၂၀၂၁ ခုနှစ်အတွက် ဗာတီကန်စာရင်းတွင် သာသနာပြု ၂၂ ဦးအသတ်ခံရခြင်းမှာ မြန်မာပြည်လည်းပါဝင်

၂၀၂၁ ခုနှစ်အတွက် ဗာတီကန်စာရင်းတွင် သာသနာပြု ၂၂ ဦးအသတ်ခံရခြင်းမှာ မြန်မာပြည်လည်းပါဝင်

၂၀၂၁ ခုနှစ်အတွက် ဗာတီကန်စာရင်းတွင် သာသနာပြု ၂၂ ဦးအသတ်ခံရခြင်းမှာ မြန်မာပြည်လည်းပါဝင်

ကက်သလစ်အသင်းတော်ရဲ့ဓမ္မသဂြိုလ်ပညာအရ ဆေးကြောခြင်းခံယူတဲ့သူတိုင်းဟာ သာသနာပြုဖို့တာဝန်ရှိသည်။ ( EG 120) ဒီနှစ်မှာတော့ အာဖရိကမှာ ဘုန်းကြီး ၁၃ပါး၊ ဘရာသာရ် ၁ ပါး၊ သီလရှင် ၂ ပါး နဲ့ လူဝတ်ကြောင် ၆ ဦး အသတ်ခံခဲ့ရပါသည်။

ဥရောပတွင် အသတ်ခံရသူရေတွက်လိုက်သည့်အခါ Fr Olivier Maire, SMM သာ အသတ်ခံ ခဲ့ရခြင်းဖြစ်သည်။ အာဖရိကတိုက်မှာတော့ သာသနာပြုအများဆုံး ၁၁ ဦး သတ်ခံခဲ့ရသည်။ ထိုအထဲတွင် မကြာသေးမီက နိုက်ဂျီးရီးယားနိုင်ငံ အနောက်တောင်ပိုင်း ဒေသတွင် ခရစ္စမတ်အကြိုနေ့မှ Fr Luke Adeleke လည်းပါဝင်ပါသည်။ အာဖရိက၏ လူဦးရေအများဆုံးနေရာလည်းဖြစ် မကြာခဏ တရားမဝင် ဓားပြတိုက်မှု အများဆုံး ဖြစ်ပွားသည့် ဒေသတွင်လည်း ဘုန်းတော်ကြီး ၃ ပါး သတ်ဖြတ်ခြင်း ခံခဲ့ရပြီး သီလရှင် နှစ်ပါး နဲ့ လူဝတ် ကြောင်တစ်ဦး တောင်ဆူဒန်တွင် အသက်ဆုံးရှုံးခဲ့ပြီး ဘာကီနာဖာဆို၊ ဗဟိုအာဖရိကသမ္မတနိုင်ငံ၊ ယူဂန်ဒါနှင့် အန်ဂိုလာတို့တွင်လည်း သာသနာပြုများ ခရစ်တော်၌ အိပ်ပျော်ခဲ့ကြသည်။

မက္ကဆီကိုနိုင်ငံ အမေရိကတိုက်တွင်လည်း ဓမ္မအာဇာနည် ၄ ဦး ခရစ်တော်၌ အိပ်ပျော်ခဲ့သည်။ ထိုအထဲမှ တစ်ဉီးသည် လူ့အခွင့်အရေးကို လေးစားလိုက်နာဖို့ အကြမ်းမဖက်တဲ့နည်းနဲ့ စည်းရုံးလှုံ့ဆော်နေတဲ့ ဒေသခံ ခရစ်ယာန်ဓမ္မဆရာတစ်ဦးဖြစ်ကာ ခရစ်တော်၌ အိပ်ပျော်ခဲ့သည်။ ကျန်သုံးဦးသည် ဟေတီ၊ ပီရူးနှင့် ဗင်နီဇွဲလားတို့တွင်ရှိသည့် ကျောင်းတွင် သာသနာပြုဘရာသာရ်များ ကျောင်းတွင်း၌ရှိသည့် သူခိုး၏သတ်ဖြတ်မှုကြောင့် ခရစ်တော်၌ အိပ်ပျော်ခဲ့သည်။

အာရှမှာတော့ ဖိလစ်ပိုင်ဘုန်းကြီးတစ်ပါးသည် မင်ဒါနာအိုကျွန်းရှိ စာသင်ကျောင်းသို့ ပြန်လာစဉ် ဦးခေါင်းတွင် သေနတ်ထိမှန်ခံခဲ့ရသည်။ မြန်မာနိုင်ငံတွင်လည်း ကက်သလစ်ဘာသာဝင် ၂ ဦး ခရစ်တော်၌ အိပ်ပျော်ခဲ့သည်။ ပြည်တွင်းပဋိပက္ခမှ ထွက်ပြေးလာသည့် ဒုက္ခသည်များကို စားနပ်ရိက္ခာနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ယူဆောင်လာခြင်းကြောင့် သူတို့နှစ်ဦးစလုံးမှာ စနိုက်ပါသမားများ၏ ပစ်သတ်ခြင်းခံခဲ့ရသည်။

စာရင်းတွင် မပါဝင်ခဲ့သော်လည်း ခရစ္စမတ်အကြိုနေ့တွင် အပြစ်မဲ့ ကက်သလစ်အရပ်သား ၃၅ ဦးထက်မနည်းကို စစ်တပ်တပ်ဖွဲ့များက သတ်ဖြတ်ခဲ့သည်။ ယုံကြည်ခြင်းအတွက် အသေခံပြီး ကျွန်ုပ်တို့မသိသေးတဲ့ တခြားနာမည်တွေလည်းများစွာရှိကြောင်း သတင်းထုတ်ပြန်သည့် အေဂျင်စီမှ ပြောခဲ့ပါသည်။

ဥပမာအားဖြင့် ၂၀၂၁ ခုနှစ် တောင်ဆူဒန်တွင် ငြိမ်းချမ်းရေးနှင့် အမှန်တရားအတွက် လက်နက်ကိုင်ပဋိပက္ခများအတွင်း အသတ်ခံခဲ့ရသည့် ဓမ္မဆရာ ၁၆ ဦးနှင့် သင်းအုပ် ဆရာများလည်း သေနတ်ဖြင့် သတ်ခံခဲ့ရသည်ဟု ဒေသခံ ဆရာတော်က ပြောကြားခဲ့ပါသည်။

အစီရင်ခံစာတွင် ရိုးရှင်းသောဘဝဖြင့်နေထိုင်ပြီးဆင်းရဲသားအိမ်နီးနားချင်းများကို တတ်နိုင်သမျှကူညီရန် မက္ကဆီကိုနိုင်ငံသို့ ပြောင်းရွှေ့သွားသော အီတလီလူငယ်တစ်ဦးအား သတ်ဖြတ်ခြင်းကိုလည်း ထောက်ပြထားသည်။

ယခုနှစ်အစောပိုင်း၊ ဆလိုဗက်ကီးယားတွင် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ယုံကြည်ခြင်းအတွက်အသေခံခဲ့သည့် ဤသာသနာပြု ၂၂ ဦး တို့သည် သခင်ခရစ်တော်၏ ချစ်ခြင်းမေတ္တာကို သက်သေခံ ခဲ့ကြကြောင်း မိန့်ကြားတော်မူခဲ့ပြီး မစ္ဆားတရားတော်မြတ် ပူဇော်ပေးခဲ့သည်။

ဘာသာပြန်- RVA Myanmar
https://bit.ly/32OLOUD

Add new comment

15 + 3 =