၂၃) ခုနှစ် ကမ္ဘာ့လူငယ်များနေ့၏ သတင်းစကားသုံးချက်၏တစ်စိတ်တစ်ပိုင်းဖြစ် သည်။ သတင်းစကားများအားလုံးသည် ‘ထလော့’ ဟူသော ‘ကြိယာ’ ကိုသာဇောင်းပေးမိန့်ကြားထားသည်။ ဗာတီ ကန်ဆိုင်ရာမိသားစုရုံးတော်မှလည်း ကမ္ဘာ့လူငယ်များနေ့ကို မိမိတို့၏ဒေသန္တရသာသနာများ၌သာကျင်းမည့် သာသ နာများအတွက်လမ်းညွှန်ချက်များကိုထုတ်ပြန်ခဲ့သည်။

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/30rGwNA

Add new comment

18 + 1 =