၂၀၂၁ ခုနှစ်၏ ‘Laudato Si’ သဘာ၀စိမ်းလန်းစိုပြေရေးရက်သတ္တပတ်ပြီးဆုံးကြောင်း  ကာဒီနယ် တာ့ဂလယ် ကြေညာ

၂၀၂၁ ခုနှစ်၏ ‘Laudato Si’ သဘာ၀စိမ်းလန်းစိုပြေရေးရက်သတ္တပတ်ပြီးဆုံးကြောင်း  ကာဒီနယ် တာ့ဂလယ် ကြေညာ

၂၀၂၁ ခုနှစ်၏ ‘Laudato Si’ သဘာ၀စိမ်းလန်းစိုပြေရေးရက်သတ္တပတ်ပြီးဆုံးကြောင်း  ကာဒီနယ် တာ့ဂလယ် ကြေညာ

            သန့်ရှင်းသော၀ိညာဉ်တော်ဘုရားပွဲနေ့၌ ကာဒီနယ်တာ့ဂလယ် ဦးဆောင်၍ ၂၀၂၁ ခုနှစ်၏ ‘Laudato Si’ သဘာ၀စိမ်းလန်းစိုပြေရေးရက်သတ္တပတ်ပြီးဆုံးကြောင်း အခမ်းအနားဖြင့်ကျင်းပခဲ့သည်။ အဆိုပါအခမ်းအနားကို အာစီစီမြို့ရှိ ဆန်ဒါမီယားနိူရားကျောင်း၌ကျင်းပခဲ့သည်။ ဤသို့ကျင်းပရာ၌လည်း အခြေအနေကြောင့် အစီအစဉ်အချို့အပိုင်း ကိုပရိတ်သတ်များပါ၀င်စေခဲ့ပြီး၊ အချို့အစီအစဉ်များက အွန်လိုင်းမှသာထုတ်လွှင့်ပေးခဲ့ရသည်။

           နေ့လည်ပိုင်းအစီအစဉ်ကိုမူ ကမ္ဘာတစ်၀ှမ်းလုံးနှင့်ဆိုင်သော ကမ္ဘာကြီးစိမ်းလန်းစိုပြေရေးကိုတိုးမြင့်လုပ်ဆောင်နေသော ကက်သလစ်အဖွဲ့အစည်း က ဦးဆောင်ခဲ့သည်။ ထို့နောက် စနေနေ့ကတင်ဆက်ခဲ့သော ‘ဖန်ဆင်းခြင်း၏လက်ရာတော်’ ကိုဂုဏ်ပြုသောသီချင်း များကို အွန်လိုင်းမှထုတ်လွှင့်ခဲ့သည်။ 

            ဤပိတ်ပွဲအစီအစဉ်၌ ကာဒီနယ်လွီစ်အန်တိုးနီယိုတာ့ဂလယ် လည်းပါ၀င်ခဲ့သည်။ သူသည် ရဟန်းမင်းကြီး၏ လက်အောက်ရှိ ဧ၀ံဂေလိသတင်းပြန့်ပွားရေးရုံးတော်တာ၀န်ခံဖြစ်သည်။ ထို့အတူ စိန့်ဖရန်စစ်ရသေ့အသင်း၏အကြီးအကဲ Fr. Michael Perry OFM၊ အာစီးစီသာသနာ၏ဆရာတော် Domenico Sorrentino၊ လူသားအရင်းအမြစ်ဖွံ့ဖြိုးရေးရုံးတော်၏အတွင်းရေးမှူးဖြစ်သော Fr. Augusto Zampini၊ Christina Leaño ၊ ကမ္ဘာကြီးစိမ်းလန်းစိုပြေရေးကိုတိုးမြင့်လုပ်ဆောင်နေသော ကက်သလစ်အဖွဲ့အစည်း၏လက်ထောက်ညွှန်ကြားရေးမှူး ဖြစ်သော Christina Leaño တို့ပါဝင်ခဲ့ကြပြီး  ဤလှုပ်ရှားမူ၌ပါ၀င်ခဲ့သောသူများမှ ၄င်းတို့၏အတွေ့အကြုံများကိုလည်း လိုင်းမှတဆင့်‌ဝေဌ ပြောကြားသွားမည်ဖြစ်သည်။ ဤဆုတောင်း၀တ်ပြုခြင်း၌ ‘ကမ္ဘာကြီးစိမ်းလန်းစိုပြေရေး’ ပညာပေး လှုပ်ရှားမူ၌ပါ၀င် ခဲ့သောသူများအား တာ၀န်ပေးအပ်ခြင်းလည်းပါသည်။ ဤအစီအစဉ်ကို အဂ်လိပ်ဘာသာဖြင့်ကျင်းပမည်ဖြစ်သည်။ အဂ်လိပ်၊ စပိန်၊ အီတလီ၊ ပြင်သစ်၊ ပေါတူဂီ၊ ပိုလန်၊ ဗီယက်နမ် စသောဘာသာစကားများဖြင့်ထုတ်လွှင့်မည်ဖြစ်ပြီး၊ ဘာသာစကား အခက်အခဲရှိသူများအဖို့မှာ မိမိတို့၏နားလည်သော ဘာသာစကားဖြင့် တိုက်ရိုက်စကားပြန်ပေးမည့်အစီအ စဉ်လည်းထည့်သွင်းပေးထားပါသည်။   

 

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3fhPDpa

 

Add new comment

17 + 1 =