(၂၀၂၃) ကမ္ဘာ့လူငယ်များနေ့ဖွင့်ပွဲမစ္ဆားတရားကို လစ္စဘွန်း ကာဒီနယ် Manuel Clemente မှခမ်းနားစွာပူဇော်ဖွင့်လှစ်ပေးခဲ့

(၂၀၂၃) ကမ္ဘာ့လူငယ်များနေ့ဖွင့်ပွဲမစ္ဆားတရားကို လစ္စဘွန်း ကာဒီနယ် Manuel Clemente မှခမ်းနားစွာပူဇော်ဖွင့်လှစ်ပေးခဲ့

ကမ္ဘာ့လူငယ်များနေ့ကို ပေါ်တူဂီနိုင်ငံ၏ မြို့တော် လစ္စဘွန်း၌ယမန်နေ့ (ဩဂုတ်လ ၁) ကဖွင့်လိုက်ပြီ ဖြစ်ပြီး ဤကမ္ဘာ့လူငယ်များနေ့အခမ်းအနားကို ဩဂုတ်လ (၁-၆) ရက်နေ့အထိကျင်းပမည်ဖြစ်သည်။

ဖွင့်ပွဲမစ္ဆားတရားကိုယမန်နေ့က လစ္စဘွန်းကာဒီနယ် Manuel Clemente မှ Parque Eduardo VII တွင်ဦးဆောင်ပူဇော်၍ ခမ်းနားစွာဖွင့်လှစ်ခဲ့ပြီး ကမ္ဘာတစ်၀ှမ်းမှလူငယ်များအားလှိုက်လှဲနွေးထွေးစွာကြိုဆိုခဲ့သည်။

ရဟန်းမင်းကြီးဖရန်စစ်သည် ပေါ်တူဂီသို့ ယနေ့ဩဂုတ် လ (၂) ရက်နေ့၌ကြွရောက်မည်ဖြစ်သည်။

ကမ္ဘာ့ကပ်ရောဂါဆိုး ကိုးဗစ်ကြောင့်ရွေ့ဆိုင်းထားခဲ့ရာမှယခုနှစ်မှပြန်လည်ကျင်းပနိုင်ခြင်းဖြစ်သည်။ မစ္ဆားတရားအတွင်း၌ မစ္ဆားတရားပူဇော်ခြင်းကိုဦးဆောင်သောကာဒီနယ်အပြင် ကာဒီနယ် Luis Antonio Tagle နှင့်အခြားနိုင်ငံများမှရောက်ရှိနေသောကာဒီနယ်ကြီးများ၊ ကမ္ဘာ့လူငယ်များနေ့အခမ်းအနာ၌ပါ၀င်ရန် ရောက်ရှိနေကြသော ရဟန်းတော်များလည်းစုပေါင်းပါ၀င်ပူဇော်ခဲ့သည်။ ထို့အတူနိုင်ငံတော်သမ္မတ Marcelo Rebelo de Sousa လည်းပါ၀င်ခဲ့သည်။

ကမ္ဘာ့လူငယ်များနေ့ဖွင့်ပွဲမစ္ဆားကျင်းပသော Parque Eduardo VII သည် ကမ္ဘာတစ်၀ှမ်းမှလူငယ်ပင်လယ်ကြီးနှင့်‌‌‌မိမိတို့၏နိုင်ငံအားကိုယ်‌စားပြုသောအလံများဖြင့်‌ေ၀့ရမ်းနေသောမြင်ကွင်ဖြင့်ဖုံးလွှမ်းသွားခဲ့သည်။ မစ္ဆားပလ္လင်အနား၌မူ သိကြားတမန်အမိန့်တော်ပြန်ခြင်းကိုခံယူနေသောမယ်တော့်ဆင်းတု တော်ကိုထားရှိထားသည်။ ကမ္ဘာ့လူငယ်များနေ့လက်၀ါးကပ်တိုင်ကိုလည်းကောင်း၊ Salus Romani Populi မယ်တော့်ပုံတော်ကိုလည်းကောင်းဖူးတွေ့နိုင်ပါသည်။

