(၂၀၂၂) ဗာတီကန်၌ပြုပြင်ပြောင်းလဲနိုင်ခဲ့သောနှစ်တစ်နှစ်နှင့်သော့ချက်များ

(၂၀၂၂) ဗာတီကန်၌ပြုပြင်ပြောင်းလဲနိုင်ခဲ့သောနှစ်တစ်နှစ်နှင့်သော့ချက်များ

ရဟန်းမင်းကြီးဖရန်စစ်၏ဒူးခေါင်း‌ေ၀ဒနာကြောင့် သွားလာလှုပ်ရှားရန်အခက်အခဲရှိနေခဲ့သော်လည်း ဗာတီကန်သည် အရေး ကြီးသောအလုပ်များကိုပြီးစီးအောင်လုပ် ဆောင်နိုင်ခဲ့သည်။ ၄င်းတို့မှာ

၁။ ရဟန်းမင်းကြီးဖရန်စစ်

ရဟန်းမင်းကြီးဖရန်စစ်သည် ဒူးခေါင်း‌ေ၀ဒနာကြောင့် ခါတိုင်းကဲ့သို့စိန့်ပီတာ၌စုရုံး ရောက်ရှိနေသောဘုရားဖူးများအား ရင်းနှီးစွာဖြင့်သတ်မှတ်ထားသောလျှောက်လမ်းတစ်လျှောက်သွား၍မနှုတ်ဆက်နိုင်တော့ပေ။ ရဟန်းမင်းကြီးဖရန်စစ်၏ ဒူးခေါင်း ‌ေ၀ဒနာသည် တစ်နှစ်တာအတွက် အလွန်စိုးရိမ်ခဲ့ရသောအခြေအနေတစ်ခုဖြစ်ခဲ့သည်။ အဘယ်ကြောင့်ဆို သော် သူ၏နိုင်ငံတကာသို့တမန်တော်ခရီးကြွရောက်ခြင်းကိုပြန်လည်ဆင်ခြင်လျော့ချရန်အကြောင်းဖြစ်လာစေခဲ့သည်။ ထို့ ကြောင့်လည်း ယခုနှစ်ဇူလိုင်လ၌ အာဖရိကသို့ကြွရောက် မည့်ခရီးစဉ်ကိုလည်းဖျက်သိမ်းခဲ့ရသည်။ ထိုသို့ရွေ့ဆိုင်းခဲ့ရ၍ ရဟန်းမင်းကြီးအနေဖြင့်လွန်စွာ စိတ်မကောင်းဖြစ်ခဲ့ရသည်။ တစ်ခုအထမမြောက်ခဲ့သော်လည်း ရဟန်းမင်းကြီး
ဖရန်စစ်က ပြောင်းရွေ့သင့်သောသူ၏ လုပ်ဖော်ဆောင်ဖက်များ၊ ပြုပြင်ပြောင်းလဲသင့်သော အခြေအနေများကိုပြုပြင်ပြောင်းလဲနိုင်ခဲ့သည်။ ထိုပြုပြင်ပြောင်းလဲခြင်းကို သူ၏တမန်တော်လုပ်ငန်း၌ဧ၀ံဂေလိတရားကိုပိုမိုထိရောက်စွာဖြန့်‌ေ၀ခြင်းလမ်းညွှန်၌ဖော်ပြထားသည်။ ထိုလမ်းညွှန်ချက်၌ ဗာတီကန်ရုံးတော်များ၌ ဆရာတော်၊ ဘုန်းတော်ကြီးများကြီးစိုးသောနေရာအဖြစ်မှရိုးရိုးဘာသာတူများလည်းအမှုတော်ထမ်းဆောင်နိုင်သောအခွင့်အလမ်းကိုလည်းထည့်သွင်းလမ်းညွှန်ထားသည်။

