(၂၀၂၂) ခုနှစ်၌ ပိုလန်ကက်သလစ်သာသနာတော်အနေဖြင့် လူငယ်များနှင့်ပိုမိုထိတွေ့နိုင်ရန်ကြိုးစားမည်ဟုဆို

(၂၀၂၂) ခုနှစ်၌ ပိုလန်ကက်သလစ်သာသနာတော်အနေဖြင့် လူငယ်များနှင့်ပိုမိုထိတွေ့နိုင်ရန်ကြိုးစားမည်ဟုဆို

(၂၀၂၂) ခုနှစ်၌ ပိုလန်ကက်သလစ်သာသနာတော်အနေဖြင့် လူငယ်များနှင့်ပိုမိုထိတွေ့နိုင်ရန်ကြိုးစားမည်ဟုဆို

ပိုလန်ကက်သလစ်သာသနာအနေဖြင့် ယခုနှစ် (၂၀၂၂) ၌ လူငယ်များနှင့်ပိုမိုထိတွေ့နိုင်ရန် ကြိုးပမ်းသွားမည်ဟု ပိုလန် နိုင်ငံ ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်၏ အတွင်းရေးမှူးဖြစ်သော ဆရာတော် Artur Miziński ကပြော ကြားခဲ့သည်။

ဤသို့ဦးစားပေးလုပ်ဆောင်ရန်လိုအပ်နေကြောင်း၊ သို့မှသာ သာသနာတော်ကြီးနှင့်မျိုးဆက်သစ်လူငယ်မျာအးကြား ချိပ်ဆက်မှုပြောင်းလဲလာမည်ဖြစ်ကြောင်း၊ ဤအချက်သည် ကမ္ဘာတစ်၀ှမ်းလုံးရှိသာသနာတော်ကြီး အတွက်လည်း အရေးတစ်ကြီးလုပ်ဆောင်ရမည့် စိန်ခေါ်ချက်တစ်ရပ်ဖြစ်လာနေကြောင်း၊ ဧ၀ံဂေလိတရားတော်နှင့် လူငယ်တို့အားထိတွေ့မိတ်ဆက်ပေးမည့် နည်းလမ်းသစ်များကို အရေးတစ်ကြီးဖော်ဆောင်ပေးရန်လိုအပ်နေ ကြောင်း၊ သာသနာအုပ်စုများ၌ နည်းလမ်းအသွယ်သွယ်ဖြင့် ကျယ်ကျယ်ပြန့်ပြန့်လှုပ်ရှားနေကြသော ကက်သလစ်အ ဖွဲ့အစည်းများအားလုံးဤပန်းတိုင်သို့မျှော်မှန်းလုပ်ဆောင်ကြမည်ဖြစ်ကြောင်း၊ လူထုဆက်သွယ်မှုနည်းပညာသစ်များ ကိုအသုံးပြု၍ လူငယ်တို့၏နေ့စဉ်ဘ၀အဖြစ်အခြေအနေများနှင့်ပိုမိုနီးစပ်နိုင်ရန်ကြိုးစားလုပ်ဆောင်သွားမည်ဖြစ် ကြောင်းပြောကြားခဲ့သည်။

