(၂၀၁၀) ကလူစုလူဝေးဖြင့်သတ်ဖြတ်ခဲ့သည့်နှစ်ပတ်လည်အတွက် ပုပ်ဖရန်စစ် သတိရဆုတောင်း

(၂၀၁၀) ကလူစုလူဝေးဖြင့်သတ်ဖြတ်ခဲ့သည့်နှစ်ပတ်လည်အတွက် ပုပ်ဖရန်စစ် သတိရဆုတောင်း

(၂၀၁၀) ကလူစုလူဝေးဖြင့်သတ်ဖြတ်ခဲ့သည့်နှစ်ပတ်လည်အတွက် ပုပ်ဖရန်စစ် သတိရဆုတောင်း

ဩဂုတ်လ (၂၄) ရက်နေ့သည် တနင်္လာနေ့ဖြစ်ပြီး၊ ထိုနေ့သည် (၂၀၁၀) ကမက္ကဆီကိုနိုင်ငံ၊ Tamaulipas ပြည် နယ် ဆန်ဖာနန်းဒိုမြို့၌ တောင်အမေရိကားတိုက်မှပြောင်းရွေ့ (၇၂) ဦးကိုလူမဆန်စွာဖြင့်သတ်ဖြတ်ခဲ့သည့် (၁၀) နှစ်ပြည့်နေ့ ဖြစ်သည်။ ထို (၇၂) ဦး၌ စာရွက်စာတမ်းအထောက်အထားမရှိသည့်အမျိုးသား (၅၂) ဦးနှင့်အမျိုးသမီး (၁၄) ပါသည်။ ၄င်း တို့သည် El Huizachal ရွာ၌ မူယစ်ရာဇာ Los Zetas တို့၏ရက်ရက်စက်စက်သတ် ဖြတ်ခြင်းခံခဲ့ကြရသည်။ သူတို့၏ရုပ်အ လောင်းများကိုလည်းအစုလိုက်အပြုန်လိုက်မြှုပ်နှံထားခဲ့ပြီး၊ နောက် ပိုင်း၌ထိုဖြစ်ရပ်ကိုမက္ကဆီကိုစစ်တပ်မှဖော်ထုတ်နိုင်ခဲ့ သည်။

စွန့်ပစ်သည့်ယဉ်ကျေးမူ

ရဟန်းမင်းကြီးသည် ထိုအဖြစ်သနစ်၌အသက်ဆုံးရှုံးသွားခဲ့သောသူတို့၏ဝိညာဉ်အတွက် ပုပ်ရဟန်း မင်းကြီးသည် တနင်္ဂနွေနေ့မွန်း တည့်ဆုတောင်းမေတ္တာဖြစ်သောအန်ဂျေလူးဆုတောင်းချိန်၌ သတိရဆုတောင်းပေးခဲ့သည်။

ထိုအဖြစ်ဆိုး ၌အသက်ဆုံးရှုံးခဲ့ကြသူများသည် နိုင်ငံအသီး သီးမှဖြစ်ပြီး၊ ပိုမိုလုံခြုံကောင်း မွန်သောဘ၀ကိုရှာဖွေရန်ရည်ရွယ်ခဲ့ကြသည်။ ၄င်းတို့၏ မိသားစုနှင့်အတူထပ် တူ၀မ်းနည်းခံစားရပါကြောင်း ၊ ထိုဖြစ်ပျက်ခဲ့သောပြစ်မူအတွက်အဘယ်သို့ဖြစ်ပွားခဲ့သည်၊ အဘယ်သူများကျူး လွန်ခဲ့သည်ကိုတရားမျှတခြင်းနှင့်အမှန်တရားအတွက်ဆက် လက်တောင်းဆိုလျှက်ရှိကြကြောင်း၊ မြောက်များစွာသောပြောင်းရွေ့များသည်ပိုမိုကောင်းမွန်လုံခြုံသောဘ၀ကိုရှာဖွေရန်ရည်ရွယ်ပြီး၊ ကုန်းတစ်တန်၊ ရေတစ် တန်အန္တာရာယ်ပြွမ်းသောခရီးများကိုကူးဖြတ်ရင်းအသက်ဆုံးရှုံးနေကြကြောင်း၊ ထိုပြောင်းရွေ့များ၏ အသက်ဆုံးရှုံးခြင်း သည်ကျွန်ုပ်တို့အား၄င်းတို့အတွက်တစ်ခုခုပြုလုပ်ရန်ဆန္ဒရှိနေပေမည်။ ၄င်းတို့သည်စွန့်ပစ်မေ့ လျော့ခံယဉ်ကျေးမူ၏ သား ကောင်များဖြစ်နေကြရသည်ဟုရဟန်း မင်းကြီးကမိန့်ကြားခဲ့သည်။

ဘာသာပြန် - ဖာသာရ်ကလဲမင့်အားတယ်

photo courtesy of AFP or Licensors

https://bit.ly/3jaMdna

Add new comment

12 + 1 =