၂၀၁၈ ခုနှစ် စစ်တမ်းအရ ဂျာမနီ နိုင်ငံတွင် ကက်သလစ်အသင်းတော်အား အခွန်ပေးဆောင်သော အဖွဲ့ဝင်ဦးရေ နှစ်သိန်း ကျော် ဆုံးရှုံး

သောကြာနေ့ကြီး အခန်းအနား ဂျာမနီ နိုင်ငံ

၂၀၁၈ ခုနှစ် စစ်တမ်းအရ ဂျာမနီ နိုင်ငံတွင် ကက်သလစ်အသင်းတော်အား အခွန်ပေးဆောင်သော အဖွဲ့ဝင်ဦးရေ နှစ်သိန်း ကျော် ဆုံးရှုံး
ဇူလိုင်လ ၂၀၊ ၂၀၁၉

ဂျာမနီနိုင်ငံ၏ အစဉ်အလာအရ ဘာသာဝင်တို့သည် အသင်းတော်ကို အခွန်ပေးဆောင်ရပြီး ယင်းရရှိသော အခွန်အခ များအားဖြင့် ကက်သလစ်အသင်းတော်ကို ကြီးမားစွာ အထောက်အကူ ပြုနေသော နိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။

ဂျာမနီနိုင်ငံ သန်ခေါင်စရင်းအရ လူဦးရေ ၈၃ သန်းရှိသည့်အနက် ၅၃.၂ ရာခိုင် နှုန်းသော နိုင်ငံသားများသည် မိမိတို့၏ အသင်းတော်များကို အခွန်ပေးဆောင်နေကြသော အဖွဲ့ဝင်များဖြစ်ပါသည်။

၂၀၁၈ ခုနှစ် စစ်တမ်းအရ ဂျာမနီ နိုင်ငံတွင် ကက်သလစ်အသင်းတော် နှင့် ဂိုဏ်ခွဲ ခရစ်ယာန် အသင်းတော်များတွင် အခွန်ပေးဆောင်သော အဖွဲ့.ဝင် လေးသိန်း သုံးသောင်း ကျော် ဆုံးရှုံးရကြောင်း ဖော်ပြထားပါသည်။

၂၀၁၈ ခုနှစ် စစ်တမ်းအရ ကက်သလစ်အသင်းတော်အား အခွန်ပေးဆောင်သော အဖွဲ့ဝင် ၂၁၆၀၇၈ ယောက် ဆုံးရှုံးရကြောင်း ၂၃ သန်းသော နိုင်ငံသားများမှာ အသင်းတော်ကို အခွန်ဆက်လက် ပေးဆောင်နေသော သူများဖြစ်ကြောင်း၊ အလားတူ ဂိုဏ်ခွဲ ခရစ်ယာန် အသင်းတော်များတွင် အဖွဲ့ဝင် ၂၂၀၀၀၀ ဆုံးရှုံးရကြောင်း ယင်း အဖွဲ့ဝင်များ ဆုံးရှုံးရမူ့ကြောင့် အခွန်ပေးဆောင်မူ့ ၉ ရာခိုင်နှုန်း ထိကျဆင်းသွားရကြောင်း ဂျာမနီ ကက်သလစ်ဆရာတော်ကြီးများ အဖွဲ့ချုပ် နှင့် ခရစ်ယာန်များကောင်းစည် အဖွဲ့တို့မှ ပြီခဲ့သော သောကြာနေက ဖော်ပြခဲ့ပါသည်။

အဖွဲ့ဝင် အယောက်တိုင်း ဆုံးရှုံးရမူမှာ အသင်းတော်ကို ထိခိုက်နာကျင်စေပါတယ်၊၊ သို့​သော်လည်း ယနေ့ခေတ်လူတို့သည် အရင်ခေတ်ကကဲ့သို့မဟုတ်ကြတော့ပဲ သူတို့၏ လွတ်လပ်စွာရွေးချယ်မှူ့ဖြင့် လုပ်ဆောင်လာကြကြောင်း၊ ထို့အတွက်ကြောင့် အသင်းတော်၏ လုပ်ဆောင်နေမူ့များကို လူတွေပိုမိုနာလည်အောင်းရှင်းပြဖို့ လိုအပ်ကြောင်း ဂျာမနီ ခရစ်ယာန်များ ကောင်းစည် ဥက္ကဋ္ဌ Heinrich Bedford-Strohm မှပြောကြားခဲ့ပါသည်။

ဂျာမနီနိုင်ငံရှိ ကက်သလစ် သာသနာတော်နှင့် ခရစ်ယာန်ဂိုဏ်ခွဲများ တွင် အသင်းတော်ကို အခွန်ပေးဆောင်သော အဖွဲ့ဝင်များသည် မိမိ ဆန္ဒ အလျှောက် ရပ်ကွက်တရားရုံး သို့မဟုတ် အစိုးရဌာန တစ်ခုတွင် မိမိကိုကိုယ်ကိုယ် အဖွဲ့ဝင် အဖြစ် ပါဝင်နိုင်သလို၊ အဖွဲ့ဝင်အဖြစ်မှ လည်း လွတ်လပ်စွာ နှုတ်ထွက်ခွင့်ရှိကြောင်း ဖော်ပြထားပါသည်။

ယင်းကဲ့သို့ ဆက်လက်ဆုံးရှုံးနေမည်ဆိုလျှင် နှစ်ပေါင်း ၂၀၆၀ တွင် အဖွဲ့ဝင် တဝက်သာကျန်မည်ဖြစ်ကြောင်း ကိုလည်း ထောက်ပြဖော်ပြထားပါသည်။
By Kyi Maung
Photo credit to Vatican News

https://bit.ly/2JUu7WC

Add new comment

6 + 10 =