၂၀၂၀ ခုနှစ်တွင် ထုတ်ဝေမည့် ပုပ်ဘက်နဒစ် ၁၆ ၏ အတုပ္ပတ္တိ စာအုပ်တွင် ခေတ်သစ် “ခရစ်ယာန် ဆန့်ကျင်ရေး ဝါဒ”အတွက် စိတ်မကောင်းဖြစ်မိကြောင်း ဖော်ပြခဲ့။

၂၀၂၀ ခုနှစ်တွင် ထုတ်ဝေမည့် ပုပ်ဘက်နဒစ် ၁၆ ၏ အတုပ္ပတ္တိ စာအုပ်တွင် ခေတ်သစ် “ခရစ်ယာန် ဆန့်ကျင်ရေး ဝါဒ”အတွက် စိတ်မကောင်းဖြစ်မိကြောင်း ဖော်ပြခဲ့။

၂၀၂၀ ခုနှစ်တွင် ထုတ်ဝေမည့် ပုပ်ဘက်နဒစ် ၁၆ ၏ အတုပ္ပတ္တိ စာအုပ်တွင် ခေတ်သစ် “ခရစ်ယာန် ဆန့်ကျင်ရေး ဝါဒ”အတွက် စိတ်မကောင်းဖြစ်မိကြောင်း ဖော်ပြခဲ့။

ခေတ်သစ် လူ့အဖွဲ့အစည်းသည် “ခရစ်ယာန် ဆန့်ကျင်ရေး ဝါဒ”အား ဖန်တီးနေကာ ထိုခရစ်ယာန် ဆန့်ကျင်ရေး ဝါဒအား ခုခံဆန့်ကျင်သော သူများအား “လူ့အသိုင်းအဝိုင်းမှ ကြဉ်ပယ်ခြင်း”နည်းဖြင့် ဒဏ်ခတ်တတ်သည်ဟု မေလ ၄ ရက်နေ့တွင် ဂျာမန် ဘာသာဖြင့် ထုတ်ဝေသည့် ရဟန်းမင်းကြီး ဘက်နဒစ် ၁၆ ၏ အတုပ္ပတ္တိ စာအုပ်၌ ထောက်ပြပြောဆိုခဲ့သည်။

ဂျာမန် စာရေးဆရာ Peter Seewald က ပုပ်ဘက်နဒစ် ၁၆ အား အင်တာဗျူးထားသည့် စာမျက်နှာ ၁၁၈၄ မျက်နှာရှိသော စာအုပ် အဆုံးတွင် ယနေ့ခေတ် ကက်သလစ် အသင်းတော် ကြုံတွေ့နေရသည့် အကြီးမားဆုံး ခြိမ်းခြောက်မှုမှာ “ကမ္ဘာအဝှမ်း ဖြစ်ပေါ်နေသော လောကီရေးရာ အိုင်ဒီရော်လော်ဂျီများ Humanistic Ideologies ၏ အာဏာရှင်ဆန်မှု” ဖြစ်သည်ဟု ပြောကြားခဲ့သည်။

ရဟန်းမင်းကြီး ဘက်နဒစ် ၁၆ သည် ၂၀၀၅ ခုနှစ်၌ ရဟန်းမင်းကြီး အဖြစ် ရွေးကောက်ခံရချိန်တွင် “ဝံပုလွေများ၏ ရန်ကို ကြောက်ရွံ၍ ထွက်ပြေးခြင်း”မျိုး မဖြစ်စေရန် ကျွန်ုပ် အတွက် ဆုတောင်းပေးကြပါဟု တောင်းဆိုခဲ့ဖူးသဖြင့် ထိုအကြောင်းအား စာအုပ်ရေးသားသူ Peter Seewald က ၂၀၁၃ ခုနှစ်တွင် နှုတ်ထွက်ခဲ့သော ရဟန်းမင်းကြီး ဘက်နဒစ် ၁၆ အား မေးမြန်းခဲ့သည်။ ထိုသို့ ၂၀၀၅ ခုနှစ်၌ ရဟန်းမင်းကြီး ဘက်နဒစ် ၁၆ က ပြောခဲ့ခြင်းမှာ ဘာကို ဆိုလိုသနည်းဟု အများက နားမလည်ခဲ့ကြပေ။

