၂၀၀၉ ခုနှစ်က ကွယ်လွန်သည့် အီတာလျံ လူငယ်လေးအား ကြည်ညိုထိုက်သူဟူ၍ ပုပ်ဖရန်စစ် ကြေငြာ

၂၀၀၉ ခုနှစ်က ကွယ်လွန်သည့် အီတာလျံ လူငယ်လေးအား ကြည်ညိုထိုက်သူဟူ၍ ပုပ်ဖရန်စစ် ကြေငြာ

၂၀၀၉ ခုနှစ်က ကွယ်လွန်သည့် အီတာလျံ လူငယ်လေးအား ကြည်ညိုထိုက်သူဟူ၍ ပုပ်ဖရန်စစ် ကြေငြာ

ပြီးခဲ့ မေ လ ၆ ရက်နေ့က ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်က ရဟန္တာအဆင့်သို့ တက်လှမ်းနေသူ အမျိုးသားအမျိုးသမီး သူတော်စင် ၅ ဉီးကို ကြေငြာခဲ့ရာမှ ၂၀၀၉ ခုနစ်က ဉီးဏှောက်အကြိတ် ကင်ဆာဖြင့် ကွယ်လွန်ခဲ့သည့် အီတလီလူငယ်လေးလည်ပါ၀င်ကာ ၄င်းကို ကြည်ညိုထိုက်သူ ဟူသည့် ရာထူး ဂုဏ်ပုဒ်အဖြစ် ကြေငြာလိုက်ပါတယ်။

ရဟန္တာအဆင့် တင်မြှောက်ရန်အတွက် စီစစ်ရေးရုံးဖြစ်သည့် ရဟန္တာတင်မြှောက်ခြင်းဆိုင်ရာ ပုပ်ရဟန်းမင်းကြီးရုံးတော်တာ၀န်ခံ ကာဒီနယ်ကြီး Cardinal Angelo နှင့် တွေ့ဆုံအပြီး အရှင်သူမြတ်က အတည်ပြုကာ ကြေငြာခဲ့ခြင်းဖြစ်ကြောင်း ရဟန္တာတင်မြှောက်ခြင်းအဆင့်ဖြစ်သည့် Canonization အဆင့်မရောက်မှီ ၅ကြိမ်မြောက် အဆင့်တက်လာခဲ့သူ ကတော့ အီတာလျံ ဆဟ်ကျော်သက်လူငယ်လေး Matteo Farina ဖြစ်ကာ ၄င်းသည် ၁၉၉၀ မှ ၂၀၀၉ အထိ အသက်ရှင်ခဲ့ကြောင်း

၄င်းသည် ဘာသာတရားကိုင်းရှိုင်းသည့်မိသားစုတွင် မွေးဖွားလာခဲ့ပြီး ၄င်း၏ သာသနာစီရင်စုတွင် ကာပူချင်း ရသေ့ရဟန်းများတာ၀န်ယူသည့် နေရာ ဖြစ်သည့်အတွက် စိန့်ဖရန်စစ် အာစီစီ နှင့် စိန့်ပါဒရေ ပီးယို တို့အား ကိုးစားသူဖြစ်ခဲ့ကြောင်း

၄င်း၏ စာသင်ကျောင်းတွင် ၊အားကစားတွင် မြူးစစ်တွင် ဘယ်နေရာမှာမဆို အသစ်သော သင်ယူမှုများကို ဇွဲထက်သန်စွာ သင်ယူလေ့ ရှိသူဖြစ်ကြောင်း အသက် ၈ နှစ်ကထဲက အာပတ်ဖြေခြင်းစက္ကမင်တူး ကို မကြာခဏခံယူလေ့ရှိကြောင်းကျမ်းစာကိုမြတ်နိုးတန်ဖိုးထား အပ်နှံသူဖြစ်ကြောင်း တရက်မှ မပျက်ပဲ နေ့စဉ် စိတ်ပုတီးစိတ်ဆုတောင်းကာ အသက်၉ နှစ် တွင် ရှင်မာတေဉီး ဧဝံဂေလိကျမ်းတစောင်လုံးကို လေ့လာသင်ယူပြီးနေပြီဖြစ်ကြောင်း Farina အသက် ၉ နှစ်အရွယ်တွင် ၄င်း၏ အိမ်မက်ထဲတွင် စိန့်ပါဒရေပီးယိုပြောပြသတိပေးခဲ့သည့် " အပြစ်ကင်းသူသည် ပျော်ရွှင်ရသူဖြစ်သည်။ ဆိုတဲ့အချက်ကို တပါးသူများသိစေရန် လက်ဆင့်ကမ်းပေးဘို့ သို့မှသာ အားလုံးအတူတကွ ပျော်ရွှင်စွာ ရွှေနိုင်ငံတော် ၀င်ရမည်ဖြစ်ကြောင်း ကို လူငယ်လေး Farina အား ပြန်လည်လက်ဆင့်ကမ်းခိုင်းခဲ့တယ်လို့ဆိုပါတယ်။

အထက်ပါအချက်ကိုကြားပြီးသည်နှင့် ထိုအချက်အပေါ်မှာ အရေးတယူထားပြီး လူငယ်များအကြားမှာ ယဉ်ကျေးပျူငှာစွာဖြင့် မိတ်ဖွဲ့ကာ သတင်းကောင်းဝေငှသူဖြစ်လာခဲ့ပြီး ၂၀၀၉ ခုနှစ် ဧပြီလ မှာကွယ်လွန်ခဲ့ပါတယ်။

သူ့ရဲ့နှလုံးသားကို အမြဲသန့်ရှင်းအောင်ထားပြီး အပြစ်မှကင်းစင်အောင်နေထိုင်သူဖြစ်ခဲ့တယ်။ သက်တူရွယ်တူတွေကြားမှာ ယုံကြည်ခြင်းအခြေမခိုင်သူများအတွက် စဉ်းစားပေးပြီး ပုံသက်သေကောင်းနဲ့ နေထိုင်အသက်ရှင်ပြခဲ့သူဖြစ်တာကြောင့် ၄င်း၏ စျာပနာတွင် လည်း မိသားစုသာမက သူငယ်ချင်းများစွာ တက်ရောက်ခဲ့တယ်လို့ဆိုပါတယ်။

ကြည်ညိုထိုက်သူဘွဲ့ကို ရရှိထားတဲ့ အီတာလျံ သက်ထွေးလူငယ်လေး Matteo Farina ဟာ ရဟန္တာအဆင့် တင်မြှောက်ရေးသို့ တက်လှမ်းနေပြီဖြစ်ကြောင်းကို CNA အရ သိရှိရပါတယ်။

စစ္စတာရ်လူစီယားသန္တာအောင်၊ SJA
Photo credit: Matteofarina.com

https://bit.ly/35F4sM8

Add new comment

4 + 6 =