၂၀၂၂ တွင် ကာဒီနယ်အသစ်ရွေးချယ်ဖို့ ပုပ်ရဟန်းမင်းကြီး၏ ခရီးအစီအစဥ်နှင့် စိတ်ဝင်စားစရာအကြောင်းအရာများ

၂၀၂၂ တွင် ကာဒီနယ်အသစ်ရွေးချယ်ဖို့ ပုပ်ရဟန်းမင်းကြီး၏ ခရီးအစီအစဥ်နှင့် စိတ်ဝင်စားစရာအကြောင်းအရာများ

၂၀၂၂ တွင် ကာဒီနယ်အသစ်ရွေးချယ်ဖို့ ပုပ်ရဟန်းမင်းကြီး၏ ခရီးအစီအစဥ်နှင့် စိတ်ဝင်စားစရာအကြောင်းအရာများ

ပုပ်ရဟန်းမင်းကြီး ခရီးစဉ်မှ ကာဒီနယ်အသစ်များအထိ၊ ၂၀၂၂ ခုနှစ်တွင် စောင့်ကြည့်ရမည့် အဖြစ်အပျက်များကို ဗာတီကန်မှ ထုတ်ပြန်လိုက်သည်။

၂၀၂၂ ခုနှစ်သည် ဗာတီကန်အပါအဝင် တကမ္ဘာလုံးအခြေအနေ၌ မသေချာမရေရာမှုများဖြင့် စတင်သည်။ ပုပ်ရဟန်းမင်းကြီး ပြုလုပ်မည့် ရေရှည်စီမံကိန်းများနှင့် အမျိုးမျိုးသော စာချွန် တော်တွေကို ကပ်ရောဂါက အတားအဆီးဖြစ်စေသည်။

ယခုနှစ်တွင် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ဆက်လက်ပြီး ကာကွယ်ဆေး ထိုးနှံရန် ကြိုးပမ်းသွားမည် ဖြစ်ပြီး ဆင်းရဲသော နိုင်ငံများအား Covid-19 ကာကွယ်ဆေးများ ရရှိနိုင်ရန် ပုပ်ရဟန်းမင်းကြီးမှ တိုက်တွန်းသွားမည် ဖြစ်သည်။

လူတိုင်း အဆင်သင့် ကာကွယ်ဆေး ရရှိနိုင်ရန် နိုင်ငံတကာအသီးသီးမှ အဖွဲ့အစည်းတိုင်း အတူတကွလက်တွဲဆောင်ရွက်ဖို့ အရေးကြီးကြောင်း ပုပ်ရဟန်းမင်းကြီးမှ မိန့်ကြားတော်မူသည်။

ပုပ်ရဟန်းမင်းကြီး၏ ခရီးစဉ်များသည် ကပ်ရောဂါ အခြေအနေ ကြီးထွားလာမှုအပေါ် မူတည်ပါသည်။ ယခုနှစ် ပထမနှစ်ဝက်တွင် ဖင်လန် သို့မဟုတ် ခါဇာစတန်တွင် ကျင်းပမည့် မော်စကို အရှေ့တိုင်း သြသဒေါက်စ် ဘုန်းကြီး များနှင့် တွေ့ဆုံရန် ပုပ်ရဟန်းမင်းကြီးက ပြင်ဆင်နေသည်။

"ကျွန်ုပ် အမြဲတမ်း ဆန္ဒရှိပါတယ်၊ ကျွန်ုပ်လည်း မော်စကိုကို သွားဖို့ ဆန္ဒရှိပါတယ်။ညီအစ် ကိုတစ်ယောက်နဲ့ စကားပြောဆိုရမှာ ဘာ စည်းမျဉ်း စည်းကမ်းမှ မရှိပါဘူး" ဟု ပုပ်ရဟန်း မင်းကြီးက မိန့်ကြားတော်မူသညိ။

သြဂုတ်လတွင် ကျရောက်မည့် ဒုတိယမြောက် ပုပ်ရဟန်းမင်းကြီး ဂျွန်ပေါ ဥရောပနိုင်ငံများသို့ Santiago de Compostela မှ သဝဏ်လွှာပေးပို့သည့် နှစ် ၄၀ အကြိမ်မြောက် အခမ်းအနားကို ပုပ်ရဟန်းမင်းကြီး ဖရန်စစ်တက်ရောက်ဖို့ Santiago de Compostela သို့ ပုရဟန်းမင်းကြီး ဖရန်စစ် သွားနိုင်ခြေလည်းရှိကြောင်း

စက်တင်ဘာလတွင် လွန်ခဲ့သောအချိန်က ကက်သလစ်ဘာသာဝင်များ၏ နှိပ်စက်ခြင်းကိုခံခဲ့ရသော ဒေသခံ တိုင်းရင်းသားအဖွဲ့အစည်းများနှင့် တွေ့ဆုံရန် ပုပ်ရဟန်းမင်းကြီးသည် ကနေဒါသို့ လည်းသွားရောက်နိုင်သည်ဟုဆိုသည်။