ရဟန်းမင်းကြီး ဘက်နဒစ် ၁၆ က မိမိ ညွှန်းဆိုခဲ့သော ဝံပုလွေများ၏ ရန်ဟူသည်မှာ အသင်းတော် အတွင်းပိုင်းတွင် ဖြစ်ပျက်တတ်သော ဗာတီလိခ် “Vatileaks” ကဲ့သို့ ပြဿနာများအား ကိုးကားခြင်း မဟုတ်ကြောင်း Peter Seewald အား ပြောခဲ့သည်။ ဗာတီလိခ် ဟူသည်မှာ ရဟန်းမင်းကြီး ဘက်နဒစ် ၁၆ ၏ ကိုယ်ရေး ဘဏ္ဍာထိန်း အရာရှိ ဖြစ်သူ Paolo Gabriele က ဗာတီကန်၏ အထူး လျှို့ဝှက်စာရွက်စာတမ်းများအား ခိုးယူရောင်းစားမှု ဖြစ်ခဲ့သည့် အကြပ်အတည်း ဖြစ်သည်။

“Benedikt XVI – Ein Leben” ဘက်နဒစ် ၁၆ - ဘဝသက်တာ တစ်ခု ဟူသည့် စာအုပ် အသစ်၌ ရဟန်းမင်းကြီး ဘက်နဒစ် ၁၆ က
“ဗာတီလိခ် ကဲ့သို့သော ပြဿနာများသည် ကမ္ဘာတလွှားရှိ လူအများ အတွက် လွန်စွာ စိတ်အနှောင့်အယှက် ဖြစ်ခဲ့ရသည်ဟု ဆိုနိုင်သော်လည်း
ယနေ့ခေတ် ကက်သလစ် အသင်းတော် အတွက်၊ စိန့်ပီတာ၏ လုပ်ငန်းတာဝန်များအတွက် လက်တွေ့ကျသော ခြိမ်းခြောက်မှုမှာ ထိုသို့သော အသင်းတော်တွင်း ပြဿနာများ မဟုတ်ပဲ ကမ္ဘာအဝှမ်း ဖြစ်ပေါ်နေသော လောကီရေးရာ အတွေး အိုင်ဒီရော်လော်ဂျီများ Humanistic Ideologies ၏ အာဏာရှင်ဆန်မှုနှင့် ထို အတွေး အိုင်ဒီရော်လော်ဂျီများအား ဆန့်ကျင်ကြသူတို့သည် လူမှုရေး အရ ပယ်ကြဉ်ခြင်း ခံရခြင်းတို့ ဖြစ်သည်၊”

“လွန်ခဲ့သော နှစ်ရာပေါင်းများစွာက လိင်တူလက်ထပ်ခြင်း အကြောင်း ပြောဖို့ မသင့်တော်လွန်းဟု ယုံကြည်ခဲ့ကြသော်လည်း ယနေ့ခေတ်အခါတွင်မူ လိင်တူ လက်ထပ်ခြင်း အကြောင်းအား ဆန့်ကျင်ပြောဆိုသူသည် လူမှုရေး အရ ကြဉ်ပယ်ခြင်းကို ခံစားကြရသည်။ လိင်တူလက်ထပ်ခြင်း ကဲ့သို့ပင် သန္ဓေသား ဖျက်ချခြင်းနှင့် ဓာတ်ခွဲခန်းအတွင်း လူသားအား စမ်းသပ်မွေးထုတ်ခြင်း ပြုလုပ်ခြင်းတို့အား ဆန့်ကျင်လျှင် လူမှုရေး အရ ကြဉ်ပယ်ခံရခြင်းများ ရှိလာသည်၊”

