(၂၀၂၂) သည် Edith Stein ၏ဆေးကြောခြင်းခံယူခဲ့သည့် နှစ် (၁၀၀) ပြည့်နှစ်ပတ်လည်ဖြစ်

(၂၀၂၂) သည် Edith Stein ၏ဆေးကြောခြင်းခံယူခဲ့သည့် နှစ် (၁၀၀) ပြည့်နှစ်ပတ်လည်ဖြစ်

(၂၀၂၂) သည် Edith Stein ၏ဆေးကြောခြင်းခံယူခဲ့သည့် နှစ် (၁၀၀) ပြည့်နှစ်ပတ်လည်ဖြစ်

 

            Edith Stein သည် အဘယ်သူနည်း။ ယခုနှစ်သည် သူ ကက်သလစ်ဘာသာ၀င်တစ်ဦးအဖြစ် ဆေးကြောခြင်းမဂ်လာခံယူခဲ့သည်မှာ နှစ်(၁၀၀) ပြည့်ပြီဖြစ်သည်။ သူသည် အမျိုးသမီး ဒဿန ပညာရှင်ဖြစ်သည်။ အစောပိုင်း၌ ကက် သလစ်ဘာတူမဟုတ်ခဲ့သော်လည်း နောက်ပိုင်း၌ ဆေးကြောခြင်းမဂ်လာခံယူပြီး၊ ရဟန္တာပင်ဖြစ်လာခဲ့သည်။ ထို့ ကြောင့် သူ၏ဇာတိမြို့က ယခုနှစ်ကို ‘ (၂၀၂၂) ကို Edith Stein ၏နှစ်’ ဟုသတ်မှတ်ဂုဏ်ပြုလိုက်သည်။ သူသည် ဂျူး အမျိုးသမီး တစ်ဦးဖြစ်ပြီး၊ Auschwitz ၌တရားတော်အတွက် ကွပ်မျက်ခံခဲ့ရသည်။ Auschwitz သည် နာဇီဂျာမဏီ တို့မှလူပေါင်း တစ်သန်းခွဲကိုနည်းလမ်းပေါင်းစုံဖြင့်သတ်ဖြတ်ခဲ့သောနေရာဖြစ်သည်။ သတ်ဖြတ်ခံရသူ၏ (၉၀) ရာခိုင် နှုန်းမှာဂျူးလူမျိုးများဖြစ်သည်။ ၄င်းတို့အထဲတွင် Edith Stein လည်းတစ်ဦးပါသွားခဲ့သည်။ ယခုနှစ်ကို သူ၏နှစ်အဖြစ် သတ်မှတ်ဂုဏ်ပြုပြီး၊ သူ၏ဘ၀နှင့်ကောင်း မွေများကိုပြန် လည်အမှတ် ရဖော်ထုတ်သွားမည်ဖြစ်သည်။ 

            Edith Stein အား (၁၈၉၁) နှစ်၊ ယနေ့ Wrocław ဟုခေါ်သော ပိုလန်နိုင်ငံ၏တောင်ပိုင်းတွင် ဂျူးမိသားစုတစ် စုမှမွေးဖွားခဲ့သည်။ ထိုခေတ်အခါက သူ၏မွေးရပ်မြို့ကို Breslau ဟုခေါ်ပြီး၊ ဂျာမန်တို့၏ပိုင်နက်ထဲတွင်ကျရောက် နေခဲ့သည့်အချိန်ဖြစ်သည်။ သူသည် အသက် (၂၀) အရွယ်အထိ ဘုရားကိုမယုံကြည်သူ၊ ဘာသာမဲ့အဖြစ်ရှင်သန်ခဲ့ သည်။ ပညာရေးကိုမှုလိုက်စားသူဖြစ်ပြီး၊ ဒဿန ဘာသာရပ်၌ သူသည် ပါဂူဘွဲ့ကိုရခဲ့သည်။ နောက်ပိုင်း၌ ကက်သ လစ်ဘာသာ၀င်တစ်ဦးအဖြစ်ခံယူရန် ဆုံးဖြတ်ခဲ့သည်။ ထိုစိတ်ကိုအဘယ်ကရခဲ့သနည်းဟုမှု (၁၆) ရာစုမှကာမဲလိုက် စစ္စတာရ်တစ်ပါးဖြစ်သော အဗီးလာမြို့မှစိန့်ထရေးဇာ၏အကြောင်းကို (၁၉၂၁) သူငယ်ချင်းတစ်ဦး၏အိမ်၌တည်းခို နေစဉ်ဖတ်မိလိုက်သည်။ ထိုစာအုပ်ကိုဖတ်ရှုအပြီး သူကို့ယ်သူပြောလိုက်သည်မှာ ‘ဤသည်ကား အမှန်တရားပေ တည်း’ ဟုဖြစ်ကြောင်း နောက်ပိုင်း၌သူ၏ယုံကြည်ခြင်းခရီးနှင့်ပတ်သက်၍ ကိုယ်တိုင်ရေးသားသော ဘ၀အတ္ထုပ္ပတိ ၌ပြန်ပြောခဲ့သည်။ သို့ဖြင့် (၁၉၂၂၊ ဇန္န၀ါရီလ ၁) ရက်နေ့၌ဆေးကြောခြင်းမဂ်လာကိုခံယူခဲ့သည်။ ထိုစဉ်က သူသည် သက်တော် (၃၀) ပြည့်ပြီဖြစ်သည်။ ဆေးကြောခြင်းအမည်ကိုလည်း ကားတိုင်တော်၏ ထရေးဇာဘက်နက်ဒစ်တာဟု ခံယူခဲ့သည်။ ဆေးကြောခြင်းခံယူအပြီး (၁၂) နှစ်အကြာမှ ကာမဲလိုက်သီလရှင်ဖြစ်ရန် ခြေလှမ်းများကိုစခဲ့သည်။

