(၂၀၂၃) ကမ္ဘာ့လူငယ်များနေ့ကိုပေါ်တူဂီနိုင်ငံကအိမ်ရှင်အဖြစ်လက်ခံကျင်းပမည်။

(၂၀၂၃) ကမ္ဘာ့လူငယ်များနေ့ကိုပေါ်တူဂီနိုင်ငံကအိမ်ရှင်အဖြစ်လက်ခံကျင်းပမည်။

(၂၀၂၃) ကမ္ဘာ့လူငယ်များနေ့ကိုပေါ်တူဂီနိုင်ငံကအိမ်ရှင်အဖြစ်လက်ခံကျင်းပမည်။

လာမည့်ကမ္ဘာ့လူငယ်များနေ့ကို (၂၀၂၃) ခုနှစ်၊ ပေါ်တူဂီနိုင်ငံ၊ လစ်ဘွန်၌ကျင်းပမည်ဖြစ်သည်။ ထိုပွဲအတွက်ပြင် ဆင်သည့်အနေဖြင့်ပြီးခဲ့သောစနေနေ့ကတမန်တော်လုပ်ငန်းအစပြုသောနှစ်သစ်တစ်နှစ်ကိုအစပြုလိုက်ပြီးဖြစ်သည်။ လစ် ဘွန်ဂိုဏ်းချုပ်သာသနာ၏လက်ထောက်ဆရာတော်လည်းဖြစ်ပြီး၊ (၂၀၂၃) ကမ္ဘာ့လူငယ်များနေ့ဖြစ်မြောက်ရေးပွဲ၏ဥက္ကဌ လည်းဖြစ်သော Américo Aguiar ကရဟန်းမင်းကြီးသည် ကမ္ဘာ့လူငယ်များပွဲနေ့အတွက်ပြင်ဆင်ခြင်း၌တိတ်ဆိတ်စွာနှင့် စိတ်လှုပ်ရှားစွာပါ၀င်ခဲ့ကြောင်းပြောပါသည်။

ပြီးခဲ့သောဗုဒ္ဓဟူး (စက်တင်ဘာလ ၂) ရက်နေ့က လက်ထောက်ဆရာတော် သည်ရောမမြို့၊ စိန့်ပီတာရင်ပြင်၌ရဟန်းမင်းကြီးနှင့်အတူဘုရားဖူးများနှင့်ဆုတောင်းခဲ့ပြီး၊ ကမ္ဘာ့လူငယ်ပွဲတော်ဖြစ် မြောက်ရေးနှင့်စပ်လျင်း၍ဆွေးနွေးခဲ့ရာ ရဟန်းမင်းကြီးသည်အလွန်ပျော်ရွှင်နေသကဲ့သို့၊ တည်တည်ငြိမ်ငြိမ်လည်းရှိ ကြောင်း၊ အဘယ်ကြောင့်ဆိုသော် ဤပွဲတော်အတွက်ပြင်ဆင်ခြင်းလုပ်ငန်းသည်ကပ်ရောဂါဆိုးကြောင့်လုံး၀ရပ်တန့် သွားခြင်းမရှိဘဲဆက်လက်လုပ်ဆောင်နေသောကြောင့်ဖြစ်ကြောင်း၊ ပွဲဖြစ်မြောက်ရေးအတွက်လုံးပမ်းနေ၍ရောဂါခံစား နေရသူများအားမေ့လျော့လစ်လျူရူမထားရန်ကိုလည်းသတိပေးမိန့်ကြားခဲ့ကြောင်းပြောပြသည်။ တစ်စိတ်တစ်၀မ်းတည်းရှိခြင်း (၂၀၂၃) ကမ္ဘာ့လူငယ်ပွဲတော်ဖြစ်မြောက်ရေးအဖွဲ့သည် ပွဲဖြစ်မြောက်စေရန်ထင်ထင်ပေါ်ပေါ်လုပ်ဆောင်နေခြင်းမရှိ သော်လည်း အတတ်နိုင်ဆုံးပြင်ဆင်နိုင်သည့်အပိုင်းကိုပြင်ဆင်လျှက်ရှိကြောင်း၊ ထင်ထင်ပေါ်ပေါ်လုပ်ဆောင်ရန်မဖြစ်ခြင်း မှာယခုကာလ၌ ကိုရိုနာဗိုင်းရပ်စ်သည်ပို၍အရေးကြီးအသားပေးရမည့်အရေးဖြစ်နေသည်။