“ခေတ်သစ် လူ့အဖွဲ့အစည်းသည် ‘ခရစ်ယာန် ဆန့်ကျင်ရေး ဝါဒ’အား ဖန်တီးနေဆဲ အဆင့်တွင် ရှိကာ ထိုခရစ်ယာန် ဆန့်ကျင်ရေး ဝါဒအား ခုခံဆန့်ကျင်သော သူများအား “လူ့အသိုင်းအဝိုင်းမှ ကြဉ်ပယ်ခြင်း”နည်းဖြင့် ဒဏ်ခတ်တတ်သည်။ ခရစ်တော်အား ဆန့်ကျင်သည့် ဝိညာဉ်ရေး သြဇာအာဏာအား စိုးရိမ်ရမည်မှာ အရှိတရား ဖြစ်ပြီး သာသနာနယ် တစ်ခုလုံး၊ တကမ္ဘာလုံးရှိ အမိအသင်းတော် တစ်ရပ်လုံးက ဆုတောင်းခြင်း၊ လက်တွေ့လုပ်ဆောင်ချက်များဖြင့် ၎င်းတို့အား တွန်းလှန် တန်ပြန်ရန် အမှန်တကယ် လိုအပ်သည်၊” ဟု ပြောကြားခဲ့သည်။

ရဟန်းမင်းကြီး ဘက်နဒစ် ၁၆ ၏ အတုပ္ပတ္တိ - ပထမတွဲ” စာအုပ်အား ဂျာမန် ဘာသာစကားဖြင့် မြူနစ် အခြေစိုက် ပုံနှိပ်တိုက် Droemer Knaur က ထုတ်ဝေလိုက်ပြီး အင်္ဂလိပ်ဘာသာစကားဖြင့် နိုဝင်ဘာလ ၁၇ ရက်နေ့တွင် အမေရိကန် နိုင်ငံ၌ ထုတ်ဝေသွားမည်ဟုလည်း သိရသည်။

အင်တာဗျူး အမေးအဖြေ၌ ၉၃ နှစ် အရွယ် ရဟန်းမင်းကြီး ဘက်နဒစ် ၁၆ က ဝိညာဉ်ရေးရာ သက်သေခံချက် Spiritual testament တစ်စောင်အား ရေးသားခဲ့ကြောင်း ဖော်ထုတ်ပြောကြားခဲ့ပြီး စိန့်ရဟန္တာ ရဟန်းမင်းကြီး ဒုတိယမြောက် ယောဟန် ပေါလ်လုကဲ့သို့ပင် သူ ကွယ်လွန်သည့် အခါ၌သာလျှင် ထိုဝိညာဉ်ရေးရာ သက်သေခံချက်အား ထုတ်ပြန်မည်ဟု ဖော်ပြခဲ့သည်။

ရဟန်းမင်းကြီး ဘက်နဒစ် ၁၆ က သူသည် ရဟန်းမင်းကြီး ဒုတိယမြောက် ယောဟန် ပေါလ်လု ၏ ရဟန္တာ စိန့်တင်မြောက်မှု ဖြစ်စဉ် မြန်ဆန်အောင် လုပ်ဆောင်ခဲ့ကြောင်း၊ ထိုသို့ လုပ်ဆောင်ခဲ့ရာမှာလည်း “ယုံကြည်သူ ခရစ်ယာန် ဘာသာဝင်များ၏ သိသာထင်ရှားသော စိတ်ဆန္ဒ”ကြောင့် ဖြစ်ကြောင်း၊ ထို့အပြင် ရဟန်းမင်းကြီး ဒုတိယမြောက် ယောဟန် ပေါလ်လုနှင့် သူသည် ရောမ၌ ဆယ်စုနှစ် ၂ ခုကျော်ကြာအောင် အနီးကပ် လက်တွဲ လုပ်ကိုင်ခဲ့သဖြင့် ပိုလန်အမျိုးသား ရဟန်းမင်းကြီး၏ စံပြကောင်း ဘဝပုံသက်သေကြောင့် ဖြစ်ကြောင်း အင်တာဗျူး၌ ပြောကြားခဲ့သည်။