၂။ ဆရာတော် MARCO MELLINO

သူသည် ကာဒီနယ်အဖွဲ့အစည်း၏ အတွင်းရေးမှူးဖြစ်သည်။ ဤအမှုတော်ကိုထမ်း ဆောင်ရန်မှာ ကာဒီနယ် (သို့) ဆရာတော်ဖြစ်ရန်မလိုတော့ပေ။ အထက်ကဆိုခဲ့သော 'ဧ၀ံဂေလိတရားကိုပိုမိုထိရောက်စွာဖြန့်‌ေ၀ခြင်းလမ်း ညွှန်' (Praedicate evangelium) ၌ ဒေသန္တရဂိုဏ်းချုပ်၊ ဂိုဏ်းအုပ်များနှင့်ရဟန်းမင်းကြီးတို့၏ထိတွေ့မှုကိုရရှိလိုသည်ဟုရှင်းပြခဲ့သည်။

၃။ ကာဒီနယ် GIANFRANCO GHIRLANDA

သူသည် ကာနွန်ဥပဒေပညာရှင်ဖြစ်ပြီး၊ ရဟန်းမင်းကြီးရုံးတော်၏ဥပဒေအကြံပေးသူဖြစ်သည်။ ဆရာတော်တိုင်းက ရဟန်း မင်းကြီးနှင့်တိုက်ရိုက်စကားပြောဆိုခွင့်ရှိသည်။ ဗာတီကန်ရုံးတော်တစ်ခုခု၏ ကြား၀င်ပေးမှုမလိုတော့ပေ။ ထို့ကြောင့် ဗာတီကန်ရုံးတော်အနေဖြင့် ဒေသန္တရဂိုဏ်းချုပ်၊ ဂိုဏ်းအုပ်သာသနာ့အရေးနှင့်စပ်လျင်း၍ထိုဂိုဏ်းချုပ်၊ ဂိုဏ်းအုပ်သာသနာများနှင့်လက်တွဲလုပ်ဆောင်ရမည်ဖြစ်သည်။ ပြင်ဆင်ရမည့်စာရွက်စာတမ်းများပြီးစီးသွားသောအခါ ဆရာတော်များ၊ ဆရာတော်အဖွဲ့ချုပ်များ၊ အရှေ့တိုင်း၀ိနည်းကိုကျင့်သုံးသော ဖွဲ့စည်းပုံအတိုင်းတိုက်ရိုက်ဆက်သွယ်နိုင် သည်။ ရဟန်းမင်းကြီး၏ကိုယ်စားလှယ်များမှတဆင့်သာတင်ပြရန်မလိုတော့ပေ။ ရဟန်း မင်းကြီး၏ကိုယ်စားလှယ်အားတင်ပြရမည်။ ထို့အတူသက်ဆိုင်ရာဆရာ‌တော်များထံတိုက်ရိုက်တင်ပြနိုင်သည်။

(၂၀၂၂) ခုနှစ်၏ အဓိကခေါင်းစဉ်များအနက်တစ်ခုမှာ ဗာတီကန်အတွင်းပွင့်လင်းမြင်သာမှုရှိရန်ပင်ဖြစ်သည်။ ဤသို့ဖြစ်လာစေရန် တုန့်ဆိုင်းနှောက်နှေးမှုများစွာရှိခဲ့ပြီးနောက် ကာဒီနယ် Angelo Becciu ၏ကိစ္စနှင့်ပတ်သက်၍စတင်နိုင်ရန်ဗာတီကန်အား ကုန်ကျစရိတ်များစွာထောင်းစေခဲ့သည်။ ဤကာဒီနယ်သည် ဗာတီကန်၏အမှုတော်ထမ်းနေသူတစ်ဦးဖြစ်ပြီး၊ ဗာတီကန်၏ ပိုင်ဆိုင်မှုဆိုင်ရာ၌ ပါ၀င်ပတ်သက်ခဲ့မှုများရှိသည်ဟုစွပ်စွဲခံထားခဲ့ရသူဖြစ်သည်။ ဤအမှုသည်ယခုထိမပြီးပြတ်သေးပေ။ ကာဒီနယ်က 'ကျွန်ုပ်အနေဖြင့်မစိုးရိမ်ပါ။ အဘယ် ကြောင့်ဆိုသော် ကျွန်ုပ်အနေဖြင့်မည်သည့်ရာဇ၀တ်မှုမှမကျူးလွန်ခဲ့ဟုထင်မြင်ပါသည်' ဟုပြောကြားခဲ့သည်။

