၂၀၂၁ ခုနှစ်တွင် ကာဒီနယ် ၁၄ ပါး ခရစ်တော်၌ အိပ်ပျော်သွားခဲ့

၂၀၂၁ ခုနှစ်တွင် ကာဒီနယ် ၁၄ ပါး ခရစ်တော်၌ အိပ်ပျော်သွားခဲ့

၂၀၂၁ ခုနှစ်တွင် ကာဒီနယ် ၁၄ ပါး ခရစ်တော်၌ အိပ်ပျော်သွားခဲ့

ဇန်နဝါရီ ၇ ရက်တွင် ပထမဦးဆုံး ခရစ်တော်၌ အိပ်ပျော်သူမှာ ဆွဇ်ဇလန်ကာဒီနယ် Henri Schwery ဖြစ်ပြီး တစ်ပတ်မပြည့်မီ၊ ဇန်နဝါရီလ ၁၃ ရက်နေ့တွင် ကိုဗစ်ကြောင့်
ဘရာဇီးလ် ကာဒီနယ် Eusbio Oscar Scheid သည် ခရစ်တော်၌ အိပ်ပျော်ခဲ့သည်။

ဧပြီလ ၂ ရက်နေ့တွင် ကင်မရွန်းနိုင်ငံမှ ပထမဆုံးကာဒီနယ်ဖြစ် သည့် ကာဒီနယ်Christian Wiyghan Tumi သည်ခရစ်တော်၌ အိပ်ပျော်ခဲ့သည်။ သူသည် သူ့နိုင်ငံ၏ ငြိမ်းချမ်းရေးကို အရှာဖွေဆုံး ပုဂ္ဂိုလ်များထဲမှ တစ်ဦးဖြစ်သည်။

ဧပြီလ ၁၀ ရက်နေ့တွင် သြစတြေးလျ ကာဒီနယ် Edward Cassidy လည်း ခရစ်တော်၌ အိပ်ပျော်ခဲ့သည်။ သူသည်သက်တော် ၉၆ နှစ်ရှိပြီဖြစ်သည်။

ဧပြီလ ၁၇ ရက်နေ့တွင် လီဆိုသိုနိုင်ငံတွင် ကာဒီနယ် Sebastian Koto Khoarai သည် သက်တော် ၉၁ နှစ်တွင် ခရစ် တော်၌ အိပ်ပျော်ခဲ့သည်။

ထို့နောက်ဆယ်ရက်အကြာ ဧပြီလ ၂၇ ရက်နေ့တွင် တောင်ကိုးရီးယား ကာဒီနယ် Nicholas Cheong Jin-suk သည် သက်တော် ၈၉ နှစ်၌ ခရစ်တော်၌ အိပ်ပျော်ခဲ့သည်။

မေလ ၂၉ ရက်နေ့တွင် ဘရူနိုင်း၏ပထမဆုံးကာဒီနယ် Cornelius Sim သည် ခရစ်တော်၌ အိပ်ပျော်ခဲ့သည်။

ဇူလိုင် ၁၁ ရက်နေ့တွင် ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံမှ Cardinal Laurent Monsenwo Pasinya သည်လည်း သက်တော် ၈၁ နှစ်တွင် ခရစ်တော်၌ အိပ်ပျော်ခဲ့သည်။

ဇူလိုင်လ ၂၉ ရက်နေ့တွင် ပြင်သစ် ကာဒီနယ် Albert Vanhoye သည် သက်တော် ၉၈ နှစ်တွင် ခရစ်တော်၌ အိပ်ပျော်ခဲ့သည်။

သြဂုတ်လ ၁၀ ရက်နေ့တွင် စပိန်ကာဒီနယ် Eduardo Martinez ဆိုမာလို သည် သက်တော် ၉၄ နှစ်တွင် ခရစ်တော်၌ အိပ်ပျော်ခဲ့သည်။

စက်တင်ဘာ ၂၃ ရက်နေ့တွင် Covid-19 ကြောင့် ကာဒီနယ် Jorge Liberato Urosa Savino သည် ခရစ်တော်၌ အိပ်ပျော်ခဲ့သည်။

သုံးရက်အကြာတွင် ဘရာဇီးလ် ကာဒီနယ် Jos Freire Falco သည် Covid-19 ဖြင့် သက်တော် ၉၅ နှစ်တွင် ခရစ်တော်၌ အိပ်ပျော်ခဲ့သည်။

စက်တင်ဘာ ၂၉ ရက်နေ့တွင် မိုဇမ်ဘစ်နိုင်ငံမှ ပထမဆုံးသော ဘုန်းတော်ကြီးလည်းဖြစ်၊ ပထမဦးဆုံးသော ဆရာတော်လည်းဖြစ်၊ ပထမဦးဆုံးသော ကာဒီနယ်လည်းဖြစ်သည့်
ကာဒီနယ် Alexandre Jos Mara dos Santos သည် သက်တော် ၉၇ နှစ်တွင် ခရစ်တော်၌ အိပ်ပျော်ခဲ့သည်။

အောက်တိုဘာ ၃ ရက်တွင် ချီလီနိုင်ငံ ကာဒီနယ် Jorge Medina Estvez သည် ခရစ် တော်၌ အိပ်ပျော်ခဲ့သည်။

ယခုဖော်ပြထားသည့် ကာဒီနယ်ကြီး ၁၄ ပါး အပြင် ဘုန်းတော်ကြီး နှစ်ပါး လည်း ခရစ်တော်၌ အိပ်ပျော်သွားခဲ့ခြင်းအတွက် ဗာတီကန်၌ ဂယက်ထသွားခဲ့သည်။ ထိုဘုန်းတော်ကြီးနှစ်ပါး၌ တစ်ပါးမှာ ဘုန်းတော်ကြီး Stan Swamy SJ, ဖြစ်ပြီး နောက်တစ်ပါးမှာ ပုပ်ရဟန်းမင်းကြီး၏ သံတမန် ဘုန်းတော်ကြီး Nuncio Aldo Giordano ဖြစ်ကာ ၎င်းတို့သည် ၂၀၂၁ ခုနှစ်အတွင်းတွင် ခရစ်တော်၌ အိပ်ပျော်ခဲ့သုများဖြစ်သည်။

ဘာသာပြန်-RVA Myanmar

https://bit.ly/3mOoOfI

Add new comment

15 + 3 =