၂၀၂၀-ရွေးကောက်ပွဲနှင့်ပတ်သက်၍ ကာဒီနယ်ချားလ်စ်ဘို၏ သဘောထားထုတ်ပြန်ချက်

၂၀၂၀-ရွေးကောက်ပွဲနှင့်ပတ်သက်၍ ကာဒီနယ်ချားလ်စ်ဘို၏ သဘောထားထုတ်ပြန်ချက်

၂၀၂၀-ရွေးကောက်ပွဲနှင့်ပတ်သက်၍
ကာဒီနယ်ချားလ်စ်ဘို၏ သဘောထားထုတ်ပြန်ချက်

ကျွနု်ပ်တို့မဲပေးပိုင်ခွင့်နှင့် ရွေးကောက်ပွဲ၏ မြတ်သောခရီးစဉ်

မြန်မာနိုင်ငံသည် ယခုနှစ်နှောင်းပိုင်း၌ကျင်းပတော့မည်ရွေးကောက်ပွဲအတွက်
အသင့် ပြင်လျက်ရှိပြီဖြစ်ပါသည်။ နိုင်ငံရေးသမားများအတွက် ယင်းသည်
ရွေးကောက်ပွဲနောက်တစ်ခု သာဖြစ်နိုင်သော်လည်း
မြန်မာပြည်သူပြည်သားတို့အတွက်မှာမူ တိုင်းပြည်အတွင်း၌ လူ့ဂုဏ်သိက္ခာနှင့်
လူသားကောင်းကျိုးအရေးကိစ္စများ ခိုင်မာတိုးတက်ဖို့ရန် လျှောက်လှမ်းရမည့်
]]မြတ် သောခရီးစဉ်}}တစ်ခုဖြစ်သည်။

ကျွနု်ပ်အနေဖြင့် မြန်မာနိုင်ငံတော်အစိုးရအား အပြောင်းအလဲပြုလုပ်ပေးရန်
မေတ္တာရပ် ခံလိုသော
အချက်တစ်ချက်ရှိပါသည်။မြန်မာနိုင်ငံ၏ဖွဲ့စည်းပုံအခြေခံဥပဒေ၊ပုဒ်မ၃၉၂
(က)တွင်သာသနာ့ဘောင်ဝင်ပုဂ္ဂိုလ်များအား မဲပေးခွင့်မပြုကြောင်း
ကန့်သတ်ထားပါသည်။ တစ် နည်းဆိုရလျှင် ဗုဒ္ဓဘာသာဝင်သံဃာတော်များ၊
သီလရှင်များ၊ ကက်သလစ်ဘုန်းတော်ကြီးများ၊
ကက်သလစ်သူတော်စင်အသင်းဂိုဏ်းများမှ
ကိုရင်များ၊သီလရှင်များ၊အခြားသောခရစ်ယာန်ဓမ္မအမှုတော်ဆောင်များ၊
မွတ်ဆလင်ဘာသာရေးအကြီးအကဲများ၊ အခြားသော ဘာသာရေး အကြီးအကဲများမှာ
မဲပေးနိုင်သောအခွင့်အရေးမရှိကြပေ။ ကက်သလစ်သာသနာတော်၏ကာဒီ
နယ်ရဟန်းအမတ်တစ်ပါးအနေဖြင့် ကျွနု်ပ်သည် ပြည်သူပြည်သားများအားမဲပေးကြရန်
တိုက် တွန်းနှိုးဆော်လျက် သဘောထားထုတ်ပြန်ခြင်း၊ ဟောပြောခြင်းတို့
ကိုပြုလုပ်နိုင်သော်လည်းကျွနု်ပ်ကိုယ်တိုင်မှာမူ
မဲပေးခွင့်မရှိဖြစ်နေပါသည်။ ဤအခြေအနေသည်ဖြစ်ရိုးဖြစ်စဉ်နှင့် များ စွာ
ကွဲလွဲနေပါသည်။ အခြားသောဒီမိုကရေစီနိုင်ငံများတွင်
ယခုကဲ့သို့ကန့်သတ်ထားသည်ဟူ၍ ကျွနု်ပ်မကြားဖူးပါ။