ရဟန်းမင်းကြီး ဘက်နဒစ် ၁၆ က သူအနားယူ နှုတ်ထွက်ခဲ့သည်မှာ ဗာတီလိခ်ကဲ့သို့ Paolo Gabriele က ဗာတီကန် အချက်အလက်များအား ခိုးယူဖောက်ချသည့် ဖြစ်စဉ်ကြောင့် “လုံးဝ မသက်ဆိုင်ကြောင်း” အထူး ပြောကြားခဲ့ပြီး ၂၀၁၀ ခုနှစ်တုန်းကလည်း သမိုင်းတွင် နောက်ဆုံး နှုတ်ထွက်ခဲ့သည့် ရဟန်းမင်းကြီး ငါးဦးမြောက် ကလဲမင်း၏ ရုပ်ကလာပ်အား သွားရောက် ဆုတောင်း အရိုအသေပေးခဲ့သည်မှာလည်း နှုတ်ထွက်ရန် ရည်ရွယ်၍ မဟုတ်ပဲ “တိုက်ဆိုင်မှု သက်သက်သာ ဖြစ်ကြောင်း” ရှင်းလင်း ပြောကြားခဲ့သည်။ ထို့အပြင် အနားယူသွားပြီ ဖြစ်သည့် ရဟန်းမင်းကြီး အတွက် “Emeritus” ဟူသည့် ရာထူး အမည်ကိုလည်း ခုခံရှင်းလင်း ပြောကြားသွားခဲ့သည်။

သူ နှုတ်ထွက်ပြီး ကတည်းက သူ့အား ဝေဖန်တိုက်ခိုက်မှုများ အပေါ်လည်း လွန်စွာ စိတ်မကောင်း ဖြစ်မိကြောင်းကို ရဟန်းမင်းကြီး ဘက်နဒစ် ၁၆ က ၂၀၁၇ ခုနှစ်က အဖြစ်အပျက်ကို ကိုးကား၍ ပြောကြားခဲ့သည်။ ၂၀၁၇ ခုနှစ်တွင် ကာဒီနယ် Joachim Meisner ၏ အသုဘပွဲ၌ ဖတ်ကြားခဲ့သော ရဟန်းမင်းကြီး ဘက်နဒစ် ၁၆ ၏စာတွင် သဘောင်္ကဲ့သို့သော ကက်သလစ် အသင်းတော်သည် သဘောင်္ပျက်သကဲ့သို့ ပျက်သုဉ်းခံရနိုင်သည့် အန္တရာယ်မှ ဘုရားသခင်က ကာကွယ်ပေးလိမ့်မည် ဖြစ်ကြောင်း ပြောကြားခဲ့ရာ အချို့က ရဟန်းမင်းကြီး ဖရန်စစ် လက်ထက် အသင်းတော်အား ကိုးကားပြောဆိုသည်ဟု ဆိုကာ ရဟန်းမင်းကြီး ဘက်နဒစ် ၁၆ အား ဝေဖန်ခဲ့သည်။ စာအုပ် အင်တာဗျူးတွင် ရဟန်းမင်းကြီး ဘက်နဒစ် ၁၆ က ၂၀၁၇ ခုနှစ်၊ ကာဒီနယ်ကြီး၏ အသုဘတွင် သုံးနှုန်းခဲ့သော စာများသည် မဟာ စိန့်ဂရေဂိုရီ၏ ဟောပြောချက်များမှ တိုက်ရိုက်ကိုးကား ယူသုံးခဲ့ခြင်းသာ ဖြစ်ကြောင်း ပြန်လည် ရှင်းပြခဲ့သည်။