နို၀င်ဘာလ၌ အခြားသောအမှုတစ်ခုထပ်မံစွဲချက်တင်လာခဲ့ပြန်သည်။ ယခင်ဗာတီကန်၏ အထွေထွေစာရင်းစစ်ဖြစ်သော Libero Milone ၏အမှုပင်ဖြစ်သည်။ သူ့အား (၂၀၁၅) ခုနှစ်က တာ၀န်ထမ်းဆောင်စေခဲ့သော်လည်း (၂၀၁၇) တွင်တာ၀န်မှရပ်နားလိုက်သည်။ သူ့အနေဖြင့်သူ၏ အမှုကိုဗာတီကန်၏အတွင်းရေးမှူးရုံးတွင်ကြားနာစစ်ဆေးခံလိုသည်ဟုတောင်းဆိုခဲ့သည်။ သူ့အနေဖြင့် တာ၀န်မှရပ်နားခံခဲ့ရသည်မှာ ဗာတီကန်၏ငွေစာရင်းကို၀င်ရောက်စစ်ဆေးခဲ့သောကြောင့် ဖြစ်သည်ဟုတုန့်ပြန်ထားသည်။ သူတာ၀န်ထမ်းဆောင်နေစဉ် အတိုက်အခံများစွာကြုံခဲရကြောင်းပြောသည်။ ဗာတီကန်မှပြန်လည်တုန့်ပြန်ထားသည်မှာ Libero Milone သည် သူ၏လုပ်ပိုင်ခွင့်ထက် ကျော်လွန်ပြီး ကာဒီနယ်များအားထောက်လှမ်းနေခဲ့ကြောင်းပြောသည်။ ထိုပြောဆိုချက်ကိုသူငြင်းဆို ခဲ့သည်။

Libero Milone အနေဖြင့်သူ၏စည်းဘောင်အတွင်းမှသာလုပ်ဆောင်ခဲ့ကြောင်းနှင့်သူ၏အကြီးတစ်ဦးတည်းသောအကြီး အကဲဖြစ်သော ရဟန်းမင်းကြီး၏ သဘော တူလမ်းညွှန်ချက်အတိုင်း လုပ်ဆောင်ခဲ့ကြောင်း၊ မည်သည့်အရာကို၀ှက်ထားရန်လိုမည်နည်း။ ကျွန်ုပ်တို့တွေ့ခဲ့ရသောအနေအထားသည် ပြဿနာကိုဖန်တီးနေသည်ဟုထုချေတုန့်ပြန်ခဲ့သည်။

၄။ ယူကရိန်းစစ်

ယူကရိန်းစစ်သည် ရဟန်းမင်းကြီးဖရန်စစ်၏ (၂၀၂၂) ခုနှစ်အစီအစဉ်များတွင်အလွန်အရေးပါခဲ့သည်။ စစ်စတင်ဖြစ်ပွားချိန်၌ အချိန်မှီတားနိုင်ရန်အတွက် သူကိုယ်တိုင် ရုရှားသံရုံးသို့ကြွ၍ ဖြစ်နိုင်ချေရှိသော ငြိမ်းချမ်းရေးစကားများကိုအစွမ်းကုန်ကြိုးစားငြိနှိုင်းခဲ့ကြသည်။ ရဟန်းမင်းကြီးသည် ရုရှားနှင့်ယူကရိန်းနိုင်ငံတို့အား အပြစ်မဲ့သန္ဓေယူတော်မူသောမယ်တော်၏နှလုံးတော်ထံအပ်နှံပူဇော်ခဲ့သည်။

လူထုများရှေ့မိန့်ကြားသောဩ၀ါဒများ၌ လည်း စစ်အဆုံးသတ်‌ရေးထည့်သွင်းမိန့်ကြားတိုက်တွန်းလေ့ရှိသည်။ အလွန်စိတ်ထိခိုက်ရသောအချက်ကား ဒီဇင်ဘာ လ (၈) ရက်နေ့ မယ်တော်၏အပြစ်မဲ့သန္ဓေယူတော်မူသောပွဲနေ့ကျင်းပနေစဉ် မျက်မရည်မဆည်နိုင်ခဲ့သည့်အဖြစ်ပင်ဖြစ်သည်။

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3GtClUf

Add new comment

5 + 1 =