ကျွနု်ပ်တို့ဘာသာရေးအကြီးအကဲများသည်လည်း
မြန်မာနိုင်ငံသားများဖြစ်ကြပါသည်။ ထို့ကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို
ပြင်ဆင်ရန် ကြိုးပမ်းလျက်ရှိသည့် အစိုးရတစ်ရပ်အနေ ဖြင့် ပုဒ်မ ၃၉၂
(က)ကိုလည်း ဖွဲ့စည်းပုံအခြေခံဥပဒေမှ ပယ်ဖျက်ပေးပါရန် မေတ္တာရပ်ခံလိုပါ
သည်။
ကျွနု်ပ်အနေဖြင့် ဘာသာရေးအကြီးအကဲတစ်ဦးဖြစ်သည့်အလျောက် မည်သည့်ပါတီ၊
မည်သည့်ခေါင်းဆောင်ကို ထောက်ခံမဲပေးရန် ပြောဆိုမည်မဟုတ်ပါ။ သို့သော်
ဘာသာရေးထုံး တမ်းစဉ်လာကြီးမားပြီး ဘာသာရေးအကြီးအကဲတို့၏
ပဲ့ပြင်ထိန်းကျောင်းမှုဖြင့် အကျင့်သီလ ဆောက်တည်ကြကုန်သောနိုင်ငံတွင်
မိမိတို့စံထားသောတန်ဖိုးများကိုအခြေခံ၍ ပါတီနှင့် ခေါင်း ဆောင်ကို
မဲပေးကြရမည့်အကြောင်း တိုက်တွန်းရန်မှာ ဘာသာရေးအကြီးအကဲတစ်ဦးစီတိုင်း၏
တာဝန်ဖြစ်ပါသည်။ ဆန္ဒမဲပေးခြင်းသည် မွန်မြတ်သောတာဝန်တစ်ရပ်လည်းဖြစ်ပါသည်။
ယင်း သည် လူ့ဂုဏ်သိက္ခာအပြည့်အဝရရှိရန် အရောက်ကြိုးစားလျှောက်လှမ်းရမည့်
မြတ်သောခရီး စဉ်လည်းဖြစ်သည်။
ထိုမွန်မြတ်သောတာဝန်ဝတ္တရားကိုမဖြည့်ဆည်းလိုသောသူတို့အနေဖြင့် မိမိ
တို့အကျိုးပျက်သုဉ်းမည့်အရေးကို အရေးမစိုက်လိုပါက မဖြည့်ဆည်းဘဲ
နေနိုင်ပါသည်။

ဒီမိုကရေစီဟူသည် နိုင်ငံတစ်နိုင်ငံတွင် ပြောင်းလဲတိုးတက်နေရပါသည်။
ဆယ်စုနှစ်များ စွာကြာညောင်းခဲ့ပြီး (၂၀၁၀)ရောက်မှသာ မြန်မာနိုင်ငံ၌
ဒီမိုကရေစီကူးပြောင်းခြင်းဖြစ်ပေါ် လာပြီး တိုင်းပြည်၏အာဏာမှာလည်း
ပြည်သူ့ထံသို့ ပြန်လည်ရောက်ရှိလာပါသည်။ ပြည်သူ ပြည်သားများက
ရွေးကောက်ပွဲများ၌ အားတက်သရော ပါဝင်မဲပေးခဲ့ကြသည်ကို ကြည့်လျှင်
ဒီမိုကရေစီစနစ်ဖြစ်ထွန်းရန် ゞင်းတို့မည်မျှလိုလားနေကြောင်း သိနိုင်ပါသည်။
ကုန်လွန်ခဲ့သော (၅)နှစ်တာကာလအတွင်း ကောင်းကျိုးဆိုးကျိုး
ရလဒ်အမျိုးမျိုးထွက်ပေါ်ခဲ့ပါသည်။ မြန်မာပြည် သူပြည်သားများအနေဖြင့်
သည်းခံစိတ်ထားပြီးလျှင် မကြာမီကျင်းပတော့မည့် ရွေးကောက်ပွဲ၌
အင်တိုက်အားတိုက်ပါဝင်မဲပေးခြင်းဖြင့် ဒီမိုကရေစီအပေါ်
ယုံကြည်စိတ်ထားကြရန် လိုပါသည်။

ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့်ပါတီများထံမှ
မည်သို့သောတန်ဖိုးများကို ကျွနု်ပ်တို့ မျှော်လင့်ကြပါသနည်း။
ဤတိုင်းပြည်တွင် အာဇာနည်အမျိုးကောင်းသားသမီးများစွာ၏ စွန့်
လွှတ်ပေးဆပ်မှုကြောင့် ဒီမိုကရေစီထွန်းကားလာခဲ့ခြင်းဖြစ်ပါသည်။
တိုင်းပြည်၏အာဇာနည် ခေါင်းဆောင်များအသက်ပေးသွေးသွန်းခဲ့သောကြောင့်
လွတ်လပ်ရေးရမည့်လမ်းစဉ် ခိုင်မာလာ ခဲ့ပါသည်။ ထိုကဲ့သို့သော
ကိုယ်ကျိုးစွန့်အနစ်နာခံမှုများကို လေးစားတန်ဖိုးထားသည့်အနေဖြင့်
ゞင်းတို့မျှော်မှန်းခဲ့သောတိုင်းပြည်ဖြစ်အောင် ကြိုးစားဖော်ဆောင်ပေးမည့်
ကိုယ်စားလှယ်များကို ရွေးကောက်တင်မြှောက်ရန် လိုအပ်ပါသည်။

အထက်ပါ အာဇာနည်သားကောင်းသမီးကောင်းတို့သည် မည်သို့သောစံတန်ဖိုးများ အတွက်
အသက်စွန့်ခဲ့ကြပါသနည်း။

ဒီမိုကရေစီဆိုသည်မှာ မွန်မြတ်သောလူ့ဂုဏ်သိက္ခာကို အခြေခံသောသဘောတရားဖြစ်
သည်။ ထိုအခြေခံသဘောတရားကို လျော့တိလျောရဲ မထားအပ်ပေ။ လူ့ဂုဏ်သိက္ခာဟု
ဆိုရာ တွင် ဘဝရှင်သန်မှုအခွင့်အရေး၊ အသက်မွေးဝမ်းကျောင်းမှုအခွင့်အရေး၊
ပညာရေးအခွင့်အရေး၊ ဘာသာရေးအခွင့်အရေး၊ ဘာသာစကားအခွင့်အရေး၊
မြေယာအခွင့်အရေး စသည့် အခွင့် အရေးတို့ကို ကာကွယ်ပေးခြင်း၊
မြှင့်တင်ပေးခြင်း ကောင်းစွာပြုလုပ်ပေးရမည်ဖြစ်သည်။ လူ့
အခွင့်အရေးသဘောတရားတွင်     အဆင်းရဲဆုံးသောသူများ၊ ထိခိုက်ရန်
အလွယ်ဆုံးအနေ အထား၌ ရှိသောသူများအတွက် အမြဲတစေ ထည့်သွင်းစဉ်းစားပေးရန်
လိုအပ်သည်။ မိခင်ဝမ်း မှအစပြု၍ ခေါင်းချသည်အထိ လူ့အခွင့်အရေးကို
တန်ဖိုးထားရန် ゞင်းတို့မျှော်လင့်ထားကြ သကဲ့သို့ ကျွနု်ပ်တို့လည်း
မျှော်လင့်ထားကြပါသည်။