ကွယ်လွန်ခဲ့သူ ကာဒီနယ် Joachim Meisner အပါအဝင် အထင်ကရ ကာဒီနယ် ၄ ပါးက ပုပ်ဖရန်စစ်အား ယုံကြည်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းချက်ပေးရန် အမေးအဖြေပြုခဲ့ခြင်း အပေါ် အစွဲပြုသည့် “Dubia” ဒူးဘီးယား နှင့် ပတ်သက်၍ အင်တာဗျူးသူ စာရေးဆရာ Seewald က မေးခဲ့သလို ၂၀၁၆ ခုနှစ်တွင် ရဟန်းမင်းကြီး ဖရန်စစ် ရေးသားခဲ့သော Amoris Laetitia အမောရစ် လက်တီးရှား စာချွန်တော် Apostolic Exhortation အား အဓိပ္ပာယ်ဖွင့်ဆိုထားမှု အပေါ် သဘောထားမှတ်ချက် ပေးရန် Seewald က ရဟန်းမင်းကြီး ဘက်နဒစ် ၁၆ အား တောင်းဆိုသောအခါ

ရဟန်းမင်းကြီး ဘက်နဒစ် ၁၆ က ထိုမေးခွန်းများနှင့် ပတ်သက်၍ တိုက်ရိုက် ဖြေကြားခြင်း မပြုလိုပါ၊ သို့သော်လည်း ၂၀၁၃ ခုနှစ် ဖေဖဝါရီလ နောက်ဆုံး လူထုတွေ့ဆုံပွဲ၌ ပြောကြားခဲ့သည်များအား ညွှန်းဆို၍ သွယ်ဝိုက် ဖြေကြားခဲ့ပါသည်။
ထိုနောက်ဆုံး လူထုတွေ့ဆုံပွဲတွင် ပြောကြားခဲ့သည့် ရဟန်းမင်းကြီး ဘက်နဒစ် ၁၆ ၏ သတင်းစကား အပေါ် အနှစ်ချုပ် ရလျှင် “လူသားအပေါင်း၏ အတိဒုက္ခများ အားလုံးနှင့် နတ်ဆိုး၏ ရှုပ်ထွေးစေတတ်သော တန်ခိုးအာဏာတို့ အကြားတွင် အမိ အသင်းတော် အတွင်း သူတစ်ဦးသည် ဘုရားသခင်၏ ကောင်းမြတ်တော်မူသည့် တန်ခိုးတော်ကို ထောက်ရှုသုံးသပ်နိုင်သည့် အခြေအနေ အစဉ်အမြဲ ရှိသည်။” “သို့သော် သမိုင်းတလျှောက် အမှောင်ထုကာလသည် ခရစ်ယာန် ဖြစ်ရခြင်းကြောင့် ရရှိသည့် ပျော်ရွှင်ဝမ်းမြောက်မှုအား အစဉ်နှောင့်ယှက်နေတတ်သည်။ ထိုသို့ အနှောင့်အယှက်များ ရှိသော်လည်း အမိ အသင်းတော် အတွင်း၊ ခရစ်ယာန် တစ်ဦးချင်းစီ၏ အသက်တာ၌ သူတစ်ဦးသည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာအား ခံစားရရှိသည့် အတွက်၊ ထိုဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည်လည်း ရွှင်လန်းဝမ်းမြောက်ခြင်း ဖြစ်သည့် အတွက် ပျော်ရွှင်မှုကို ခံစားကြရသည်။” ဟု ပြောကြားခဲ့ပါသည်။

ရဟန်းမင်းကြီး ဖရန်စစ်သည် ရွေးကောက်တင်မြောက်ခံရပြီးနောက် Castel Gandolfo ၌ သူနှင့် ပထမဆုံး တွေ့ဆုံခဲ့သည့် အဖြစ်အပျက် အပေါ် တန်ဖိုးထားကြောင်း၊ ရဟန်းမင်းကြီး ဖရန်စစ်နှင့် ပုဂ္ဂိုလ်ရေး ခင်မင်ရင်းနှီးမှုများသည်လည်း တဆထက် တဆ တိုးတက်မှု ရှိပါကြောင်း ရဟန်းမင်းကြီး ဘက်နဒစ် ၁၆ က အင်တာဗျူးတွင် ပြောကြားခဲ့သည်။

