(၂၀၂၀) ခရစ္စမတ်သည် အ မှောင်ထု၌လင်းထိန်စွာထွန်း တောက်သောမျှော်လင့်ချက်ရောင်ခြည်

(၂၀၂၀) ခရစ္စမတ်သည် အ မှောင်ထု၌လင်းထိန်စွာထွန်း တောက်သောမျှော်လင့်ချက်ရောင်ခြည်

ခရစ္စမတ်ပွဲတော်ကိုကျင်းပခြင်းသည် ကမ္ဘာလောကြီးသို့မျှော်လင့်ခြင်းရောင်ခြည်နှင့်ကယ်တင်ခြင်းကိုဆောင်ယူ လာခဲ့ပေးသောသူငယ်တော်ယေဇူး၏မွေးနေ့ကိုကျင်းပခြင်းဖြစ်သည်ဟု စစ္စတာရ်ပက်ထရီးရှာ Murray က ခရစ္စမတ်နှင့် စပ်လျင်း၍ ထောက်ရူထားပါသည်။

သူသည်သူတော်စင်အသင်း၏ သီလရှင်ဥက္ကဌများအသင်း (UISG) ၏ဒါရိုက် တာ ဖြစ် သည်။ စစ္စတာရ်သည် ဘ၀၌ အလင်းတရားလိုအပ်နေသောသူတို့အတွက်ဆုတောင်းမေ တ္တာတစ် ပုဒ်ကိုဝေမျှပေးထား ပါသည်။

‘အကယ်၍သင့်ဘ၀လျှောက်လှမ်းသည် အမှောင်ထု၏ ခြိမ်းခြောက်လွှမ်းမိုးခြင်းကိုခံနေရပါက ဘုရားသခင်သည် သင့်ကို ၀န်းရံကာကွယ်ပေးပါစေ။ သင့်အားအလင်းတော်ထွန်းလင်းတောက်ပစေပြီး၊ အမှောင်ထုကိုနှင်ထုတ်နိုင်ပေးပါစေ။’

‘အကယ်၍ သင့်လျှောက်လမ်း သည်ပဋိပက္ခများဖြင့် ၀န်းရံခံနေရပါက ဘုရားသခင်သည် သင့်ကို၀န်းရံကာ ကွယ်ပေးပါစေ။ ချစ်ခြင်းဖြင့်အနီး အနား၌ရှိနေပေးပါစေ။ ပဋိပက္ခကိုဖန်တီးသောအမုန်းတရားများကိုဝေးရာသို့ဖယ် ရှားပစ်ပေးစေတော် မူပါ။’

‘အကယ်၍သင့်လျှောက်လမ်းသည် စိုးရိမ်စိတ်များဖြင့်ခြိမ်း ခြောက်ခံရပါက ဘုရားသခင်သည် သင့်ကို၀န်းရံကာကွယ်ပေး ပါစေ။ ငြိမ်းချမ်းရေးဖြင့်တည်ငြိမ်စေပြီး၊ ကြောက်ရွံ့မူကိုဖယ်ထုတ်ပေးပါစေ။’

‘အိုဘုရားသခင်၊ တပည့် တော်တို့ ကိုယ်တော့်ကိုမျှော်စောင့်နေခဲ့သည်မှာကြာမြင့်လှပြီ။ အမှောင်ထုကြီးသည်ကြီးစိုးအားကောင်းလျှက်ရှိနေခဲ့ပါသည်။ ‘

‘ကိုယ်တော်တပည့်တော်တို့အလယ်၌ ခုချက်ချင်းကြွလာရန်ကိုသာ တပည့်တော်တို့တမ်းတစောင့်စားနေခဲ့ပါ သည်။ ကိုယ် တော်တပည့် တော်တို့၏အလယ်၌ကြွလာခြင်းကြောင့် တပည့်တော်တို့သည်ကြောက်ရွံ့စိုးရိမ်စိတ်အလျင်းမရှိတော့ပါ။ မှောင်မိုက်ထဲမှနာကျင်ငိုရှိုက်သံကြားမှကမ္ဘာကြီးထဲသို့မျှော်လင့်ခြင်းရောက်ရှိပြီဟူ သောပျော်ရွှင်စွာကြွေး ကြော် သည်ကို ကြားရရန်စောင့်စားနေခဲ့ပါသည်။

UISG အသင်းသည် ခရစ် တော်၌ ဗဟိုပြုထားပြီး၊ အမျိုး သမီးသူတော်စင်အသင်းကြီးကိုကိုယ်စားပြုသည်။ အမျိုး သမီးသူတော်စင်အသင်း ၏ ဂုဏ်သိက္ခာနှင့်ဆက်ကပ်ခြင်းအသက်တာကိုကမ္ဘာကြီးသိရှိရန်သက်သေခံကြေငြာသောအသင်း ဖြစ်သည်။

အသင်း၏အဓိကဦးတည် ချက်ကား စည်းခြားမူ၊ နယ် ခြားမူများကြောင့် အလှမ်း ဝေးနေသောသီလရှင်အသင်း များကိုပြန်လည်ပေါင်းကူးပေးရန်နှင့်သီလရှင်တို့၏ဘ၀ အ သက်တာကိုနားလည်ရန်ဖြစ်သည်။ ဤအသင်း၏အဖွဲ့၀င်များတို့ သည်အခြားသောပရိုဂျက်များစွာ၌ထဲထဲ၀င်၀င်ပါ၀င်နေကြပြီး၊ လူကုန်ကူးမူတိုက်ဖျက်ရေး၊ ပြောင်းရွေ့တို့၏အခွင့် အရေး ကိုကာကွယ်ပေးရေး၊ သက်၀င်ယုံ ကြည်မူမတူသူများနှင့်တွေ့ဆုံဆွေးနွေးခြင်း၊ တရားမျှတခြင်း၊ ငြိမ်းချမ်းခြင်းနှင့်ကမ္ဘာကြီး အားစောင့်ရှောက်ထိန်း သိမ်းခြင်းလုပ်ငန်းစဉ်များ၌ ပါ၀င်လုပ်ဆောင်နေကြသည်။

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

Photo courtesy of: Giotto

https://bit.ly/3aNPOqe

Add new comment

5 + 8 =