            Stein အားဂုဏ်ပြု‌သောနှစ်အဖြစ် Wrocław မှအကူဆရာတော် Jacek Kiciński က ယခုလ (၉) ရက်နေ့ တွင် ဆေးဇူးသခင်ဆေးကြောခြင်းမဂ်လာခံယူသည့်ပွဲနေ့တနဂ်နွေ၌ သူလာရောက် ဆုတောင်း လေ့ရှိသော သာသနာ အုပ်စု၌ ဖွင့်လှစ်ပေးခဲ့သည်။ သူသည် ယေဇူးသခင်၏ပါစကားနက်နဲရာဖြစ်သော ဒုက္ခခံခြင်း၊ သေခြင်းနှင့်ရှင်ပြန်ထ မြောက်တော်မူခြင်းအသက်တာကို နက်ရှိုင်းစွာ ထောက်ရှု ရှင်သန်သူ ဖြစ်ခဲ့သောကြောင့် ကားတိုင်တော်၏ထရေးဇာ ဘက်နက်ဒစ်တား ဟူသည့်အမည်ကို မြတ်နိုးစွာ ခံယူခဲ့ သည်။ ထို့အတူကျင့်ကြံရှင်သန်ခဲ့သည်။ ဆေးကြေားခြင်းခံယူ ချိန်ကလည်းအသက်အရွယ်ရနေပြီဖြစ်၍ ဆေးကြောခြင်းခံယူရမှထွက်လာသောအခါ ခမည်းတော်၏ဗျာဒိတ်တော် ဖြစ်သည့် ‘ဤသူသည် ငါနှစ်သက်မြတ်နိုးရာ ငါ၏ချစ်သားပေတည်း။ သူ့ကိုနား‌‌ထောင်ကြလော့’ ဟူသောစကားကို ပြင်းထန်မှန်ကန်သောခံယူချက်ဖြင့် နှလုံးထဲသိုပိုက်ခဲ့သည်။ သူသည် သီလရှင်ကျောင်း၌ရှိနေစဉ်၌ပင် စစ္စတာရ်ရိုဇာ ဟုခေါ်သောအခြား စစ္စတာရ်တစ်ပါးနှင့်ဖမ်းဆီးခံလိုက်ရသည်။ စစ္စတာရ်ရိုဇာသည်လည်း နောက်မှကက်သလစ်ဖြစ် လာသောစစ္စတာရ်ဖြစ်သည်။ ဖမ်းဆီးခံရချိန်၌ Stein သည် ကားတိုင်တော် ၏စိန့်ဂျွန်ရေးသားသော ‘The Science of the Cross’ (သိပ္ပံနည်းကျသောကားတိုင်တော်) အမည်ပေး ထားသည့်စာအုပ်ကိုဖတ်ရှုပြီးရုံသာရှိသေးသည်။

            သူသည် (၁၉၄၂၊ ဩဂုတ်လ ၉) ရက်နေ့၌ Auschwitz လူသတ်စခန်း၌ သတ်ဖြတ်ခံခဲ့ရသည်။ သူ့အား စိန့် ဂျွန်ပေါလ် (၂) က (၁၉၉၈) တွင် ရဟန္တာအဖြစ်တင်မြောက်ခဲ့ပြီး၊ တစ်နှစ်အကြာ၌ သူ့အား ဥရောပတိုက်အားတွဲဖက် မှိုင်းမသောရဟန္တာအဖြစ်ဂုဏ်ပြုပေးခဲ့သည်။ သူ၏နှစ်ကိုဂုဏ်ပြုသောအားဖြင့် သူ့ဇာတိမြို့၏အာဏာပိုင်များကသူ၏ အိမ်ကိုလည်းပြခန်းအဖြစ် စီစဉ်ပြသထားမည်ဖြစ်သည်။ ယခုအခါ Edith Stein ၏မိသားစုအိမ်အား ဘာသာပေါင်းစုံ ဆွေးနွေးနှီးနှောရာဗဟိုအဖြစ်သတ်မှတ်ထားပါသည်။      

 

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/344kzWY

Add new comment

6 + 0 =