စာရေးဆရာ Peter Seewald သည် ရဟန်းမင်းကြီး ဘက်နဒစ် ၁၆ နှင့် ဆက်စပ်၍ စာအုပ်ကြီး ၄ အုပ်အား ရေးသားထုတ်ဝေခဲ့ပြီး ဖြစ်သည်။ သူ၏ ပထမ စာအုပ်မှာ “Salt of the Earth” ဟူသည့် အမည်ဖြင့် ၁၉၉၇ ခုနှစ်၌ ထုတ်ဝေခဲ့ပြီး ထိုအချိန်တုန်းက ရဟန်းမင်းကြီး ဘက်နဒစ် အဖြစ် မတင်မြှောက်ခံရမီ ကာဒီနယ် ဂျိူးဇက် ရက်ဇင်ဂါ အဖြစ် Vatican Congregation for the Doctrine of the Faith ၌ အကြီးအကဲ တာဝန် ယူထားရချိန် ဖြစ်သည်။ ဒုတိယ စာအုပ်ကို ၂၀၀၂ ခုနှစ်တွင် ထုတ်ဝေခဲ့ပြီး စာအုပ် အမည်မှာ “God and the World” ဟူ၍ ဖြစ်သည်။ တတိယ စာအုပ်ကို ရဟန်းမင်းကြီး အဖြစ် ရွေးကောက်ခံရပြီးချိန် ၂၀၁၀ ခုနှစ၌ ထုတ်ဝေခဲ့ပြီး တတိယ စာအုပ်၏ အမည်မှာ “Light of the World” ဟူ၍ ဖြစ်သည်။ ၂၀၁၆ ခုနှစ်တွင်မူ “Last Testament” အမည်ဖြင့် ထုတ်ဝေခဲ့ပြီး ထိုစာအုပ်တွင် အဘယ်ကြောင့် ရဟန်းမင်းကြီး အဖြစ်မှ နှုတ်ထွက်ခဲ့သည့် ဆုံးဖြတ်ချက် အပေါ် အပြန်အလှန် ဆွေးနွေးသည့် သဘောဖြင့် ရေးသား ဖော်ပြခဲ့သည်။

ယခုအခါတွင် စာရေးဆရာ Peter Seewald သည် ရဟန်းမင်းကြီး ဘက်နဒစ် ၁၆ နှင့် ပတ်သက်၍ ငါးအုပ်မြောက် စာအုပ်ကို ရေးသားပြုစုပြီး ဖြစ်သည်။ ပုံနှိပ်သူ Droemer Knaur က စာရေးသူ Seewald သည် ရဟန်းမင်းကြီး ဘက်နဒစ် ၁၆ နှင့်သာမက တခါတရံ ရဟန်းမင်းကြီး၏ ကိုယ်ရေး အတွင်းရေးမှူးဖြစ်သူ ဆရာတော်ကြီး Archbishop Georg Gänswein ကိုလည်း မေးမြန်း ရေးသားတတ်ပေသည်။

စာရေးသူ Seewald အား မေးမြန်းရာတွင် သူသည် စာအုပ်အား ပုံနှိပ်ထုတ်ဝေခြင်း မပြုမီ စာမူကြမ်းများ အချို့ကို ရဟန်းမင်းကြီး ဘက်နဒစ် ၁၆ အား ပြသခဲ့ရာ ၁၉၃၇ ခုနှစ်တွင် ထုတ်ဝေခဲ့သည့် ရဟန်းမင်းကြီး ပီအူး ၁၁ ၏ စာချွန်တော် Mit brennender Sorge ဟူသည့် အခန်းနှင့် ပတ်သက်၍ နှစ်သက်သဘောကျကြောင်း ရဟန်းမင်းကြီး ဘက်နဒစ် ၁၆ ကက ပြောကြားခဲ့ကြောင်း Seewald က ဖြေကြားခဲ့သည်။

ဘာသာပြန်ဆိုသူ
Lawrence Jangma Mung Song

Photo Credit: Mazur/www.thepapalvisit.org.uk

ကိုးကား အင်တာနက် စာမျက်နှာ
https://bit.ly/2Wk90Vc

Add new comment

6 + 10 =