(၂၀၂၀) ခုနှစ်အတွင်းကမ္ဘာတစ်ဝှမ်း၌သတ်ဖျက်ခံခဲ့ရ သောကက်သလစ်သာသနာပြု ၂၀ ရှိဟုဆို

(၂၀၂၀) ခုနှစ်အတွင်းကမ္ဘာတစ်ဝှမ်း၌သတ်ဖျက်ခံခဲ့ရ သောကက်သလစ်သာသနာပြု ၂၀ ရှိဟုဆို

ဗာတီကန်သတင်းဌာနမှ (၂၀၂၀) ခုနှစ်အတွင်း ကမ္ဘာတစ်ဝှမ်း၌ ဘုရားအမူတော်ထမ်းနေရင်းသတ်ဖျက်ခံခဲ့ကြရ သော အမျိုးသား၊ သမီးသာသနာပြုတို့၏စာရင်းကိုပြုစုပြီး တရား၀င်ထုတ်ပြန်ခဲ့ပါသည်။

စာရင်းအရ စုစုပေါင်းအပါး (၂၀) ရှိပြီး၊ ၄င်းတို့အနက်ဘုန်းတော်ကြီး (၈) ပါး၊ သစ္စာသုံးပါးခံကိုရင်တစ်ပါး၊ သီလ ရှင် (၃) ပါး၊ ရဟန်းလောင်းကိုရင် (၂) ပါးနှင့် ဘာသာတူ (၆) ဦးရှိပါသည်။

‘သာသနာပြုများ’ ဟုသုံး နှုန်းရာ၌ ဆေးကြောခြင်းခံ ထားသူများအားလုံးကိုညွှန်းဆိုသည်။ အ ဘယ်ကြောင့်ဆိုသော် (Evangelii gaudium) စာချွန်တော်အရ ဆေးကြောခြင်းခံထားသူများအားလုံးသည် သာသနာပြုရ မည့်ဘုရားပေးတာ၀န်ရှိပြီးသားဖြစ်သည်။ ထို့ကြောင့်ယခုနောက်ပိုင်း၌ ‘တပည့်တော်ကြီး၊ သာသနာပြု’ ဟူ၍ ခွဲ ခြားမသုံးစွဲ တော့ဘဲ ‘သာသ နာပြုတပည့်တော်ကြီးများ’ ဟုသာသုံးနှုန်းတော့သည်။ ဤအသုံးအနှုန်းကို ရေခြား မြေခြားသို့သွားရောက် သာသ နာပြုသူများကိုသာမဟုတ်ဘဲဒေ သအတွင်းအမူတော်ထမ်းသူ များကိုလည်းညွန်းဆိုပါသည်။

(အသတ်ခံရသောတိုက်ကြီးများ)

အများဆုံးအသတ်ခံခဲ့ရသောတိုက်မှာအမေရိက တိုက်၌ဖြစ်ပြီး ဘုန်းတော်ကြီး (၅) ပါး၊ ဘာသာတူ (၃) ဦးဖြစ် သည်။ ဒုတိယအများဆုံးမှာအာဖရိကတိုက်ဖြစ်ပြီး၊ သီလရှင် (၃) ပါး၊ ဘာသာတူ (၂) ဦးနှင့်ဘုန်းတော်ကြီး (၁) ပါး၊ ရ

ဟန်း လောင်းကိုရင် (၁) ပါးတို့ဖြစ်သည်။ အာရှ၌လည်း ဘုန်းတော် ကြီး (၁) ပါး၊ ရဟန်းလောင်းကိုရင် (၁) ပါးနှင့်ဘာသာတူ (၁) ဦးတို့အသတ်ခံခဲ့ရဿည်။ ဥရောပ၌မူဘုန်းတော်ကြီးတစ် (၁) ပါးနှင့်သုံးပါးသစ္စာရှင်ကိုရင်တစ်ပါးတို့အသတ်ခံခဲ့ကြရသည်။ ကမ္ဘာတစ်ဝှမ်းလုံးမှရရှိသောစစ်တမ်းများအရ နှစ် (၂၀၀၀ မှ ၂၀၂၀)၊ (၂၀) နှစ်ကာလအတွင်း ဘာသာရေးအမူထမ်းပေါင်း (၅၃၅) ဦးသတ်ဖျက်ခံခဲ့ရသည်။ ၄င်းတို့အနက် ဆရာတော် (၅) ပါးလည်းပါသည်။

အသတ်ခံရသည့်အကြောင်းအရင်း

သတ်ဖျက်ခံရသည်မှာ ဘာ သာတရားကိုမုန်းတီးသော ကြောင့်မဟုတ်။ သို့သော်ရက် စက်စွာအကြမ်းဖက်တိုက် ခိုက်ခံရသည်။ ဘာသာရေးအခြေခံ၍အကြမ်းဖက်တိုက် ခိုက်ခံရခြင်းမဟုတ်သော ကြောင့်လည်း ‘ဓမ္မအာဇာ နည်’ ဟုမသုံး နှုန်းထားပေ။ သတ်ဖျက်ခံရသည့်အခြေအနေများမှာ ကျောင်းထဲသို့ဓားပြတိုက်နေစဉ်၊ ပြန်ပေးဆွဲသွားချိန်၊ လူ့အခွင့်အရေး၊ သဘာ၀ ပတ်၀န်းကျင်အရေးအတွက်တောင်းဆိုလှုပ်ရှားစဉ်များ၌ သတ်ဖျက်ခံကြရသည်။

အခြားနည်းလမ်းများဖြင့်အ သက်ပေးဆက်ခဲ့သောသာသ နာပြုများ

(၂၀၂၀) သည် ကိုးဗစ်ကူးစက် ရောဂါ၀င်ရောက်မွှေ နှောက်ခဲ့သောအလွန်ဆိုးရွားသည့်နှစ်တစ်နှစ်ဖြစ်ခဲ့သည်။ ဤ ရောဂါကိုကာကွယ်ရင်း၊ ကူးစက်ခံရသူများအားကူညီရင်းရောဂါကူးစက်ခံရ၍အ သက်ဆုံးရှုံး သွားသောကက် သလစ်ဘုန်း တော်ကြီးများ၊ သစ္စာသုံးပါးခံသီလရှင်များ၊ ကျန်းမာရေး၀န်ထမ်းများစွာရှိခဲ့သည်။ ဤရောဂါကြောင့်အသက်ဆုံးရှုံးခဲ့ရသူ များအနက်ဆရာ၀န်များပြီးလျှင် ကက်သလစ်ဘုန်းတော်ကြီးများ၊ သီလရှင်များဖြစ်သည်။ ဥရောပကက်သလစ်ဆရာ တော် ကြီးများအဖွဲ့ချုပ်၏ ထုတ်ပြန်ကြေငြာချက်၌ ဖေဖော်၀ါရီလနှောင်းပိုင်းမှသည်စက်တင်ဘာလနှောင်းပိုင်းအ ထိ ပျံလွန်ခဲ့သောကက်သလစ်ဘုန်းတော်ကြီးအပါး (၄၀၀) ခန့်ရှိသည်ဟုဆိုပါသည်။

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/38MShP6

Add new comment

4 + 1 =