ဆရာတော် Miziński သည် ပိုလန်နိုင်ငံ၏အရှေ့ဖက်ရှိ Lublin ဂိုဏ်းချုပ်သာသနာ ၏လက်ထောက်ဆရာတော် ဖြစ်သည်။ သူသည် ဥရောပအလယ်ပိုင်းနိုင်ငံရှိ သာသနာ့ခေါင်းဆောင်များ၏ လောကီဆန်လာသော နေထိုင်မှုပုံစံနှင့် ပတ်သက်၍လည်းပြောကြားခဲ့သည်။ (၂၀၂၁၊ မတ်လ) ထုတ် ပိုလန်နိုင်ငံ၏ ဘာသာရေးအခြေအနေပြစာစောင်၌ လူငယ် များနှင့်ဘာသာရေးကျင့်စဉ်များ စည်းမကပ်ဖြစ်နေခဲ့သည်မှာ နှစ်ပေါင်း (၃၀) ကျော်နေပြီဖြစ်ကြောင်း၊ ပြီးခဲသော အောက်တိုဘာလက ပိုလန်သာသနာက အလွန်စိတ်ထိခိုက်စရာကြေညာချက်တစ်ခုကိုတရား၀င်ထုတ်ပြန်ခဲ့သည်။ ထိုကြေညာချက်ကား ယခင်အစောပိုင်းနှစ်များနှင့်ယှဉ်လျှင် (၂၀၂၁) ၌ ရဟန်းဘောင်သို့၀င်လိုသော လူငယ်အမျိုး သားများ၏ ရာခိုင်နှုန်းသည် (၂၀) အထိကျဆင်းလျော့နည်းသွားကြောင်း၊ ပိုလန်နိုင်ငံ၏လူဦးရေ (၃၈) သန်းအနက် (၉၁.၉) ရာခိုင်နှုန်းမှာ မိမိတို့ကိုယ်ကို ကက်သလစ်ဘာသာတူများအဖြစ်သတ်မှတ်လျှက်ရှိကြသေးကြောင်း၊ (၃၆.၉) ရာခိုင်နှုန်းမှာ မစ္ဆားတရားပုံမှန်ပါ၀င်ပူဇော်လျှက်ရှိကြောင်း စစ်တမ်း၌ဖော်ပြထားသည်။

လူငယ်များအား မှန်ကန်သောလမ်းကျောင်းသို့ထိန်းကျောင်းပေးရန်နှင့်၀ိညာဉ်ရေးလမ်းညွှန်မှုများချက်ပေး ရန်မှာ နှစ်သစ်၌ သာသနာကြီးကဇောင်းပေးလုပ်ဆောင်ရမည့် အဓိကအချက်ကြီး (၃) ချက်ထဲတွင်ပါ၀င်ကြောင်း၊ ဒုတိယတစ်ချက်မှာ အကူအညီလိုအပ်နေသောသူများအား ထိရောက်စွာကူညီပေးခြင်း၊ တတိယအချက်မှာ ရဟန်းမင်း ကြီးဖရန်စစ်မှ ဖိတ်ခေါ်နေသော သာသနာအဆင့်မှသည် ကမ္ဘာ့သာသနာအဆင့်ရှိ ဓမ္မညီလာခံကျင်းပရာ၌ ထိရောက် စွာပါ၀င်တုန့်ပြန်သွားရန်ဖြစ်ကြောင်း၊ ပိုလန်နိုင်ငံ ကက်သလစ်သာသနာတော်ကြီး၏အသံ၊ အဖြစ်အပျက်အမှန်ကို ရဟန်းမင်းကြီးနှင့်ကမ္ဘာ့ဆရာတော်ကြီးများ၏ဓမ္မညီလာခံတွင် အကောင်းဆုံးတင်ပြနိုင်ရန်လုပ်ဆောင်နေကြောင်း၊ နှစ်သစ်၏မေလလယ်အထိလုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ ဤဓမ္မညီလာခံ၏ဖိတ်ခေါ်ချက်ကိုတုန့်ပြန်ရင်း မှန်ကန် သောအဖြေနှင့်နည်းလမ်းကိုလည်းရှာဖွေလိုကြောင်း၊ ထို့ကြောင့် သာသနာနယ်အသီးသီး၌ ဘာသာရေးအသင်းအဖွဲ့ တွင် တက်ကြွစွာပါ၀င်နေကြသော ကိုယ်စားလှယ်များ၊ သာမန်ခရစ်ယာန်များလည်း တက်ကြွစွာပါ၀င်လျှက်ရှိ ကြောင်း၊