ကမ္ဘာ့လူငယ်များနေ့ဖွင့်ပွဲမစ္ဆားတရားမြင် ကွင်းသည်၀ိညာဉ်ရေးကိုရွှင်လန်းတက်ကြွလာစေပါသည်။

ကမ္ဘာ့လူငယ်များနေ့ဖွင့်ပွဲမစ္ဆားတရားကို ပေါ်တူဂီဘာသာစကားဖြင့်ပူဇော်ခဲ့ပြီး မစ္ဆားတရားအတွင်းမှဓမ္မသီချင်းအချို့ကိုမူ ‘ဂရိနှင့်လာတင်း’ ဘာသာဖြင့်သီဆိုခဲ့သည်။ အ၀င်တော်သီချင်းကို ‘Alegra-te O’ Jerusalem’ (Rejoice O Jerusalem – ၀မ်းမြောက်ပါလော့ အိုဂျေရုဆလင်) ဖြင့်စီတန်းလှည့်လည်၍၀င် ရောက်လာပါသည်။

မစ္ဆားပလ္လင်တော်ကိုလည်းကောင်း၊ မယ်တော့်ဆင်းတုတော်ကိုလည်းကောင်း လှော်ဗန်ဖြင့်မီးပူဇော်ခဲ့သည်။ သမ္မာကျမ်းစာပူဇော်ရာ၌ ပထမကျမ်းဖြစ်သော (ပရောဖက်ဇေဖနီးယား ၃း၁၄-၁၈) ကို ‘အီတလီ’ ဘာသာစကားဖြင့်ဖတ်ရူပူဇော်ခဲ့သည်။ ဆာလံကျမ်းကိုမူ (၁၂း၂/၃) မှသီဆိုခဲ့သည်။ ဒုတိယကျမ်း (ရောမဩ၀ါဒစာ ၁၂) ကိုမူ ‘ပြင်သစ်’ ဘာသာစကားဖြင့်ဖတ်ရူပူဇော်ခဲ့သည်။ ဧ၀ံဂေလိကျမ်း (သံလုကာ ၁း၃၉-၅၆) ကိုဦးပဉ္ဇင်းတစ်ပါးမှ ‘ပေါ်တူဂီ’ ဘာသာစကားဖြင့်ဖတ်ရူပူဇော်ခဲ့သည်။ ဤဧ၀ံဂေလိကျမ်းချက် သည် မယ်တော်ဧလိဇဘက်ထံသို့သွားရောက်နှုတ်ဆက်ကူညီသည့်အကြောင်းဖြစ်ပြီး၊ ယခုနှစ်ကမ္ဘာ့လူငယ်များနေ့၏ဆောင်ပုဒ်ဖြစ်သော ‘Mary Arose and Went in Haste’ (မာရိယာသည်ထ၍အလျင်အမြန်သွားလေ၏) ဟူသောကျမ်းချက်ဖြစ်ပါသည်။

ကာဒီနယ်၏ဩ၀ါဒ၌ ဧ၀ံဂေလိကျမ်းချက်မှအဓိကအချက်လည်းဖြစ်၊ ကမ္ဘာ့လူငယ်များနေ့၏ဆောင် ပုဒ်လည်းဖြစ်သောအချက်ကိုအဓိကထားဟောကြားခဲ့သည်။ ယုံကြည်ခြင်းအချုပ်နှင့်အထွေထွေဆု တောင်းခြင်းကို ‘ပေါ်တူဂီ’ ဘာသာစကားဖြင့်ဆုတောင်းခဲ့သည်။

