(၂၀၂၃) ကမ္ဘာတစ်၀ှမ်း၌ ကက်သလစ်ဘုန်းတော်ကြီး၊ သူတော်စင်အပါး (၁၃၀) ကျော်ဖမ်းဆီး၊ ပြန်ပေးဆွဲ၊ သတ်ဖြတ်ခံရဟု ACN ထုတ်ပြန်

(၂၀၂၃) ကမ္ဘာတစ်၀ှမ်း၌ ကက်သလစ်ဘုန်းတော်ကြီး၊ သူတော်စင်အပါး (၁၃၀) ကျော်ဖမ်းဆီး၊ ပြန်ပေးဆွဲ၊ သတ်ဖြတ်ခံရဟု ACN ထုတ်ပြန်

ACN ၏အရှည်ကောက်ကား ‘the pontifical foundation Aid to the Church in Need’ ဖြစ်ပါ သည်။ ရဟန်းမင်းကြီးမှအသိအမှတ်ပြုထားသော ကက်သလစ်လူမှုကူညီရေးအဖွဲ့အစည်းကြီးဖြစ်သည်။ နှစ်စဉ်ကမ္ဘာတစ်၀ှမ်းရှိကက်သလစ်သာသနာအတွင်းဖြစ်ပျက်ခဲ့သည်များကိုအစီရင်ခံစာထုတ်ပြန်လေ့ရှိသည်။

ယခုခင်နှစ် (၂၀၂၃) ၌ ကမ္ဘာတစ်၀ှမ်း၌ဖမ်းဆီး၊ ပြန်ပေးဆွဲ၊ သတ်ဖြတ်ခံရသော ကက်သလစ်ဘုန်းတော်ကြီးများနှင့်သူတော်စင်စာရင်းကို ၄င်းတို့၏အစီရင်ခံစာထဲ၌ဖော်ပြထားသည်မှာ (၁၃၀) ပါးဖြစ်ပါ သည်။

(၂၀၂၂) ခုနှစ်၌ (၁၂၄) ပါးသာရှိခဲ့ရာယခင်နှစ်၌ (၆.၄၅) ရာခိုင်နှုန်းတိုးလာခဲ့သည်။ ယခုအစီရင်ခံစာ၌ ဖော်ပြထားသောကိန်းဂဏာန်းထက်များနိုင်သော် လည်း အခြားလက်လှမ်းမမှီသောနိုင်ငံများ၏စာရင်းများလည်းကျန်ရှိနိုင်သေးသည်ဟုဆိုသည်။

အစီရင်ခံစာကို အင်္ဂါနေ့၌တရား၀င်ထုတ်ပြန်ခဲ့ပြီး အစီရင်ခံစာအရ (၂၀၂၂) မတိုင်မီက (၅၄) မှသည် (၃၃) သို့ကျဆင်းလာခဲ့သည်။ (၂၀၂၃) ခုနှစ်၌ ဘာသာရေးခေါင်းဆောင် (၁၄) ဦးသတ် ဖြတ်ခံခဲ့ရသည့်အမှုကိုတွေ့ရှိခဲ့သည်။ ထို (၁၄) မှု၌ ဆရာတော် (၁) ပါး၊ ဘုန်းကြီး (၁၁) ပါး၊ သစ္စာသုံပါးခံသူတော်စင် ဘာရာသာရ် (၁) ပါး၊ ရဟန်းလောင်းကိုရင် (၁) ပါးတို့ဖြစ်ကြသည်။ ရဟန်း၊ သီလရှင် (၄၂) ပါး သည်ဆက်လက်၍ဖမ်းဆီးခံထားရကြောင်းကိုလည်း အစီရင်ခံစာထဲ၌ဖော်ပြထားသည်။

အစီရင်ခံစာအရ နိုင်ဂျီးရီးယားနိုင်ငံသည် ဤရာဇ၀တ်မှုကိုကျူးလွန်သည့်အမြင့်ဆုံးသောနိုင်ငံထဲတွင်ပါ၀င်ခဲ့သည်။ အစီရင်ခံစအရ သတ်ဖြတ်မှု (၃) မှုနှင့်ပြန်ပေးဆွဲမှု (၂၈) အထိရှိခဲ့သည်ဟုဆိုပါသည်။ လူ့ အခွင့်အရေးချိုးဖောက်မှု၊ မတရားမှုကျူးလွန်နေသည်ကို ပြတ်သားစွာထုတ်ဖော်ပြောဆိုရပ်တည်သော ဘုန်းတော်ကြီးများ၊ ဘာသရေး ခေါင်းဆောင်များအားဖမ်းဆီးမှုအကြမ်းဆုံးနိုင်ငံ (၂) ခုမှာ နီဂါရာဂွာနှင့်ဘဲလားရုစ်တို့ဖြစ်သည်။ ဘဲလားရုစ်အာဏာရှင်အစိုးရသည် ကက်သလစ်ဘုန်းကြီး (၁၀) ပါးအားဖမ်းဆီးထိန်းသိမ်းခဲ့သည်ဟုဖော်ပြထားသည်။

နိုင်ဂျီးရီးယားနိုင်ငံပြီးလျှင် မာလီနှင့်ဘူကီနာဖာဆိုနိုင်ငံတို့လည်း ဘုန်းကြီးများအားဖမ်းဆီး၊ ပြန်ပေးဆွဲမှုမြင့်မားသောနိုင်ငံ၌ပါ၀င်သည်။ အိန္ဒိယနိုင်ငံ၌လည်း ဘာသာကူးပြောင်းသည့်ဥပဒေကိုမြဲမြဲကိုင်ဆုပ်လျှက် ကက်သလစ်အဖွဲ့အစည်းများကိုဖိအားပေးတင်းကြပ်နေသည်။ ထိုအမှုနှင့်ညှိစွန်းသည်ဟုဆိုကာ စစ္စတာရ်တစ်ပါးနှင့်အခြားသူ (၅) ဦးတို့ကိုလည်းဖမ်းဆီးထိန်းသိမ်းထားသည်။

ယခုအစီရင်ခံစာ၌ဖော်ထားသောအမှု များအားလုံးသည် ကက်သလစ်ဘာသာရေးသီးသန့်လုပ်ဆောင်ရာမှဖမ်းဆီးထိန်းသိမ်းခံထားရသည့်အမှုများကိုသာထည့် သွင်းဖော်ပြထားခြင်းဖြစ်သည်။ အခြားသော ဘာသာ၀င်များ၌ဖြစ်ပျက်ခဲ့သည့်အကြောင်အရာများမပါ၀င်ပေ။

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

https://bitly.ws/39GRp

 

Add new comment

9 + 3 =