(၂၀၂၁) ခုနှစ်ကိုပြန်လည်သုံးသပ်ရသော် ကာဒီနယ် Stefan Wyszyński နှင့် Elżbieta Róża Czacka တို့အား စက်တင်ဘာလ (၁၂) ရက်နေ့၌လည်းကောင်း၊ နို၀င်ဘာ (၂၀) ရက်နေ့၌မူ ဖာသာရ် Jan Macha အားလည်းကောင်း သူတော်မြတ်တင်မြောက်နိုင်ခဲ့ကြောင်း၊ ဤသူတော်မြတ်အသစ်ကိုတင်မြောက်ပေးခဲ့သော ရဟန်းမင်းကြီးဖရန်စစ် အားကျေးဇူးအထူးတင်ပါကြောင်း၊ ဤသူတော်မြတ်တင်မြောက်ခြင်း ၀တ်ပြုဆုတောင်းခြင်းကို Warsaw နှင့် Katowice ၌ကျင်းပခွင့်ရခဲ့ခြင်းသည် လူငယ်များအား ၄င်းတို့၏ဘ၀အသက်တာကို ပြန်လည်ဆင်ခြင်ရန်၊ သက်သေခံ ရန် အကောင်းဆုံးအခွင့်အရေးဖြစ်ခဲ့သည်ဟုဆိုသည်။

(၂၀၂၁) ခုနှစ်၌ ပိုလန်ကက်သလစ်ဆရာတော်ကြီးများက ရဟန်းမင်းကြီး ထံသို့သွားရောက်ဂါရဝပြု၍ နိုင်ငံအတွင်း၏သာသနာ့အခြေအနေများကိုတင်ပြခွင့်ရခဲ့သည်။ ကိုဗစ် (၁၉) သည် ကမ္ဘာ တစ်၀ှမ်းလုံးအားတိုက်ခိုက်နေသကဲ့သို့ ပိုလန်နိုင်ငံအားလည်းတိုက်ခိုက်ကြောင်း၊ ကိုးဗစ် (၁၉) ရောဂါကူးစက်ခံစား ခဲ့ရသူ (၄) သန်းကျော်ရှိခဲ့ပြီး၊ (၉၇၀၀၀) အသက်ဆုံးရှုံးခဲ့ရကြောင်း၊ နှစ်သစ်၌လည်း ဤကပ်ရောဂါဆိုးကြီးသည် ဆက်လက်ခြိမ်းခြောက်နေဦးမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မစ္ဆားတရားပါ၀င်ပူဇော်ရာ၌ ရောဂါကူးစက်ပျံ့နှံ့မှုမရှိစေ ရန် အကာအကွယ်ပြုပေးထားရသည်။ ပိုလန်ကက်သလစ်သာသနာတော်ကြီးအနေဖြင့် ကိုဗစ် (၁၉) ကြောင့် အတိ ဒုက္ခ၊ အကြပ်အတည်းများကြုံနေရသူများအား ဆက်လက်ကူညီပေးမည်ဖြစ်သည်။ ပြီးခဲ့သော ဒီဇင်ဘာလ၌လည်း ဂိုဏ်ချုပ်ဆရာတော် Stanislaw Gądecki သည် ဒုက္ခသည်များအားကူညီရန်အတွက် ဥရောပကကက်သလစ်ဘာသာ ၀င်များအနေဖြင့် ပါ၀င်လှူဒါန်းကြရန် ရဟန်းမင်းကြီးဖရန်စစ်၏တိုက်တွန်းချက်ကိုလည်း ကြေညာချက်ထုတ်ပြန်၍ တုန့်ပြန်ပေးခဲ့သည်။ အတိဒုက္ခရောက်နေသူများအားကူညီရန် ပိုလန်နိုင်ငံအနေဖြင့်အသင့်‌ရှိကြောင်း၊ နိုင်ငံသို့လာ ရောက်ခိုလုံချင်သူများအားလည်း ဥပဒေနှင့်အညီလက်ခံရန်အသင့်ရှိကြောင်း ဆရာတော်ကပြောကြားခဲ့သည်။

RVA ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3eQ4EO7

Add new comment

6 + 4 =