၂၀၂၁ ခုနှစ် Budapest မှာကျင်းပမယ့် နိုင်ငံတကာ ကိုယ်တော်မြတ်ပွဲတော်ကြီး ရွှေ့ဆိုင်း

၂၀၂၁ ခုနှစ် Budapest မှာကျင်းပမယ့် နိုင်ငံတကာ ကိုယ်တော်မြတ်ပွဲတော်ကြီး ရွှေ့ဆိုင်း

၂၀၂၁ ခုနှစ် Budapest မှာကျင်းပမယ့် နိုင်ငံတကာ ကိုယ်တော်မြတ်ပွဲတော်ကြီး ရွှေ့ဆိုင်း

ကိုရိုနာဗိုင်းရပ်စ် နှင့် ကျန်းမာရေး ပြဿနာများကြောင့် ၂၀၂၁ ခုနှစ် စက်တင်ဘာလ ဘူဒါပက်စ် မှာ ကျင်းပမယ့် ၅၂ ကြိမ်မြောက် နိုင်ငံတကာ ကိုယ်တော်မြတ်ပွဲတော်ကြီးကို ရပ်ဆိုင်းလိုက်ကြောင်း ဧပြီလ ၂၃ ရက် ကြာဿပတေးနေ့ က ဗာတီကန်က တရားဝင်ကြေငြာလိုက်ပါတယ်။

၈ ရက်တာ ကျင်းပမည့်အထက်ပါ ပွဲတော်ကြီးအစီအစဉ်များကို အရှင်သူမြတ်ပုပ်ဖရန်စစ် ကိုယ်တိုင်နှင့် ဟန်ဂေရီ ဆရာတော်ကြီးများတို့ က ပုပ်ရဟန်းမင်းကြီးရုံးတော်ကော်မတီအသီးသီးတို့နှင့် စီစဉ်ခဲ့ကြခြင်းဖြစ်ကြောင်း

စက်တင်ဘာ ၁၃ မှ ၂၀ အထိ ကျင်းပမယ့် ထိုပွဲတော်ကြီးတွင် မစ္ဆားတရားတော်၊ ဆုတောင်းခြင်း၊ ဘုရားစကားကဏ္ဍ၊ ဆွေးနွေးခွန်အားပေး ပို့ချချက်များ၊ ယဉ်ကျေးမှုနဲ့ ၀ိညာဉ်ရေးပိုင်းဆိုင်ရာ အစီအစဉ်များ ဖြင့် ဟန်ဂေရီ ရဲ့ မြို့တော်ကြီး ဖြစ်တဲ့ ဘူဒါပက်စ်မှာ ကျင်းပဘို့စီစဉ်ထားတာပါ။

ဘူတာပက်စ် ကို ပါပါးဖရန်စစ် ကြွရောက်မယ့်ခရီးစဉ် ကိစ္စကိုတော့ ဗာတီကန်က တရား၀င်မကြေငြာသေးပေမယ့် ဒီဇင်ဘာ ၁၅ ရက်နေ့ကတော့ အန်ဂျေလူးမေတ္တာရွတ်ဆိုခြင်းမှာ ထိုပွဲတော်ကြီးအောင်မြင်ရန် ဆုတောင်းပေးကြဘို့ကို အရှင်သူမြတ်က ဖိတ်ခေါ်ခဲ့ပါတယ်။

နိုင်ငံတကာ အဆင့် ကိုယ်တော်မြတ်ပွဲတော်ကြီးကို ပြင်သစ်နိုင်ငံမှာ ၁၈၈၁ ခုနှစ်က စတင်ကျင်းပခဲ့ပြီး ကမ္ဘာတဝှမ်းရှိ မြို့အသီးသီးမှာ ကျင်းပဘို့ စီစဉ်ခဲ့ကြကြောင်း

နောက်ဆုံးကျင်းပခဲ့တဲ့နေရာကတော့ ၂၀၁၆ခုနှစ် ဖိလစ်ပိုင်နိုင်ငံ ဆီဘူးမြို့မှာဖြစ်ပြီး ၁၂၀၀၀ ခန့်ပါ၀င်တက်ရောက်ခဲ့ကြကာ ဟန်ဂေရီနိုင်ငံမှာတော့ ၁၉၃၈ ခုနှစ်က နောက်ဆုံးကျင်းပခဲ့ဘူးတယ်လို့ဆိုပါတယ်။

အထက်ပါ နိုင်ငံတကာ ကိုယ်တော်မြတ်ပွဲတော်ကြီး ကို ၄ နှစ် တကြိမ်ကျင်းပ နိုင်ရန် စီစဉ် ထားရှိသည်ဆိုခြင်းကို CNA news အရ သိရှိရပါသည်။

By Sr.Lucia Thandar Aung,SJA
စစ္စတာရ်လူစီယားသန္တာအောင်

Photo Credit: Yuriy Scmidt/Shutterstock

 

https://bit.ly/3cFoM2f

Add new comment

2 + 13 =