အိန္ဒိယ နိုင်ငံသို့ အလည်အပတ်သွားရောက်ရန် အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာ မိုဒီ၏ ဖိတ်ကြားချက်ကို ပုပ်ရဟန်းမင်းကြီးက လက်ခံထားရရှိသော်လည်း သွားရောက်မည့် နေ့ရက်ကို မကြေညာသေးပေ။

ကပ်ရောဂါမဖြစ်ပွားမီကတည်းက ပုပ်ရဟန်းမင်းကြီးသည် အင်ဒိုနီးရှားနိုင်ငံ၊ ပါပူဝါနယူးဂီနီနိုင်ငံ၊ အရှေ့တီမောနိုင်ငံနှင့် တောင်ဆူဒန်နိုင်ငံသို့ သွားရောက်လည်ပတ်ရန် အစီအစဉ်များ လုပ်ဆောင်နေပြီး အခြေအနေကောင်းလာပါက ၎င်းနေရာများသို့ သွားဖို့အစီအစဥ်ရှိကြောင်း

ယူကရိန်း ကက်သလစ်ဘာသာဝင်များက ယခုနှစ် အတွင်း ရုရှားနှင့် စစ်မဖြစ်ရန် ပုပ်ရဟန်းမင်းကြီးသည် ၎င်းနိုင်ငံသို့ မုချသွားရောက်မည်ဟု ယုံကြည်ထားသော်လည်း ဗာတီကန်မှ ၎င်းခရီးစဉ်နှင့်ပတ်သက်၍ တစ်စုံတစ်ရာ ပြောကြားခြင်းမရှိပေ။ "ကျွန်ုပ်ရဲ့ ဆုတောင်းမေတ္တာတော် အောက်မှာ ခင်မင်ရင်းနှီးရတဲ့ ယူကရိန်းနိုင်ငံသားတွေအတွက် အမြဲရှိတယ်ဆိုတာ အာမခံပါတယ်" ဆိုပြီး ပုပ်ရဟန်းမင်းကြီးက မိန့်ကြားခဲ့သည်။

ကပ်ရောဂါသာခွင့်ပြုရင် ဗာတီကန်မှာ အခမ်းအနားတွေ ကြီးကြီးမားမား ပြန်လည် ကျင်းပဖို့ ပုပ်ရဟန်းမင်းကြီးရဲ့ မျှော်လင့်ချက်က ရှိနေပါတယ်။ ၂၀၁၉၊ အောက်တိုဘာလ တွင် စိန့်ပီတာရင်ပြင်တွင်ကျင်းပသည့် နောက်ဆုံးဘာသာရေးအခမ်းအနားမှာ ကာဒီနယ်ဂျွန်ဟင်နရီနယူးမန်း၏ ရဟန္တာ တင်မြောက်ခြင်းအခမ်းအနားဖြစ်ကြောင်း

နောက်ထပ် အလားတူပွဲကို မေလ ၁၅ ရက်နေ့တွင် Charles de Foucauld ကို ရဟန္တာ အဖြစ်တင်မြောက်ခြင်း သို့မဟုတ် စက်တင်ဘာ ၄ ရက်တွင် ပုပ်ရဟန်းမင်းကြီး ပထမမြောက် ဂျွန်ပေါ ၏ သူတော်သူမြတ်အဖြစ်တင်မြောက်ခြင်း အခမ်းအနား ကျင်းပဖို့ရှိကြောင်း

ပုပ်ရဟန်းမင်းကြီး၏ အစီအစဉ်တွင် နောက်ထပ် ပွဲကြီးတစ်ခု မှာ ရောမမြို့တွင် ကမ္ဘာ့မိသားစုတွေ့ဆုံပွဲ ဖြစ်သည်။

ဇွန်လ ၂၅ ရက် စနေနေ့တွင် ထိုပွဲကိုတက်ရောက်သူများနှင့် မစ္ဆားကျင်းပမည်ဖြစ်ပြီး ၊ဇွန်လ ၂၆ ရက်နေ့တွင် အန်ဂျေလူးမေတ္တာကို သူတို့နှင့်အတူ ဆိုလိမ့်မည်။

ဗာတီကန်တွင် နောက်ထပ်အရေးကြီးသည့်နေ့မှာ ဧပြီလ ၁၆ ရက်နေ့တွင် ကျရောက်မည့် အနားထားသည့် သက်တော် ၉၅ နှစ်ရှိ၊ ပုပ်ရဟန်းမင်းကြီး ၁၆ ဆက်မြောက် ဘယ်နဒစ်အရှင်သူမြတ် ၏ မွေးနေ့ဖြစ်သည်။ သို့သော် အရှင်သူမြတ်၏ ကျန်းမာရေးကြောင့် အထူးပွဲများကို ကျင်းပရန် မဖြစ်နိုင်ကြောင်း

