(၂၀၂၀) ၏စစ်တမ်းအရ ဖိလစ်ပိုင်နိုင်ငံသည် (၂၀၂၀) တွင်ကက်သလစ်ဘာ၀င်အဖြစ် ဆေးကြောခြင်းခံယူသူအများဆုံးနိုင်ငံအဖြစ် ထိပ်ဆုံးမှဆက်လက်ရှိ

          ဖိလစ်ပိုင်နိုင်ငံ၏ ရဟန်းမင်းကြီးကိုယ်စားလှယ်ဖြစ်သော ဂိုဏ်းချုပ်ဆရာတော် Charles Brow က ယေဇူးသခင်၏တရားတော်ဖိလစ်ပိုင်သို့ရောက်ရှိခြင်း နှစ်ပေါင်း (၅၀၀) ပြည့်ပြီးသည့်တိုင် ထိုယုံကြည်ခြင်းတရားသည် နိုင်ငံအတွင်း ဆက်လက်ရှင်နေသည့်သက်သေဖြစ်သည်။ ဖိလစ်ပိုင်နိုင်ငံသည် (၂၀၂၀) ခုနှစ်က ကမ္ဘာပေါ်တွင် ဆေးကြောခြင်းမဂ်လာခံ ယူသည့်အများ ဆုံးနိုင်ငံတွင်ပါ၀င်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် (၂၀၂၀) တစ်နှစ်တည်း၌ပင် ဆေးကြောခြင်းခံယူသူ (၁.၆) သန်းရှိခဲ့သည်။  ဖိလစ်ပိုင်နှင့်မတိမ်းမယိမ်းလိုက်သောနိုင်ငံမှာ မက်ဆီကိုနိုင်ဖြစ်ပြီး (၁.၅၃) သန်း၊ ဘရာဇီးကမူ (၁.၁၂) သန်းရှိခဲ့သည်။   

          (၂၀၁၉) ခုနှစ်ကလည်း ဖိလစ်ပိုင်နိုင်ငံသည် ကမ္ဘာပေါ်တွင် ဆေးကြောခြင်းခံမှုအများ ဆုံးနိုင်ငံ၏ထိပ်ဆုံး၌ပါ၀င်ခဲ့ သည်။ ဤစစ်တမ်းကို (၂၀၂၀) ခုနှစ် သာသနာ၏ဘာသာ၀င်ဦး ရေမှတ်တမ်းစာအုပ်မှကောက်နုတ်တင်ပြခြင်းဖြစ်သည်။ ဤ သာသနာ၏ ဘာသာ၀င်ဦးရေမှတ်တမ်း စာအုပ်သည် နှစ်စဉ်စက္ကရာမင်တူးခံယူသူများ၊ သာသနာနှင့်သာသနာအုပ်စုအခြေ အနေများကို လည်းဖော်ပြထားသည်။ 

 ကမ္ဘာတစ်၀ှမ်းလုံး၌ ကက်သလစ်ဘာသာ၀င်ဦးရေသည် (၁.၃၆) ဘီလီယံရှိနေပြီ ဖြစ်ပြီး၊ ယခင်နှစ်အတွင်း၌ပင် (၁၆) သန်းအထိတိုးလာခဲ့သည်။ သို့ဖြစ်၍ ကက်သလစ်ဘာသာ၀င်ဦးရေသည် ကမ္ဘာ့လူဦးရေ ၏ (၁၇.၇) ရာခိုင်နှုန်းရှိသည်။ အာဖရိက၌ (၂.၁) ရာခိုင်နှုန်း၊ အာရှ၌ (၁-၈) ရာခိုင်နှုန်း၊ ဥရောပ၌မှု (၀.၃) ရာခိုင်နှုန်းတိုး လာသည်။

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်
  https://bit.ly/3MoGwAB

Add new comment

3 + 2 =