(၂၀၂၂) ခုနှစ်အတွင်း ရဟန်းမင်းကြီးဖရန်စစ် တမန်တော်ခရီးကြွရောက်ဖွယ်ရှိသော နိုင်ငံများ

(၂၀၂၂) ခုနှစ်အတွင်း ရဟန်းမင်းကြီးဖရန်စစ် တမန်တော်ခရီးကြွရောက်ဖွယ်ရှိသော နိုင်ငံများ

(၂၀၂၂) ခုနှစ်အတွင်း ရဟန်းမင်းကြီးဖရန်စစ် တမန်တော်ခရီးကြွရောက်ဖွယ်ရှိသော နိုင်ငံများ

            ကမ္ဘာကြီး၏ နေရာအတော်များများ၌ ကိုးဗစ် (၁၉) ကပ်ရောဂါဆိုးကြီးနှင့်ဘတစ်ပြန်ကျားတစ်ပြန်လုံးထွေးရင်း (၂၀၂၂) နှစ်သစ်ကိုစတင်လိုက်ပြီဖြစ်သည်။ ရဟန်းမင်းကြီးဖရန်စစ်သည် (၂၀၂၂) ခုနှစ်အတွက် သူ၏နိုင်ငံတကာ တမန်တော် ခရီးစဉ်နှင့်ပတ်သက်၍ တရား၀င်ထုတ်ပြန်ခြင်းမပြုသေးပေ။ သို့သော် ယခုနှစ်သစ်၌ ကြွရောက်လိုသော နိုင်ငံအတော်များများ အကြောင်းထုတ်ဖော်ပြောကြားလာသည်။    

            ရဟန်းမင်းကြီးဖရန်စစ်၏သက်တော်မှာ (၈၅) နှစ်ရှိပြီဖြစ်သည်။ ထို့ကြောင့် ကိုးဗစ် (၁၉) မတိုင်ခင်နေ့ရက်များကဲ့သို့ တက်ကြွဖြတ်လတ်စွာ အစီအစဉ်များစွာဖြင့်သွားလှုပ်ရှားနိုင်တော့မည်မဟုတ်တော့ပေ။ ရဟန်းမင်းကြီးသည် သူ၏တိုတောင်း သော ရဟန်းမင်းကြီးအမှုတော်ဆောင်သည့် (၉) နှစ်တာသက်တမ်းအတွင်း နိုင်ငံပေါင်း (၅၀) ကျော်သို့တမန်တော်ခရီးပြုခဲ့ပြီး ဖြစ်သည်။ (၂၀၁၉) ခုနှစ်၌ (၁၁) နိုင်ငံအထိကြွရောက်ခဲ့သည်။  

            ကိုးဗစ် (၁၉) စတင်ဖြစ်ပွားလာခြင်းနှင့်အတူ တစ်နှစ်တင်းတင်းအတွင်း သူ၏ပြည်တွင်း၊ ပြည်ပခရီးစဉ်များကိုရပ်နား ထားခဲ့သည်။ ခရီးသွားလာခွင့်ပြုလိုက်သောအခါ ရဟန်းမင်းကြီးဖရန်စစ်သည် ပြည်ပတမန်တော်ခရီးအဖြစ်  (၂၀၁၁၊ မတ်လ) ၌အီရတ်သို့ပထမဦး ဆုံးကြွရောက်ခြင်းဖြင့် သမိုင်း၀င်တမန်တော်ခရီးကိုပြန်လည်စတင်ခဲ့သည်။ ထိုနှစ်၏ ဒုတိယခရီးစဉ်အဖြစ် ဂရိ၊ ဆိုင်းပရပ်စ်၊ ဆလိုဗက်ကီးယားနှင့်ဘူဒါပတ်မြို့သို့ ‘အပြည်ပြည်ဆိုင်ရာ ကိုယ်တော်မြတ်ကွန်းဂရက်စ်’ ပိတ်ပွဲမစ္ဆားဦး ဆောင်ရင်းကြွရောက်ခဲ့ခြင်းဖြစ်သည်။ အမှန်ဆိုသော် (၂၀၂၀) ခုနှစ်၌ ရဟန်းမင်းကြီးဖရန်စစ်၏ နိုင်ငံတကာသို့ကြွရောက်မည့် တမန်တော်ခရီးစဉ်များဖျက်သိမ်းခဲ့ရသည်များလည်းရှိသည်။ ထို့ကြောင့် ယခုနှစ်၌ပြန်လည်ရေးဆွဲနိုင်သည်။ အောက်တွင်ဖော် ပြသော နိုင်ငံများသို့ ရဟန်းမင်းကြီးဖရန်စစ်က သူ၏ရဟန်းမင်းကြီးသက်တမ်းအတွင်း ကြွရောက်ရန်ဆန္ဒရှိကြောင်း ထုတ်ဖော် ပြောကြားဖူးသောနိုင်ငံများဖြစ်သည်။        

၁။ ကနေဒါနိုင်ငံ၊

၂။ ပါပူအာနူးဂီနီနှင့်အရှေ့တီမော၊

၃။ ယူကရိန်းနိုင်ငံ၊

၄။ လက်ဘာနွန်နိုင်ငံ၊

၅။ ဟန်ဂေရီနိုင်ငံ (နောက်တစ်ကြိမ်ဖြစ်သည်။ ပထမတစ်ကြိမ်မှာ အပြည်ပြည်ဆိုင်ရာ ကိုယ်တော်မြတ်ကွန်ဂရက်စ်နှင့်တိုက် ဆိုင်အောင်ကြွရောက်ခဲ့သည်။)

‌၆။ ကာဇက်စတန်နိုင်ငံ၊

၇။ စပိန်နိုင်ငံ၊

၈။ မာလ်တာနိုင်ငံ၊

၉။ မွန်တေနီဂရိုးနိုင်ငံ၊

၁၀။ ဂွန်ဂိုသမ္မတနိုင်ငံ၊

၁၁။ ပြင်သစ်နိုင်ငံတို့ဖြစ်ကြသည်။ 

 

RVA ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3FjRLqm

Add new comment

2 + 8 =