ကမ္ဘာ့လူငယ်များပွဲနေ့သည်စီ စဉ်ထားသည့်အတိုင်းဆိုပါလျှင် (၂၀၂၂) တွင်ကျင်းပရမည်ဖြစ်သော်လည်း ထင်မှတ်မထားသောအခြေအနေကြောင့်တစ်နှစ် လုံးလုံးနောက်ဆုတ်၍ကျင်းပရန်ဆုံးဖြတ်ခဲ့သည်။ ထို့အတူအမိမယ်တော်၏လက်၀◌ါးကပ်တိုင်တော်နှင့်ပုံတော်ကိုလည်း ကမ္ဘာ့လူငယ်ပွဲနောက်ဆုံးအိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့သောပိုလန်နိုင်ငံ၌သာရှိနေပြီး၊ ထိုလွှဲအပ်မူကိုလည်းနောက်ဆုတ် ထားသည်။ လက်၀◌ါးကပ်တိုင်တော်၌တွဲလွှဲနေသောပုံတော် အမှန်ဆိုသော် မေတ္တာပန်းပွဲတနဂ်နွေနေ့သည် သာသနာအဆင့်လူငယ်ပွဲတော်ကျင်းပရန်ဆုံးဖြတ်ထားသောနေ့ ဖြစ်သည်။ ထိုနေ့၌ကမ္ဘာ့လူငယ်ပွဲတော်ကိုအိမ်ရှင်အဖြစ်နောက်ဆုံးကျင်းပခဲ့သောနိုင်ငံမှလူငယ်ကိုယ်စားလှယ်များကလာ မည့်ကမ္ဘာ့လူငယ်ပွဲတော်ကိုအိမ်ရှင်အဖြစ်လက်ခံကျင်းပမည့်အိမ်ရှင်နိုင်ငံ၏လူငယ်များထံသို့ပြန်လည်လက်ဆင့်ကမ်းပေး သောအခမ်းအနားကိုကျင်းပလေ့ရှိသည်။ ဤအခမ်းအနားကိုစိန့်ပီတာရင်ပြင်တွင်ကျင်းပလေ့ရှိသည်။

ယခုနှစ်၌မူ (၂၀၁၉) ခုနှစ် ကမ္ဘာ့လူငယ်များနေ့ကိုအိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့သောပါနားမားနိုင်ငံကအဆိုပါကမ္ဘာ့လူငယ်များနေ့အမှတ်သ ကေ်တဖြစ်သည့်လက်၀◌ါးကပ်တိုင်တော်နှင့်မယ်တော်၏ပုံတော်ကိုပေါ်တူဂီနိုင်ငံသို့လွှဲအပ်ပေးမည်ဖြစ်သည်။ သို့သော် ကူးစက်ရောဂါကြောင့်ဤအခမ်းအနားကိုမကျင်းပနိုင်ခဲ့သေးပေ။ ကမ္ဘာ့လူငယ်များနေ့၏စိတ်ဓာတ်အမှန်ဖြင့် ကမ္ဘာ့လူငယ်များနေ့၏အမှတ်သကေ်တဖြစ်သည့် လက်၀◌ါးကပ်တိုင်တော်နှင့်မယ်တော့်ပုံတော်ကိုနောက်ဆုံး ကျင်းပခဲ့သောအိမ်ရှင်နိုင်ငံမှလာမည့်အိမ်ရှင်နိုင်ငံသို့လွှဲအပ်မည့်အစီအစဉ်ကို (၂၀၂၀၊ နို၀င်ဘာလ ၂၂) ရက်နေ့၌ကျင်းပရန် သတ်မှတ်ထားသည်။

ထိုနေ့သည်ခရစ္စတူးဘုရင်ပွဲနေ့ဖြစ်သည်။ ယခုကဲ့သို့သတ်မှတ်ဆုံးဖြတ်ထားသော်လည်း လက်ရှိဖြစ် ပွားနေသောကိုရိုနာဗိုင်းရပ်စ်ရောဂါကပ်ဆိုးကြီး၏အနေအထားကိုစောင့်ကြည့်ရဦးမည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ကမ္ဘာ့လူငယ်များနေ့သို့ပါ၀င်ကြမည့်လူငယ်တို့၏ကျန်းမာရေးကိုလည်းထည့်သွင်းစဉ်းစားရမည်ဖြစ်ကြောင်း၊ ပေါ်တူဂီနိုင်ငံ၊ လစ်ဘွန်မြို့၌ကျင်းပမည့်ကမ္ဘာ့လူငယ်များနေ့သည်လူငယ်တို့၏ဘ၀ပုံစံ၊ တွေးခေါ်မူနှင့်ဘာသာစကားများနှင့်အညီဖြစ်မည် ဟုမျှော်လင့်ပြီး၊ သို့မှသာ၄င်းတို့သည်အစီအစဉ်၏အခရာကျသောသူများဖြစ်လာကြမည်ဟုရှင်းပြသွားခဲ့သည်။

 

ဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3jXnEdX

 

 

Comments

Love all youth

Add new comment

2 + 3 =