ကျွနု်ပ်တို့၏နိုင်ငံသည် နိုင်ငံတကာအသိုင်းအဝိုင်းအတွက်မူ
ဒဏ်ရာနှင့်ပြည့်သောနိုင်ငံ ကဲ့သို့ဖြစ်နေပေလိမ့်မည်။
ဆယ်စုနှစ်များစွာတိုက်ခိုက်လာခဲ့သောစစ်ပွဲများ၊ လူမျိုးအချင်းချင်း
အကြားရှိ အမုန်းတရားများကြောင့် ဒဏ်ရာနှင့်ပြည့်နေပြီဖြစ်သည်။
ပြည်တွင်းရှိ စစ်ပွဲများ၏ သက်တမ်းကို အတိအကျမဆိုနိုင်သော်လည်း
နှစ်ပေါင်း(၆၀)ကျော်ပြီဟု ခန့်မှန်းရပါသည်။ နိုင်ငံ အတွင်း၌ ရှိနေသည့်
ထောင်ပေါင်းများစွာသော စစ်ဘေးဒုက္ခသည်များက ဝမ်းနည်းဖွယ်သက်
သေပင်ဖြစ်လေသည်။ ငြိမ်းချမ်းရေးသည် ဖြစ်နိုင်ပါသည်။ ငြိမ်းချမ်းရေးသည်သာ
တစ်ခုတည်း သောလမ်းစဉ်ဖြစ်ပါသည်။ တရားမျှတမှုမရှိလျှင်
ငြိမ်းချမ်းရေးမရှိနိုင်ပါ။ ခွဲခြားဆက်ဆံမှုများကို ဖယ်ရှားပြီး
တရားမျှတမှုကို အခြေခံသည့် တည်မြဲသောငြိမ်းချမ်းရေးကို
ဖော်ဆောင်မည့်သူတိုင်း သည် ဤတိုင်းပြည်၌ သမိုင်းမော်ကွန်းကောင်းကို
ရေးထိုးနိုင်ပေလိမ့်မည်။

ကျွနု်ပ်တို့လူဦးရေ၏(၆၀)ရာခိုင်နှုန်းမှာ အသက်(၄၀)အောက်ဖြစ်ကြပြီး
အခွင့်အရေး သာရမည်ဆိုပါက တိုင်းပြည်အတွက် အံ့မခန်းလုပ်ဆောင်ချက်များကို
ပြုလုပ်ပြမည့်မျိုးဆက် လည်းဖြစ်ပါသည်။ တရားမျှတမှုကို နောက်တစ်နည်းဖြင့်
ဆိုရလျှင် လူသားဖွံ့ဖြိုးတိုးတက်ရေး ဟု ဆိုနိုင်ပါသည်။
အရည်အသွေးပြည့်မီသောပညာရေးနှင့် အလုပ်အကိုင်အခွင့်အရေးတို့မှာ
ဤတိုင်းပြည်၌ ရင်ဆိုင်နေရသည့် အကြီးမားဆုံးသောစိန်ခေါ်မှုများပင်ဖြစ်သည်။
လူသားအရင်း အမြစ်အတွက် ရင်းနှီးမြှုပ်နှံမှုပြုလုပ်နိုင်သောခေါင်းဆောင်သည်
တိုင်းပြည်၏ကောင်းကျိုးကို ဖော်ဆောင်ခြင်းဖြစ်သည်။
ထိုသို့ဖော်ဆောင်နိုင်ပါက အိမ်နီးချင်းနိုင်ငံများတွင် ခေတ်သစ်ကျွန်
သဖွယ် လုပ်ကိုင်နေရသော မြန်မာလူငယ်(၄)သန်းခန့်ကို ပြည်တော်သို့
ပြန်ခေါ်နိုင်ပေလိမ့်မည်။

ငြိမ်းချမ်းရေး၊ အချင်းချင်းပြန်လည်သင့်မြတ်ရေး၊
လူ့အသိုင်းအဝိုင်းများအကြား သဟ ဇာတရှိရေး၊ ခွဲခြားဆက်ဆံမှုကင်းစင်ရေး၊
လူသားတို့ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျန်းမာရေးကဏ္ဍဖွံ့
ဖြိုးတိုးတက်ရေးတို့ကို ကျွနု်ပ်တို့ဦးစားပေးလုပ်ဆောင်ရန် လိုအပ်သည်။
အထက်ပါလိုအပ်ချက် များကို အကောင်အထည်ဖော်ပေးနိုင်မည့် ပါတီနှင့်
ကိုုယ်စားလှယ်များကို ပြည်သူပြည်သားတို့ က ရွေးကောက်တင်မြှောက်ရန်
လိုအပ်ပါသည်။
ထိုကဲ့သို့သောသူများသည် သင်တို့၏အဖိုးတန်သောမဲများကို ရရှိရန်
ထိုက်တန်သောသူ များဖြစ်ကြပါသည်။

