(၂၀၂၁)ခုနှစ်တွင် ကာဒီနယ် (၆)ပါး သက်တော် (၈၀)ပြည့်မည်

(၂၀၂၁)ခုနှစ်တွင် ကာဒီနယ် (၆)ပါး သက်တော် (၈၀)ပြည့်မည်

(၂၀၂၁)ခုနှစ်၏ ဖေဖော်ဝါရီ (၂၀)ရက်နေ့တွင် ဆူဒန်နိုင်ငံမှ Khartoum မြို့၏ ဂိုဏ်းချုပ်ဆရာတော်ဖြစ်ခဲ့ဖူးသူ ကာဒီနယ် Gabriel Zubeir Wako ၊ မတ်လ (၈)ရက်နေ့တွင် တောင်အာဖရိကမှ Durban ၏ ဂိုဏ်းချုပ်ဆရာတော် Wilfrid Napier၊ ဇွန်လ (၈) ရက်နေ့တွင် ကာဒီနယ်ကောင် စီ၏ အဖွဲ့၀င်အဖြစ် ထမ်းဆောင်ခဲ့သူ သြစတေးလျ မှ George Pell၊ ဇူလိုင်လ (၁၇) ရက်နေ့တွင် လူးဝစ်ဆိပ်ကမ်း မြို့၏ ဆရာတော်ဖြစ်သူ Maurice Piat၊ သြဂုတ်လ (၁၈)ရက်နေ့တွင် ရဟန်းတော်များအသင်းအဖွဲ့တွင် အကြီး အမှူးနှင့် ဗာတီကန်မှ ဂုဏ်သတင်းကျော်စောသော သံတမာန်ရေးရာကျောင်း၏ ကျောင်း အုပ်ဖြစ်သူ Beniamino Stella နှင့် နိုဝင် ဘာလ (၇)ရက်နေ့တွင် Milan မြို့၏ ဆရာတော်နှင့် Venice မြို့၏ ဂိုဏ်းချုပ်ဆရာတော် ဖြစ်ခဲ့ဖူးသူ Angelo Scola တို့သည် သက်တော် (၈၀)ပြည့်မည်ဖြစ်ကြပြီး နောင်တွင်ကျင်းပမည့် ဗာတီကန်၏ လျှို့ဝှက်အစည်း အဝေးများတွင် ပါ၀င်ခွင့် ရှိ တော့မည် မဟုတ်ကြောင်း ဗာတီကန်မှ သတင်းထုတ်ပြန်လိုက်သည်။

ဘာသာပြန်-ဘရာသာရ်ပက်ထရစ် အေးရှိုင်းအောင်

Photo courtesy of : Rome Reports/Google Images

https://bit.ly/2X7AEEx

Add new comment

9 + 9 =