Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
(၂၀၂၂) ၏ Veritas Sinhala ကိုလူငယ်စွမ်းရည်ပြိုင်ပွဲများထည့်သွင်းကျင်းပ
(၂၀၂၂) ၏ Veritas Sinhala ကိုလူငယ်စွမ်းရည်ပြိုင်ပွဲများထည့်သွင်းကျင်းပ
(၂၀၂၂) ၏ Veritas Sinhala နေ့ကိုနို၀င်ဘာလ (၂၆) တနင်္ဂနွေနေ့က သီရိလင်္ကာနိုင်ငံ၊ Borella ရှိ Namel-Malani Punchi ပြဇာတ်ရုံ၌ကျင်းပခဲ့သည်။ ဤပွဲသို့သီရိလင်္ကာ နိုင်ငံလုံးဆိုင်ရာ ကက်သလစ်သာသနာ၏လူထုဆက်သွယ်ရေးရုံး၏ဥက္ကဌဖြစ်သော ကိုလံဘိုဂိုဏ်းချုပ်သာသနာ ၏အကူဆရာတော် Maxwell Silva၊ ဘုန်းတော်ကြီးများ၊ သီလရှင်များ၊ RVA နားဆင်သူများနှင့်စေ တနာရှင်၊ အလှူရှင်များတက်ရောက်ခဲ့ကြသည်။
အစီအစဉ်ကို ရိုးရာဆီမီးအကဖြင့်ဖွင့်လှစ်ပြီး ဘုရားသခင်၏သနားခြင်းကိုတောင်းခံခဲ့သည်။ ထို့ နောက်နိုင်ငံတော်သီချင်းကိုသီဆိုကြပြီး မကြာမီကကွယ်လွန်သွားသော Mr. Alfred Perera အား အောက်မေ့သတိရသည့်အနေဖြင့် တစ်မိနစ်ဆိတ်ငြိမ်စွာနေခဲ့သည်။ သူသည် Veritas Sinhala အသံ လွှင့်ဌာန၏ပထမဦးဆုံးထုတ်လုပ်သူနှင့်အစီအစဉ်ရေးဆွဲသူဖြစ်သည်။ Dematagoda မှစိန့်အန်ထော်နီကျောင်းမှကျောင်းသူကျောင်းသားများမှသီချင်းဖြင့်တက်ရောက်သူများအားကြိုဆိုခဲ့ကြသည်။
ဤအာရှအသံလွှင့်ဌာနသည် သီရိလင်္ကာ၌ (၅၃) နှစ်ကြာသည်အထိအမှန်တရားကိုဆက်လက်သက်သေခံသယ်ဆောင်လျှက်ရှိကြောင်း၊ ယေဇူးသခင်၏နှုတ်တော်ထွက်စကားအတိုင်းပင် အရပ်ရပ်သို့ သွား၍ လူမျိုးတကာကိုတပည့်များဖြစ်စေရန်လုပ်ဆောင်နေကြောင်းကိုလံဘိုဂိုဏ်းချုပ်သာသနာ၏အကူ ဆရာတော်ကပြောကြားခဲ့သည်။
ဆရာတော်သည် ဖာသာရ် Hemantha Perera အားလည်းကျေး ဇူးတင်ကြောင်း၊ သူ၏ခေါင်းဆောင်လမ်းညွှန်မှုအောက်၌ ၀န်ထမ်းများ၏ဆက်ကပ်လုပ်ဆောင်မှုများနှင့်အတူ ဤအသံလွှင့်အစီအစဉ်သည်တစ်ဟုန်ထိုးပြောင်းလဲတိုးတက်လာခဲ့ကြောင်းပြောကြားခဲ့သည်။
သီရိလင်္ကာ၏နှစ်အကြာဆုံးသတင်းစာဖြစ်သော Gnanartha Pradeepaya ၏အယ်ဒီတာဖာသာရ် Cyril Gamini Fernando က သီရိလင်္ကာ၏နှစ် (၁၅၀) သမိုင်းကိုသိသူကလည်း မီဒီယာ၏ထိုးဖောက်နိုင်စွမ်းကိုပြောကြားခဲ့သည်။ လူမှုကွန်ရက်ကိုလူ့အဖွဲ့အစည်းဖွံ့ဖြိုးတိုးတက်ပြောင်လဲ ရန်အတွက်အသုံးပြုရန်၊ ဖျက်ဆီးရန်အသုံးမပြုကြရန်ပြောကြားခဲ့သည်။
‘Sing while Play’ သီချင်းဖြင့်ပြိုင်ပွဲ၌ဆုဆွတ်ခူးခဲ့သူအားလည်းဆုချီးမြှင့်ခဲ့သည်။ ဤသီချင်း ပြိုင်ပွဲကို လူငယ်များ၏မြူးစိစွမ်းရည်ကိုဖော်ထုတ်မြှင့်တင်ပေးရန်ရည်ရွယ်လုပ်ဆောင်ခဲ့သည်။
သီချင်းပြိုင်ပွဲ၌ပါ၀င်ခဲ့ကြသောလူငယ်တိုင်းသည် အစွမ်းအစကိုယ်စီရှိကြသည်။ သူတို့၏အစွမ်းအစများသည် သီရိလင်္ကာနိုင်ငံ၏ အနာဂတ်မြူစိအတွက်အလွန်ကြီးမားသောအကူအညီဖြစ်လိမ့်မည်ဖြစ်ကြောင်း၊ ယခု ကဲ့သို့မီးခဲပြာဖုံးနေသောလူငယ်တို့၏စွမ်းရည်ကိုဖော်ထုတ်ပေးသည့်အတွက်လည်း Veritas Sinhala အားကျေးဇူးတင်ကြောင်း သီချင်းပြိုင်ပွဲ၏အထူးဒိုင်မှာ Visharada Uthpala Sumudumali ကပြောကြားခဲ့သည်။
သီချင်းပြိုင်ပွဲ၌ဆုရရှိခဲ့သူမှာ Kasun Lakshan ဟုခေါ်သောလူငယ်ဖြစ်သည်။ လူ မှုကွန်ရက်၌လူကြိုက်အများဆုံးဆုကိုမူ Selan Madusanka Fernando ကရရှိခဲ့သည်။
အသံ လွှင့်ဌာန၏လက်ရှိတာ၀န်ခံ ဖာသာရ် Hemantha Perera ကလုပ်ဖော်ဆောင်ဖက်များနှင့်၀န်ထမ်းများ၊ ကြွရောက်အားပေးကြသူများ၊ ထောက်ခံအားပေးကြသူများအားလုံးကိုကျေးဇူးတင်ကြောင်းပြောကြားခဲ့သည်။
အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်
Add new comment