ပါတီကိုကြည့်၍သော်လည်းကောင်း၊ လူကို ကြည့်၍သော်လည်းကောင်း မဲမပေးကြပါ
နှင့်။ နောင်တစ်ချိန်တွင် ငြိမ်းချမ်းသာယာမည့်၊ ဖွံ့ဖြိုးတိုးတက်မည့်
မြန်မာနိုင်ငံတော်အရေးကို သာ ကြည့်၍ မဲပေးကြပါ။ ကျွနု်ပ်တို့သည်
ကောင်းချီးခံရသောလူမျိုးဖြစ်ပါသည်။ ဘုရားသခင် သည် ဤတိုုင်းပြည်ကို
မြေပေါ်မြေအောက်သယံဇာတများဖြင့် ြွကယ်ဝစေရန် ကောင်းချီးပေး
တော်မူခဲ့ပြီးဖြစ်ပါသည်။ မကြာမီကျင်းပမည့်ရွေးကောက်ပွဲသည်
ထိုသယံဇာတများကို ပြည်သူ ပြည်သားတိုင်း
အညီအမျှခွဲဝေခံစားနိုင်စေမည့်ရွေးကောက်ပွဲဖြစ်ပါစေ။ ထိုအခါမှသာ ကျွနု်ပ်
တို့သည်လည်း ]]ရွှေနိုင်ငံ}}ကို ရရှိကြပေလိမ့်မည်။

ရွေးကောက်ပွဲအတွက် ပြင်ဆင်မှုများစတင်လျက်ရှိပြီး ရွေးကောက်ပွဲအချိန်လည်း
မကြာ မီတွင် ကျရောက်လာပါလိမ့်မည်။ ထို့ကြောင့် ဤရွေးကောက်ပွဲကို
ငြိမ်းချမ်းသော၊ တစ်ဦးကို တစ်ဦး လေးစားတန်ဖိုးထားသော၊
ဒီမိုကရေစီနည်းလမ်းပြည့်ဝသော၊ လွတ်လပ်၍ တရားမျှတ သော နည်းလမ်းဖြင့်
ကျင်းပနိုင်ပါမည့်အကြောင်း ကျွနု်ပ်တောင်းဆုပြုပါသည်။ ဤရွေးကောက် ပွဲသည်
ကျွနု်ပ်တို့၏နိုင်ငံကို ငြိမ်းချမ်းသောနိုင်ငံအဖြစ်လည်းကောင်း၊
လူတိုင်း၊ လူမျိုးစုတိုင်း၊ ဘာသာတရားတိုင်းအတွက် လူ့အခွင့်အရေးကို
အပြည့်အဝပေးနိုင်သောနိုင်ငံအဖြစ်လည်း ကောင်း
ဦးတည်ပေးမည့်ရွေးကောက်ပွဲဖြစ်ပါစေကြောင်း ကျွနု်ပ်တောင်းဆုပြုပါသည်။
အားလုံး အတွက် ငြိမ်းချမ်းသော၊ ဖွံ့ဖြိုးတိုးတက်သော
မြန်မာနိုင်ငံတော်သစ်ဖြစ်လာနိုင်ပါသည်။

ထိုမျှော်မှန်းချက်ကို အရောက်လှမ်းမည့် မြတ်သောခရီးစဉ်သည်
ကျွနု်ပ်တို့သေချာစွာ စဉ်းစားချင့်ချိန်၍ ထည့်လိုက်မည့်မဲပြားများဖြင့်
အစပြုပါစေ။

ဘုရားသခင် သင်တို့အားလုံးကို ကောင်းချီးပေးတော်မူပါစေ။

ကာဒီနယ် ချားလ်စ်မောင်ဘို၊
ရန်ကုန်ကက်သလစ်ခရစ်ယာန်သာသနာပိုင်ဆရာတော်၊ မြန်မာနိုင်ငံ
အာရှကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်၏ဥက္ကဋ္ဌ

By Sr.Lucia Thandar Aung, SJA

Add new comment

4 + 4 =