ဆုတောင်းချက်များ၌ အမိကက်သလစ်သာသနာကြီးတစ်ခုလုံးအတွက် ‘ပေါ်တူဂီ’ ဘာသာဖြင့် ‘ဘရာဇီးလ်’ နိုင်ငံမှလူငယ်တစ်ဦး၊ရဟန်းမင်းကြီး နှင့်ဧ၀ံဂေလိတရားကိုကြေညာဟောပြောနေသူများအားလုံးအတွက်ကိုမူ ‘ဆလိုဗေးနီးဘား’ နိုင်ငံမှလူငယ်တစ်ဦး၊ တတိယဆုတောင်းချက်ကိုလည်း ‘ပေါ်တူဂီ’ ဘာ သာဖြင့် အဖွဲ့အစည်း၊ အသင်းအဖွဲ့အသီး သီးမှခေါင်းဆောင်ကြီးများ၊ နိုင်ငံတကာမှခေါင်းဆောင်ကြီးများ၊ အရပ်ဖက်အာဏာပိုင်အဖွဲ့အစည်းများအားလုံးအတွက်၊ စတု တ္ထဆုတောင်းချက်ကိုမူ ‘ဟိန္ဒူ’ ဘာသာဖြင့်လူငယ်အမျိုးသမီးတစ်ဦးမှ မကျန်းမမာဖြစ်နေသူများ၊ အလုပ် လက်မဲ့ဖြစ်နေသူများအားလုံး အမိမယ် တော်၏ကြား၀င်ဆုတောင်းပေးခြင်းအားဖြင့်အဆင်ပြေကြရန်၊ ကျန်းမာလာကြစေရန်၊ တောင်အာဖရိကတိုက်မှလူငယ်အမျိုးသမီးတစ်ဦးမှ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက်၊ ‘အင်ဒိုနီးရှား’ ဘာသာစကားဖြင့် ကမ္ဘာ့လူငယ်များနေ့ဘေးကင်းရန်ခွာကျင်းပနိုင်ရန်နှင့်နောက်ဆုံးဆုတောင်းချက်ကား ‘အီတလီ’ ဘာသာစကားဖြင့် အရွယ်ရောက်လူငယ်များအတွက်အသီးသီးဆုတောင်းပေးခဲ့သည်။

ပူဇော်ခြင်းအချိန်၌ လစ္စဘွန်းသာသနာမှဦးဆောင်၍ ပိုလန်၊ ချီလီ၊ မလေးရှား၊ ပေါ်တူဂီနိုင်ငံတို့မှကိုယ်စားပြုပူဇော်ခဲ့ကြသည်။ ‘သန့်ရှင်းတော်မူ၏’ ကို ‘လာတင်း’၊ ‘ကောင်းကင်ဘုံမေတ္တာ’ ကို ‘ပေါ်တူဂီ’၊ ‘လောကအပြစ်’ ကိုမူ ‘လာတင်း’ အသီးသီးပူဇော်ခဲ့ကြသည်။

ကိုယ်တော်မြတ်‌ပင့်ပေးရာတွင် မစ္ဆားပူဇော်ခြင်း၌ပူးပေါင်းပါ၀င်ပူဇော်ခဲ့ကြသောဘုန်းတော်ကြီးရာနှင့်ချီတို့မှကူညီပင့်ပေးခဲ့ကြသည်။ ကိုယ်တော်မြတ်သီချင်းသီဆိုမှုအဆုံးသတ်၌ အမိမယ်တော်၏ ‘မာညှီးဖိကပ်’ ဓမ္မသီချင်းကိုသီဆိုခဲ့ကြသည်။

မစ္ဆားတရားအဆုံးမသတ်မီ ကာဒီနယ်မှလူငယ်များအား ၄င်းတို့နှင့်အတူယေဇူးသခင်နှင့်မယ်တော်ရှိနေကြောင်းသတိရှိရန်ပြောကြားပြီး ယနေ့အစပြုလိုက်သော ကမ္ဘာ့လူငယ်များနေ့ဘုရားဖူးခရီးစဉ်သည် ပျော်ရွှင်သောခရီးစဉ်ဖြစ်ပါစေဟုဆုမွန်ကောင်းတောင်းနှုတ်ဆက်စကားဆိုခဲ့သည်။

မစ္ဆားတရားပူဇော်ခြင်းအဆုံး သတ်၌ ကာဒီနယ်များ၊ ရဟန်းတော်များစီတန်းထွက်ခွာချိန်၌ လူငယ်လူအုပ်ကြီးမှအင်နှင့်အားနှင့် စိတ်ပါကိုယ်ရောက်သီဆိုသောဓမ္မတေး သည်မိုးထက်ညံနေပါတော့သည်။

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

http://bitly.ws/PQT6

Add new comment

5 + 7 =