၂၀၂၁ ခုနှစ် ဇူလိုင်လတွင် ပုပ်ရဟန်းမင်းကြီးသည် အူလမ်းကြောင်း ခွဲစိတ်မှုကို ခံယူခဲ့ပြီး တင်ပါးရိုးအာရုံကြော ကိုက်ခဲ့သည့် ဝေဒနာနဲ့ ရုန်းကန်ခဲ့ရသည်။ ထို့ကြောင့် ၂၀၂၂ ၏ အရေးကြီးသော သတင်းခေါင်းစဥ်များတွင် ပုပ်ရဟန်းမင်းကြီး၏ ကျန်းမာရေး နှင့်ဆိုင်ရာများကို ဆက်လက်တွေ့နေရဦးမည်ဖြစ်သည်။

အားလုံးကို ကျေးဇူးတင်ပါသည်ဟု ပုပ်ရဟန်းမင်းကြီးက မိန့်တော်မူသည်။

၂၀၂၂ ခုနှစ်တွင် ကာဒီနယ် ၁၀ ပါး သည် သက်တော် ၈၀ ပြည့်မည်ဖြစ်သောကြောင့် ပုပ်ရဟန်းမင်းကြီး အရိုက်အရာခံယူမည့်ပွဲတွင် ပါဝင်ခွင့်ဆုံးရှုံးမည်ဖြစ်သည်။ ထို့ကြောင့်ပုပ်ရဟန်းမင်းကြီး ဖရန်စစ်သည် သူတို့နေရာတွင် အစားထိုးရန်အတွက် ကာဒီနယ်အသစ်များ ပါဝင်ရွေးချယ်မည်ဖြစ်သည်။

ဗာတီကန်အတွင်းဝင်ရုံးကို ပြုပြင်ပြောင်းလဲရန် ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်ကို လအတော်ကြာ ထုတ်ဝေရန် စိတ်အားထက်သန်စွာ မျှော်လင့်နေခဲ့သည်။ ဖွဲ့စည်းပုံ အခြေခံ ဥပ ဒေစာသားကို ရေးထားပြီးသားဆိုပေမယ့် ပုပ်ရဟန်းမင်းကြီးက လက်မှတ်ထိုးဖို့ လိုသေးကြောင်း ၊ ဒီအကြံအစည်က အတွင်းဝင်ရုံး ကို ဗဟိုချုပ်ကိုင်မှုလျှော့ချရန်နှင့် ဧဝံဂေလိတရားပြန့်ပွားခြင်းအပေါ် ပိုမိုအာရုံစိုက်ရန်ဖြစ်သည်ဟုဆိုသည်။

ယခုနှစ်၏အဓိကအကြောင်းအရာများထဲမှတစ်ခုသည် ၂၀၂၃ ခုနှစ်တွင်ကျင်းပမည့် Synod on Synodality ( အတူတကွ ခရီးပြုခြင်း) အတွက်ပြင်ဆင်ခြင်းဖြစ်လိမ့်မည်။ ပုပ်ရဟန်းမင်းကြီးသည်ကမ္ဘာတစ်ဝှမ်းရှိမြို့ကြီးများတွင်အစည်းအဝေးများကိုမြှင့်တင်နေသည်၊ ဓမ္မညီလာခံ၏ ရည်ရွယ်ချက်မှာ အသင်းတော်အတွင်း ဆေးကြောခြင်းခံကက်သလစ်ဘာသာဝင်တိုင်းသည် အသင်းတော်အတွင်းမှာ တာဝန်ရှိသည်ဆိုတာကိုသတိပေးလိုသောကြောင့်ဖြစ်ကြောင်း

ရဟန်း ကြီးစိုးဝါဒ အတွေးအခေါ်ဟာ ကျွန်ုပ်တို့အလယ်မှာ နေ့စဥ်နှင့်အမျှ ဖျားယောင်းသွေးဆောင်မှုတစ်ခုလိုဖြစ်စေ၍ ထိုရဟန်းကြီးစိုးသည့် ဝါဒသည် ဘုရားသခင်က လူအချို့ကိုသာ စကားပြောစေပြီး တခြားလူတွေက သူတို့ကိုနားထောင်ပြီး နာခံရမည်ဖြစ်နေကြောင်း ကျွန်ုပ်တို့အား တွေးထင်အောင်လုပ်သည် ဟု ပုပ်ရဟန်းမင်းကြီးက မိန့်ဆိုခဲ့သည်။

ဇန်နဝါရီလမှ စတင်ကာ တရားရုံးတွင် ရုံးတင်စစ်ဆေးခြင်း မှာ ကာဒီနယ် Angelo Becciu နှင့် ဗာတီကန်နိုင်ငံ ဘဏ္ဍာရေးဆိုင်ရာအတွင်းရေးမှုးတွင်ပါ၀င်သူများ ပြန်လည်စတင်တော့မည်ဖြစ်သည်။ အမှုသည် မျှော်လင့်ထားသည်ထက် ပိုမိုရှုပ်ထွေးလာကာ မူလထင်ထားသည်ထက် လပေါင်းများစွာ ကြာနိုင်သည်ဟုဆိုသည်။

ဘာသာပြန်- RVA Myanmar
https://bit.ly/3EW9yU1
 

Add new comment

3 + 6 =